ကမ္ဘာတဝှမ်းက တီထွင်မှုပေါင်းများစွာဟာ လူသားတွေကို အကျိုးပြုစေဖို့ ရည်ရွယ် တီထွင်ထားကြတာ ဖြစ်ပြီး အခုဖော်ပြပေးမှာကတော့ ထူးခြားဆန်းကြယ်ပြီး ရယ်စရာကောင်းလောက်အောင် ကြောင်တောင်တောင်နိုင်လှတဲ့ တီထွင်မှုတွေပဲ ဖြစ်ပါတယ်။
(၁) Foot Powered Bike
ဒီစက်ဘီးဟာဆိုရင် သာမန်ရိုးရိုး စက်ဘီးတွေလို ခြေနင်းတံကို အသုံးပြုပြီး စီးနင်းရတဲ့ စက်ဘီးမျိုး မဟုတ်ပါဘူး။ မိမိခြေထောက်ကို အသုံးပြုပြီး စက်ဘီးမှ ာပါဝင်တဲ့ ထိုင်ခုံပေါ်ကို ထိုင်ကာ ပြေးလွှားနေသလိုမျိုး စီးနင်းရမယ့် စက်ဘီးမျိုးပဲ ဖြစ်ပါတယ်။
(၂) Anti-Pervert Hairy Stockings
မိန်းကလေး အများစု ဝတ်ဆင်ကြတဲ့ Stocking တွေကိုမှ ရိုးရိုးတန်းတန်း မဟုတ်ဘဲ ခြေသလုံးမွှေးပုံစံ အမွှေးအမျှင်တွေနဲ့ ချုပ်လုပ် ဖန်တီးထားတဲ့ ခြေသလုံးမွှေး Stocking ကိုတော့ သဘာဝအလှ ပေါ်လွင်အောင် တီထွင်ဖန်တီးထားတယ်လို့ ဖန်တီးသူက ဆိုပါတယ်။
(၃) Shower Mic
ရေချိုးခန်းထဲမှာ ရေချိုးရင်း သီချင်းအော်ဆို တတ်သူတွေအတွက် ရည်ရွယ် ဖန်တီးထားတဲ့ Shower Mic ဟာဆိုရင် ရေချိုးတဲ့အခါ ဂျီးတွန်းဖို့အတွက် အသုံးပြုနိုင်မှာဖြစ်သလို သီချင်းဆိုမိုက် အဖြစ်လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
(၄) Head Mounted Toilet Paper Dispenser
ဒီတီထွင်မှုဟာဆိုရင် လုံးဝ အဓိပ္ပာယ် မရှိ အသုံးမဝင်ဘူးလို့တော့ ပြောလို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုရင်တော့ နှာစေးနေသူတွေအတွက်တော့ ဒီစက္ကူလိပ် ခေါင်းဆောင်းက အလွယ်တကူ သုံးစွဲနိုင်မှာဖြစ်ပါတယ်။ စက္ကူလိပ်ခေါင်းဆောင်းကို သင့်အိမ်မှာပဲ အလွယ်တကူ အသုံးပြုခြင်းက ပြဿန ာမရှိပေမယ့် အပြင်သွားတဲ့အခါမျိုးမှာဆိုရင် ရယ်စရာကောင်းနေမှာပါ။
(၅) Shoe Umbrella
ဂျပန်လူမျိုးတွေ တီထွင်ထားတဲ့ တီထွင်မှုဟာဆိုရင် ဖိနပ်တွေ ရေမစိုအောင်လို့ ရည်ရွယ်ပြီး ဖန်တီးထားပါတယ်။ မိုးရာသီမှာ အကောင်းစား ဖိနပ်တွေကို ရေမစိုချင်သူတွေအတွက်တော့ Shoe Umbrella တွေက ရယ်စရာကောင်းပေမယ့် အသုံးတည့်စေပါတယ်။
Ref: www.wonderlist.com