ဆေးဆိုးထားတဲ့ ဆံကေသာတွေဟာ သာမန် ဆံပင်တွေနဲ့ မတူဘဲ အနည်းနဲ့အများ ဆိုသလိုတော့ ခြောက်သွေ့ ပျက်စီးတတ်ကြပါတယ်။ ကိုယ်ဆိုးထားတဲ့ ဆံပင် Color လှလှလေးတွေကို အရောင်မကျွတ်စေချင်ဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းတွေက အသုံးဝင်စေမှာပါ။
(၁) ဆံပင်ဆေးဆိုးထားသူတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ Color Protecting Shampoo တွေကိုသာ အသုံးပြုခြင်းက ဆံပင် Color ကို ကြာရှည်ခံစေတဲ့အပြင် ဆံသားတွေ ခြောက်သွေ့ ပျက်စီးခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၂) ဆံပင်ရဲ့ အစိုဓာတ်ကို ပြည့်ဝစေဖို့နဲ့ ဆံသားအရောင် ပိုမိုတောက်ပစေဖို့အတွက် ခါင်းလျှော်တဲ့အခါတိုင်း Conditioner ဒါမှမဟုတ် ဆံပင်ပေါင်းဆေး စတာတွေကို မဖြစ်မနေ အသုံးပြုပေးသင့်ပါတယ်။
(၃) ခေါင်းလျှော်တဲ့အခါ ရေပူနဲ့ ခေါင်းလျှော်ခြင်းဟာ ဆံပင်မျက်နှာပြင်ပေါ်က မွှေးညှင်းငယ်ပေါက်လေးတွေကို ပွင့်စေပြီး ဆံသားအရောင်ကျွတ်ခြင်းကို ဖြစ်ပေါ်စေနိုင်တာကြောင့် ရေပူအစား ရေအေးကိုသာ အသုံးပြုပေးသင့်ပါတယ်။
(၄) ဆံပင်ဆိုးဆေးကြောင့် ခြောက်သွေ့ပျက်စီးတာမျိုးတွေ မဖြစ်ရအောင် တပတ်တခါဆိုသလို ဆံသားကို ပရိုတင်းဓာတ် ဖြည့်ပေးသင့်ပါတယ်။ ပရိုတင်းဓာတ် ဖြည့်ပေးနိုင်တဲ့ ကြက်ဥနဲ့ Mayonnaise (မရောနိစ်) တို့ကို ရောစပ်ပြီး ဆံသားကို ပေါင်းတင်ပေးခြင်းအားဖြင့် သင့်ဆံပင်အရောင်တွေကို ပိုမိုတောက်ပြောင်စေပါတယ်။
(၅) ဆံပင်အရောင် ဆိုးထားသူတွေအနေနဲ့ မကြာခဏ ဆိုသလို ခေါင်းလျှော်ခြင်းဟာ ဦးရေပြား အဆီဓာတ်ကို ခမ်းခြောက်စေပြီး ခေါင်းလျှော်ရည်မှ ာပါဝင်တဲ့ ဓာတုပစ္စည်းတွေကလည်း ဆံပင်အရောင်ကျွတ်ခြင်းကို ဖြစ်ပေါ်စေနိုင်တာကြောင့် တပတ်မှာ ၂ ကြိမ်ခန့်သာ ခေါင်းလျှော်ပေးသင့်ပါတယ်။
(၆) နေပူထဲ မကြာခဏ သွားရသူတွေအနေနဲ့ ဆံပင်သား အရောင်လွင့်တာမျိုးတွေ ဖြစ်တတ်တာကြောင့် နေပူထဲသွားတဲ့အခါ ထီးဆောင်းတာမျိုးတွေအပြင် SPF ပါဝင်တဲ့ Hairspray တွေကို ရွေးချယ်အသုံးပြုသင့်ပါတယ်။
Ref: www.stylecraze.com