အသားအရေ လှပမှုအတွက် အဓိက အရေးပါတာက ဗီတာမင်စီဖြစ်ပြီး အခုနောက်ပိုင်းအလှကုန် ပစ္စည်းတွေမှာ ဗီတာမင်စီပါဝင်တဲ့ ပစ္စည်းတွေကို ရွေးချယ် ဝယ်ယူလာကြပါတယ်။ဗီတာမင်စီကို Serum, Moisturizer တွေမှာ အများစု တွေ့ရတတ်ပါတယ်။ အခု အရေပြားအတွက် ဗီတာမင်စီရဲ့ အသုံးဝင်ပုံတွေကို ပြောပြပေးသွားပါမယ်။
(၁) ကိုလာဂျင် ထုတ်လှုပ်မှုကို တိုးပွားစေတယ်
အသက်အရွယ် ကြီးလာခြင်းနဲ့ နေရောင်တွေက ကိုလာဂျင်ထုတ်လုပ်မှုကို လျော့ကျစေပါတယ်။ ကိုလာဂျင်ထုတ်လုပ်မှု လျော့နည်းတဲ့အခါ အရေးကြောင်းနဲ့ အိုမင်းခြင်းတွေ ဖြစ်လာတတ်ပါတယ်။ ဗီတာမင်စီက ကိုလာဂျင် ထုတ်လုပ်မှုကို အားပေးတာကြောင့် အရွယ်တင် နုပျိုစေပါတယ်။
(၂) အမည်းစက်တွေကို လျော့ပါးစေတယ်
ဗီတာမင်စီက အမည်းစက် လျော့ပါးပြီး သင့်အသားအရေကို ပိုလင်းလက်စေပါတယ်။ မယ်လနင် ထုတ်လုပ်မှုကို ဟန့်တားတာကြောင့် အသားအရေ ညစ်နွမ်းမှုကိုလည်း လျော့နည်းစေပါတယ်။
(၃) ပြန်လည် ပြုပြင်ပေးတယ်
အသက်အရွယ်ရလို့ ဖြစ်လာတဲ့ အရေးကြောင်းနဲ့ နေလောင်ဒဏ်တွေကြောင့် ပျက်စီးသွားတဲ့ အရေပြားကို ဗီတာမင်စီက ပြန်လည်ပြုပြင်ပေးပါတယ်။ ဒီလို အသားအရေအတွက် ကောင်းကျိုးတွေ အများကြီးပေးတဲ့ ဗီတာမင်စီကို သုံးတော့မယ်ဆိုရင် မျက်နှာသစ်ပြီးခါစမှာ အသားထဲ စိမ့်ဝင်အောင် လိမ်းပါ။
တိုနာသုံးမယ်ဆိုရင်တော့ တိုနာကို အရင်ခြောက်အောင်ထားပြီး ဗီတာမင်စီ Serum ကို လိမ်းပါ။ လက်ချောင်းလေးတွေနဲ့ ပုတ်ပြီးမျက်နှာနဲ့ လည်ပင်းတဝိုက်ကို လိမ်းပေးပါ။ သုံးရမယ့် ပမာဏက အစက် ၃၊ ၄ စက်လောက်ချပြီး သုံးရင် ရပါပြီ။
ဗီတာမင်စီ Serum တွေကို သိမ်းထားမယ်ဆိုရင် အေးမြပြီးအလင်းရောင်နဲ့ဝေးတဲ့နေရာတွေမှာ သိမ်းပါ။ ဒါ့အပြင်မှောင်တဲ့ နေရာမျိုးတွေမှာ ပိုသိမ်းထားသင့်ပြီး လေနဲ့မထိတွေ့အောင် သတိပြုပါ။ အောက်ဆီဂျင်က ဗီတာမင်စီကို ဓာတ်ပျက်စေတာမလို့ ဘူးကို ဖွင့်ပြီးတာနဲ့ လေလုံအောင် ပြန်ပိတ်ပါ။
ဒီလိုမျိုး ဗီတာမင်စီပါတဲ့ Serum မျိုးကို သုံးမယ်ဆိုရင် ဆောင်ရန်၊ ရှောင်ရန်လေးတွေလည်းသိထားဖို့ လိုပါတယ်။ Ph level (3.5) လောက်ပါဝင်တဲ့ ဗီတာမင်စီ Serum မျိုးသာ သုံးသင့်ပါတယ်။ ဒါက စုပ်ယူမှုအားကောင်းပြီး သင့်အရေပြားအောက်ထိ ရောက်စေပါတယ်။ သင်က Sensitive Skin ရှိတယ်ဆိုရင် Ph level နည်းတာကို မသုံးသင့်ပါဘူး။
ဗီတာမင်စီ Serum တွေ Oxidized ဖြစ်မဖြစ် အရောင်နဲ့ အနံ့ကို အမြဲ စစ်ဆေးပေးသင့်ပါတယ်။ အရောင်က အဖြူသို့ အရည်ကြည်ပုံစံ ရှိပြီး စစ်ဆေးတဲ့အခါ မှောင်တဲ့ဘက်သွားနေတယ်ဆိုရင် သင့် Serum က Oxidized ဖြစ်နေပါပြီ။ ဗီတာမင်စီ Serum က အနံ့ မရှိပါဘူး။ သင်နမ်းကြည့်တဲ့အခါ ချဉ်စူးစူး အနံ့မျိုး ရနေပြီဆိုရင်တော့ မသုံးသင့်တော့ပါဘူး။
ဒါဆိုရင်တော့ ဗီတာမင်စီအကြောင်း အနည်းအကျဉ်း သိလောက်ပြီ ထင်ပါတယ်။
Ref : www.skincarebyalana.com