တောင်ကိုးရီးယားက ကမ္ဘာ့ အဆင့်အမြင့်ဆုံးနိုင်ငံထဲမှာ ပါနေပေမယ့် မြောက်ကိုးရီးယားကတော့ တားမြစ်တာတွေ၊ ကန့်သတ်တာတွေနဲ့ ဖွံ့ဖြိုးဖို့ တော်တော်လိုသေးတဲ့ နိုင်ငံ တနိုင်ငံ ဖြစ်နေပါတယ်။ မြောက်ကိုးရီးယားရဲ့ ထင်ရှားတဲ့ စည်းကမ်းတွေကတော့ သတ်မှတ်ထားတဲ့ ဆံပင်ပုံစံကိုပဲ ညှပ်ခွင့်ရှိတာ၊ ခွင့်ပြုထားတဲ့ အဝတ်အစားကိုသာ ဝတ်ခွင့်ပေးတာတွေပဲ ဖြစ်ပါတယ်။
အဓိကကတော့ နိုင်ငံရေးနဲ့ ပတ်သက်လာရင် ဆွေမျိုးအရင်းကိုတောင် သတ်ဖို့ ဝန်မလေးတာပါပဲ။ ဒါတွေ အပြင် မြောက်ကိုးရီးယားနိုင်ငံသားတွေ မဖြစ်မနေ လိုက်နာရတဲ့ စည်းကမ်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) အနောက်တိုင်း အဝတ်အစား ဝတ်ခွင့် မရှိပါဘူး
မြောက်ကိုးရီးယားရဲ့ ခေါင်းဆောင် ဖြစ်တဲ့ ကင်ဂျုံအန်ဟာ မြောက်ကိုးရီးယား တနိုင်ငံလုံးကို ဂျင်းဘောင်းဘီ ဝတ်ခွင့် မပေးပါဘူး။ အကြောင်းတော့ ဂျင်းဟာ အမေရိကန် အစရှိတဲ့ အနောက်တိုင်းက နိုင်ငံတွေရဲ့ ရိုးရာဖြစ်တာကြောင့်လို့ ဆိုပါတယ်။ နယ်စပ်မှာကတည်းက ဂျင်းတင်သွင်းမှုကို ပိတ်ထားတယ်လို့ သိရပါတယ်။
(၂) ဆံပင်ပုံစံ
ခေါင်းဆောင် ကင်ဟာ မြောက်ကိုးရီးယားနိုင်ငံသားတွေကို ကန့်သတ်ထားတဲ့ ဆံပင်ပုံစံကိုသာ ညှပ်ခွင့်ပေးပါတယ်။ အမျိုးသမီးတွေအတွက် ပုံစံ ၁၈ မျိုးရှိပြီး အမျိုးသားတွေအတွက်တော့ ၁၅ မျိုးရှိတယ်လို့ သိရပါတယ်။ ခေါင်းဆောင်ကင်ရဲ့ ဆံပင်ပုံစံကတော့ ၁၅ မျိုးထဲမှာ ပါဝင်ခြင်း မရှိပါဘူး။
(၃) ဂွမ်းထုပ်နဲ့ ကွန်ဒုံး
မြောက်ကိုးရီးယားဟာ ရှေးရိုးစွဲနိုင်ငံ ဖြစ်ပါတယ်။ မြောက်ကိုးရီးယားခေါင်းဆောင် ချမှတ်ထားတဲ့ ထူးထူးဆန်းဆန်း စည်းကမ်း တခုကတော့ အမျိုးသမီးတွေ အနေနဲ့ ဂွမ်းထုပ် သုံးခွင့် မရှိတာပါ။ ရာသီလာချိန်မှာ ရှေးယခင်က အမျိုးသမီးတွေအတိုင်း အဝတ်ကိုသာ ခံရတယ်လို့ သိရပါတယ်။ ကိုယ်ဝန်တားနည်း အားလုံးကို မြောက်ကိုးရီးယားမှာ တားမြစ်ထားပါတယ်။ အဓိကကတော့ ကွန်ဒုံးပါပဲ။
(၄) ခရစ္စမတ်သစ်ပင်
မြောက်ကိုးရီးယားနိုင်ငံဟာ ဘာသာမဲ့လို့ ကြေငြာထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် ဘာသာရေးနဲ့ ပတ်သက်တဲ့ အသုံးအဆောင်တွေ ကိုင်ဆောင်ခွင့် မရှိပါဘူး။ ဘာသာရေးဆိုင်ရာ ပစ္စည်းအားလုံးကို မကိုင်ဆောင်ဖို့ တင်းကြပ်စွာ တားမြစ်ထားပါတယ်။ သူတို့မှာ ဘယ်ဘာသာရဲ့ ဘာသာရေးပွဲတော်ကိုမှ ကျင်းပခွင့် မရှိပါဘူး။
(၅) ရုပ်မြင်သံကြား
မြောက်ကိုးရီးယားနိုင်ငံမှာ အစိုးရက တရားဝင် ပြသတဲ့ ရုပ်မြင်သံကြားလိုင်း ၄ ခုက လွဲလို့ အခြား ဘယ်ရုပ်မြင်သံကြားလိုင်းကိုမှ ကြည့်ရှုခွင့် မရှိပါဘူး။ ဆင်ဆာစနစ်က အလွန်ပြင်းထန်ပြီး အစိုးရက ပြသဖို့ ခွင့်ပြုတဲ့ သီတင်းတွေကိုသာ ထုတ်လွှင့် တင်ဆက်ရပါတယ်။
(၆) တေးဂီတ ဖျော်ဖြေပွဲ
မြောက်ကိုးရီးယားမှာ ကန့်ကွက်ထားတာတွေကတော့ တကယ်ကို ထူးထူးဆန်းဆန်းတွေပါပဲ။ နိုင်ငံတကာက လာရောက်ဖျော်ဖြေတဲ့ တေးဂီတပွဲတွေကို ပြုလုပ်ခွင့် မပြုပါဘူး။ တောင်ကိုးရီးယားက K-pop အဖွဲ့ အချို့ ချစ်ကြည်ရေးအရ သွားရောက် ဖျော်ဖြေခဲ့ဖူးပေမယ့် မြောက်ကိုးရီးယားနိုင်ငံသားတွေကတော့ နှစ်သက်ပုံ မပေါ်ပါဘူး။ ဒီလို နိုင်ငံတကာက ဖျော်ဖြေရေးတွေအစား မြောက်ကိုးရီးယားနိုင်ငံတွင်း တေးဂီတအဖွဲ့တွေကိုသာ ဖျော်ဖြေခွင့်ပြုပါတယ်။
နောက်ပြီး မြောက်ကိုးရီးယားနိုင်ငံမှာ Apple Brand, Starbucks, Wi-fi, International Call တွေ အပါအဝင် နိုင်ငံခြား မဂ္ဂဇင်းဖတ်ခြင်းနဲ့ ပြိုင်ကား စတာတွေကို အသုံးပြုခွင့် ပိတ်ပင်ထားပါတယ်။ ဒါ့အပြင် ပြည်ပ ခရီးသွားခွင့်လည်း မရှိသလို နိုင်ငံကနေ ထွက်ပြေးတာကို မိခဲ့ရင်လည်း သေဒဏ်ပေးပါသေးတယ်။
Ref : brightside