အလုပ်မှာ မပြောရလို့ သတ်မှတ်ထားတဲ့ သာမန်စည်းကမ်းတွေကို သိကြမှာပါ။ အလုပ်နေရာတော်တော်များများမှာ မိသားစုပြဿနာ၊နိုင်ငံရေး၊ လူမျိုးရေးစတဲ့ သွေးဆူလွယ်တဲ့ အရာတွေကို ပြောခွင့်မရှိပါဘူး။ ဒါတွေ အပြင် တကယ် အရေးကြီးပြီး လူတိုင်းနီးပါး အလွယ်ပြောဖြစ်ကြတဲ့ စကားတွေက အလုပ်အကိုင်ကို ထိခိုက်စေနိုင်တာတွေ ရှိပါတယ်။
ဒါကြောင့် အောင်မြင်တဲ့ သူတွေ အလုပ်မှာ ပြောလေ့မရှိတဲ့ စကားတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ခဏပဲ ကြာမှာပါ
ဒီစကားက လူတိုင်းနီးပါး အလုပ်မှာ ပြောကြပါတယ်။ သင့်ကို တခုခုလုပ်ဖို့ အလုပ်ရှင်က ပြောလာတဲ့ ခဏပဲ ကြာမှာပါ ဆိုတဲ့ စကားကို မပြောခင် အရင်တွေးပါ။ အဲဒီအလုပ်ဟာ တကယ် ခဏပဲ ကြာမှာ ဟုတ်ရဲ့လား။ မဟုတ်ဘူးဆိုရင် ပြတ်ပြတ်သားသား တခါတည်း ပြောထားသင့်ပါတယ်။
(၂) မလုပ်နိုင်ရင် ငြင်းပါ
တချို့အလုပ်တွေကို သင်မလုပ်နိုင်တာဟာ သင့်ရဲ့ ညံ့ဖျင်းမှုမဟုတ်ပါဘူး။ သင်တာဝန်ယူထားတဲ့ အလုပ်လွဲရင် မလုပ်နိုင်တာကို မလုပ်နိုင်ကြောင်းငြင်းဖို့ လိုပါတယ်။ ဥပမာ သင်တကယ်မကျွမ်းကျင်တဲ့ အရာတခုကို ခိုင်းလာခဲ့တယ်ဆိုရင် သင်တကယ် မလုပ်တတ်ကြောင်းကို “ဘယ်လိုမှ မလုပ်တတ်ဘူး။ အဆင်မပြေဘူး” လို့ ပြောမယ့် အစား “ ဒါကို မလုပ်တတ်လို့ သင်ပေးမယ့်သူ ရှိပါသလား” လို့ ပြောသင့်ပါတယ်။
ညဖက် ညနက်တဲ့ထိ နေမပေးနိုင်ဘူး လို့ ပြောမယ့် အစား မနက်စောစော ပြန်လုပ်ပေးပါမယ်။ အဆင်ပြေပါရဲ့လား လို့ မေးသင့်ပါတယ်။
(၃) ဒီအလုပ်ကို မုန်းတယ်
ဒါကတော့ အဆိုးဆုံးပါပဲ။ ဘယ်သူကမှ အဆိုးမြင်ဝါဒီတွေနဲ့ အလုပ်အတူတူ မလုပ်ချင်ပါဘူး။ အလုပ်မှာ အဆိုးမြင် ဝါဒီတယောက်ရှိနေတာဟာ လုပ်ငန်းတွင်း စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။ ဒီလိုတွေ ပြောမိခဲ့ရင်လည်း သင့်သူဌေးက ချက်ချင်းသိနိုင်လို့ ရှေ့ဆက် လုပ်ရမယ့် အလုပ်တွေမှာ သင့်ကို ထည့်သွင်းစဉ်းစားတာတွေ နည်းလာပြီး အလုပ်ဖြုတ်ခံရတဲ့ အထိ ဖြစ်နိုင်ပါတယ်။
(၄) သူများကို အပြစ်မတင်ပါနဲ့
သူများကို အပြစ်တင်တယ်ဆိုတာ အလုပ်မှာမှ မဟုတ်ဘူး။ ဘယ်နေရာမှာမှ မကောင်းတာပါ။ ဘယ်လောက်သေးတဲ့ ကိစ္စလေးပဲ ဖြစ်ဖြစ် သူများကို အပြစ်တင်လိုက်မိတယ်ဆိုရင် သင့်ရဲ့ ကိုယ်ပိုင် အစွမ်းအစကျစေပါတယ်။ လူတွေကလည်း အထင်မကြီးပါဘူး။
သင်က အမြဲ သူများကို အပြစ်လွှဲချတတ်သူဆိုရင် နောက်ပိုင်း ဘယ်သူကမှ သင်နဲ့ အလုပ်တူတူတွဲလုပ်ချင်မှာ မဟုတ်သလို သင့်ကိုလည်း အများက တကိုယ်ကောင်းဆန်သူလို့ သတ်မှတ်သွားပါလိမ့်မယ်။
Ref: businessthing