Trend

စိတ်ကူးအသစ်တွေနဲ့ ပျော်ရွှင်စရာ နှစ်သစ်ကို စတင်လိုက်ပါ

Want create site? Find Free WordPress Themes and plugins.

နှစ်တနှစ်ကုန်ခါနီးဆို အမြဲရောက်လာတတ်တဲ့အတွေးက နောက်နှစ်မှာဘာတွေ ပိုကောင်းအောင်ကြိုစားမလဲ။ ဖြစ်ချင်တဲ့စိတ်ကူးတွေကိုရော နှစ်သစ်မှာ အကုန်လုံးဖြစ်အောင် လုပ်နိုင်ကြမှာလား။ ပညာရှင်တွေကတော့ နှစ်သစ်မှာ ကိုယ်ဖြစ်ချင်တာတွေ အကုန်မဖြစ်ခဲ့ရင်တောင် နှစ်ကုန်ခါနီးမှာ နှစ်သစ်စိတ်ကူးဆိုတာ ထားသင့်တယ် လို့ဆိုပါတယ်။

အရင်ဆုံး ခက်ခက်ခဲခဲဆုံးဖြတ်ချက်တွေထက် ကိုယ်တကယ်လိုက်နာနိုင်မယ့် စိတ်ကူးတွေကို ရွေးပါ။ ဥပမာ – နှစ်သစ်ကစလို့ ကယ်လိုရီများတာတွေလျော့ပြီး အသီးအရွက်၊ အသီးအနှံများများစားမယ် ဆိုတာမျိုးပေါ့။ ဒီလို အလွယ်တကူလိုက်နာနိုင်တဲ့ ဆုံးဖြတ်ချက်တွေကြောင့် နောက်ထပ်နှစ်သစ်စိတ်ကူးတွေကို အကောင်အထည် ဖော်နိုင်အောင် တွန်းအားဖြစ်စေပါတယ်။

တနေ့တာအတွက် အရေးပါဆုံးက မနက်မိုးလင်းစအချိန်ပါ။ တနေကုန်ဖြတ်သန်းဖို့အတွက် စိတ်ကြည်လင်လန်း ဆန်းနေဖို့လိုပါတယ်။ ဒါကြောင့်နှစ်သစ်ကစလို့ မနက်ခင်းတိုင်းကို အကောင်းမြင်စိတ်လေးနဲ့ ဖြတ်သန်းဖို့ ဆုံး ဖြတ်ချက်ချလိုက်ပါ။

ရေခဲသေတ္တာထဲမှာ ကိုယ်စားချင်တာတွေပဲ ဝယ်စားမိနေတဲ့စိတ်ကို ထိန်းချုပ်လိုက်ပါ။ နှစ်သစ်ကစလို့ ကျန်းမာ ရေးနဲ့သင့်တော်တဲ့ အစားအသောက်တွေစားဖြစ်အောင် ချင့်ချိန်ဆုံးဖြတ်ပြီးမှ ရေခဲသေတ္တာထဲ ဝယ်သိမ်းပါ။

နှစ်သစ်စိတ်ကူးဆိုတာ စိတ်ပေါ့ပေါ့ပါးပါးနဲ့ လုပ်တဲ့အခါ ပျော်ပျော်ရွှင်ရွှင်ဖြစ်သင့်ပါတယ်။ ဒါကြောင့် သင့်ကို စိတ်ဖိစီးမှုပိုဖြစ်စေမယ့် ခက်ခက်ခဲခဲဆုံးဖြတ်ချက်ကြီးတွေချပြီး စိတ်မွန်းကြပ်အောင် မလုပ်မိပါစေနဲ့။

အားလပ်ချိန်မှာ ကိုယ်ဝါသနာပါရာလည်း လုပ်ဖို့အချိန်ချန်ထားပါ။ စိတ်ဝင်စားစရာလှုပ်ရှားမှုတွေကြောင့် စိတ် ပေါ့ပါးလန်းဆန်းစေပါတယ်။ ဂီတဝါသနာပါသူတွေအတွက် တူရိယာတမျိုးမျိုး သင်ယူဖို့ ဆုံးဖြတ်ထားသင့်ပါတယ်။ စိတ်ဖိစီးမှုတွေများလာတဲ့အခါ ကိုယ်တိုင်တီးခတ်လိုက်တဲ့ ဂီတသံစဉ်ကြောင့် စိတ်လက်ပေါ့ပါးစေပါ တယ်။

တနှစ်မှာ ကိုယ်မရောက်ဖူးတဲ့နေရာတွေဆီ အနည်းဆုံးခရီးတခေါက်တော့ ထွက်သင့်ပါတယ်။ ခရီးထွက်တာ ဟာ ပြင်ပဗဟုသုတတိုးပွားသလို မမေ့နိုင်စရာအမှတ်တရတွေလည်း ရပါတယ်။ နှစ်သစ်စိတ်ကူးထဲမှာ ခရီး ထွက်မယ့်အချက်ကို မဖြစ်မနေထည့်ပါ။

နေ့တနေ့ရဲ့ အမှတ်တရတွေကို ဒိုင်ယာရီရေးပါ။ နှစ်ကုန်သွားတဲ့အခါ တနှစ်တာပတ်လုံး အဖြစ်အပျက်တွေကို ပြန်အမှတ်ရစေပါတယ်။ ဒါ့ပြင် မနက်မိုးလင်းတဲ့အခါ တနေတာ ဘာလုပ်မယ်၊ ဘယ်လိုဖြစ်စေချင်တာကို ကြို ရေးကြည့်ပါ။ အရင်ထက်ပိုကောင်းတဲ့အတွေးတွေ၊ အပြုအမူတွေ ပိုလုပ်မိစေပါတယ်။

နှစ်သစ်အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ကတော့ အရင်နှစ်ထက်ပျော်အောင်နေမယ်ဆိုတဲ့ စိတ်ထားပါ။ ဖြစ်ပျက်ခဲ့တဲ့ အဆိုးတွေမေ့ပြီး နှစ်သစ်မှာ ပျော်စရာတွေပဲရှိလာအောင် အကောင်းဘက်ကတွေးပါ။ တယောက် တည်းနေရမယ့် အချိန်လည်း ထားသင့်ပါတယ်။

လူကျန်းမာမှ စိတ်ကျန်းမာမယ်ဆိုသလို ခန္ဓာကိုယ်ကျန်းမာစေမယ့် အစားအသောက်တွေပဲ စားနေရုံမရပါဘူး။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေလည်း ပုံမှန်ကစားပေးသင့်ပါတယ်။ ဒါကြောင့် နှစ်သစ်စိတ်ကူးထဲမှာ ကျန်း မာရေးအတွက် လေ့ကျင့်ခန်းလုပ်ရမယ့်အချိန်ကိုလည်း ထည့်ပါ။

နှစ်သစ်မှာ အသုံးမလိုတဲ့ပစ္စည်းတွေကြောင့် ငွေကြေးကုန်ကျတာတွေ စိစစ်သင့်ပါပြီ။ နှစ်သစ်ဆုံးဖြတ်ချက်တွေ မှာ ဝင်ငွေ၊ ထွက်ငွေကို ထိန်းချုပ်ရမယ့်အချက် မဖြစ်မနေထည့်ပါ။ လစဉ်ဝင်ငွေတွေကို စီမံရင်း တနှစ်တာကို အကောင်းဆုံးဖြတ်သန်းကြည့်ပါ။

Ref: Reader’s Digest

Did you find apk for android? You can find new Free Android Games and apps.
Loading