တခါတလေမှာ ကိုယ့်မြို့ရွာမှာ ဖြစ်နေတဲ့ ကြောက်စရာနေရာတွေက ခရီးသွားတွေကို စွဲဆောင်စရာ တခုဖြစ်နေ တတ်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေဟာ သာမန်ထက်ပိုမို ထူးဆန်းတဲ့ နေရာတွေကို သွားရောက်စူးစမ်းလိုတာကြောင့် ဒီလို ကြောက်စရာကောင်းတဲ့ နေရာတွေကို ပျော်ရွှင်စွာ လည်ပတ်ရင်း အဖြေတွေ ရှာနေကြတာကို တွေ့ရပါတယ်။
ဒါကြောင့် ကမ္ဘာလှည့် ခရီးသွားတွေ စိတ်ဝင်စားနေတဲ့ ထူးဆန်းသော နေရာတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) အရုပ်ကျွန်း (မက္ကဆီကို)
ဒဏ္ဍာရီတွေ အရ သမီးငယ်လေး ရေနစ်သေဆုံးသွားတဲ့ နေရာမှာ ဖခင်ဟာ အရုပ်တရုပ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီလို တွေ့ရှိတဲ့ အတွက် သူက ကလေးငယ်ရဲ့ ဝိညာဉ်ဟာ အရုပ်ထဲ ဝင်ရောက်ပူးကပ်တယ်လို့ ယုံကြည်တာကြောင့် သူဟာ တွေ့သမျှ အရုပ်တိုင်းကို ကောက်ပြီး ကျွန်းပေါ်ကို ယူလာပါတော့တယ်။ ဒီလိုနဲ့ အချိန်ကြာလာတဲ့အခါ ကျွန်းတကျွန်း လုံးဟာ စိတ်ခြောက်ခြားဖွယ် အရုပ်ကျွန်းကြီး ဖြစ်လာပါတော့တယ်။
ဒီကျွန်းကို လည်ပတ်မယ်ဆိုရင် ဖခင်ဖြစ်သူရဲ့ တိုက်အပျက်မှာ ညအိပ်လို့ ရပါတယ်။ သင့်ရဲ့ ဘေးမှာ အိပ်ဖို့ အတွက်တော့ လူအရွယ် အရုပ်တရုပ် ရှိနေပါလိမ့်မယ်။
(၂) Capuchin သချုႍင်းဂူ (အီတလီ)
အီတလီနိုင်ငံမှာ ရှိတဲ့ အလောင်းတွေကို ထည့်သွင်းထားတဲ့ သချုၤႍင်းဂူဟာ ၁၈ရာစုနဲ့ ၁၉ ရာစုမှာ သေဆုံးခဲ့တဲ့ လူပေါင်း ၈၀၀၀ ကို ဂူသွင်းထားတာ ဖြစ်ပါတယ်။ နာမည်ကျော် ပြင်သစ် စာရေးဆရာတဦးက ဒီဂူထဲက ရုပ်အလောင်းတွေဟာ လှုပ်ရှားလာတော့မယ့် ပုံပေါ်ပြီး ပါးစပ်တွေဟာ စကားထပြောတော့မယ့် ပုံပေါ်တယ်လို့ ဆိုပါတယ်။
ဒီဂူကိုတော့ တနင်္ဂနွေနေ့ကလွဲလို့ နေ့တိုင်းဝင်ရောက်လည်ပတ်ခွင့်ရှိတယ်လို့ ဆိုပါတယ်။ တခါမှာတော့ အရက်သောက်လာတဲ့ ခရီးသည်တဦးဟာ ဂူထဲမှာ အိပ်ပျော်သွားခဲ့ပြီး ည သန်းခေါင်ကျော်မှာ နိုးလာတာကြောင့် အလောင်းတွေကို ကြည့်ရင်း စိတ်ချောက်ချားပြီး စိတ္တဇဆေးရုံကို ပို့ခဲ့ရတယ်လို့ ဆိုပါတယ်။
(၃) အရုပ်ရွာ (ဂျပန်)
ဂျပန်နိုင်ငံမှာ ရှိတဲ့ Nagoro ဆိုတဲ့ ရွာမှာ နေထိုင်တဲ့ အမျိုးသားတဦးဟာ ရွာသားတွေ မြို့ပေါ်ကို ပြောင်းရွေ့သွားတာ ကြောင့် အထီးကျန်တဲ့ ဝေဒနာကို ခံစားခဲ့ရပါတယ်။ ဒါကြောင့် သူဟာ ထွက်သွားသူတွေနဲ့ ပုံစံတူ အရုပ်တွေကို ပြုလုပ်ပြီး သူတို့တွေရဲ့ နေအိမ်တွေမှာ ထားရှိခဲ့ပါတယ်။
ကျောင်းပြောင်းသွားတဲ့ ဆရာတွေနဲ့ ကလေးတွေ အပါအဝင် အရုပ်ပေါင်း ၃၅၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ဒီရွာကို သွားရောက်လည်ပတ်မယ်ဆိုရင် ဆူဆူညံညံ မပြုလုပ်ရဘူးလို့ ဆိုပါတယ်။
(၄) စွန့်ပစ် စစ်ဆေးရုံ (ဂျာမနီ)
ဒီစစ်ဆေးရုံကတော့ သရဲကားတွေမှာ မကြာခဏ ပါဝင်လေ့ရှိတဲ့ ဆေးရုံတွေ အတိုင်းပါပဲ။ စွန့်ပစ်လိုက်ပြီ ဖြစ်တဲ့ ဒီဆေးရုံမှာ ဟစ်တလာ အပါအဝင် စစ်သားပေါင်း များစွာ တက်ရောက်ကုသမှု ခံယူဖူးတယ်လို့ သိရပါတယ်။ ယနေ့ခေတ်မှာတော့ အဆောက်အဦ တခုကိုသာ အသုံးပြုနေပြီး ကျန်တာတွေ အားလုံးကိုတော့ ပြုပြင်မွမ်းမံထား ခြင်းမရှိဘဲ စွန့်ပစ်ထားတယ်လို့ ဆိုပါတယ်။ သရဲဖမ်းသူတွေနဲ့ သရဲအကြောင်း စိတ်ဝင်စားသူတွေကတော့ ဘာလင်မြို့နဲ့ ၂၅ မိုင်သာ ဝေးတဲ့ ဒီဆေးရုံကို နေ့ညမရွေးလည်ပတ်နိုင်ပါတယ်။
Ref;brightside