နယ်စပ်ဆိုတာ နိုင်ငံတိုင်းအတွက် အရေးပါတဲ့ နေရာတခုဖြစ်ပါတယ်။ နိုင်ငံတခု ဖွဲ့စည်းတည်ဆောက်တော့မယ်ဆိုတာနဲ့ တိကျတဲ့ နယ်နိမိတ် အပိုင်းအခြား ရှိရမယ် ဆိုတဲ့ ဥပဒေလည်း ရှိနေတာကြောင့် နယ်စပ်တွေ ပေါ်လာရတာပါ။
ဒါပေမယ့် ထူးထူးခြားခြား လျှို့ဝှက်စွာ တည်ရှိနေတဲ့ နယ်ခြား စည်းမျဉ်းတွေက သင့်ကို အံ့အားသင်စေမှာ သေချာပါတယ်။
(၁) San Marino
San Marino ပြည်ထောင်စုဟာ ကမ္ဘာ့အသေးဆုံး နိုင်ငံတွေထဲက ၅ ခုမြောက် အသေးဆုံး နိုင်ငံဖြစ်ပြီး ဥရောပမှာ ဆိုရင်တော့ တတိယ အသေးဆုံးနိုင်ငံဖြစ်ပါတယ်။ နိုင်ငံပတ်ပတ်လည်ကို အီတလီနိုင်ငံက ဝန်းရံထားပြီး ရှေးအကျဆုံး ပြည်ထောင်စု နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ တောင်တန်းတွေပေါ်မှာ တည်ဆောက်ထားတဲ့ ဒီနိုင်ငံမှာ ရှေးကျတဲ့ အဆောက်အဦတွေနဲ့ ဥရောပဆန်ဆန် လမ်းတွေကို တွေ့မြင်နိုင်ပါတယ်။
(၂) Melilla and Ceuta
Melilla and Ceuta ကတော့ စပိန်မြို့ ၂ မြို့ ဖြစ်ပြီး Morocco နဲ့ ကပ်လျက် မြောက်အာဖရိကကို ခြားထားတဲ့ မြို့လည်း ဖြစ်ပါတယ်။ ဒီ နှစ်မြို့က စစ်တပ်မြို့တွေ ဖြစ်ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေး ထွန်းကားရာမြို့တွေလည်း ဖြစ်ပါတယ်။ အခု အချိန်မှာတော့ အခွန်လွတ် ဈေးဝယ်တာတွေကို ပြုလုပ်နိုင်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ရရှိနေပြီ ဖြစ်ပါတယ်။
ဒီမြို့တွေမှာ အာဖရိကနဲ့ စပိန်ရဲ့ ရောယှက်နေတဲ့ ရိုးရာဓလေ့၊ အစားအသောက်၊ ဘာသာစကားတွေကို သုံးစွဲနေကြတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
(၃) Campione d’Italia
အီတလီနိုင်ငံရဲ့ မြို့ငယ်တခုဖြစ်တဲ့ Campione d’Italia ကတော့ ဆွစ်ဇာလန်နယ်စပ်မှာ တည်ရှိနေတာ ဖြစ်ပါတယ်။ ဒီမြို့ရဲ့ နံဘေးမှာ ဆွစ်ဇာလန်နိုင်ငံ တည်ရှိနေတာကြောင် အီတလီငွေကြေးရောဆွစ်ဇာလန် ငွေကြေးကိုပါသုံးနိုင်ပါတယ်။ ရဲတွေရဲ့ အကူအညီလိုရင်လည်း နှစ်နိုင်ငံလုံးက ရဲတွေကို ခေါ်နိုင်ပြီး စာပို့မယ်ဆိုရင် နိုင်ငံ နှစ်ခုလုံးရဲ့ စာပို့ကုဒ်တွေကို အသုံးပြုနိုင်ပါတယ်။ အခွန်လွတ် ဈေးဝယ်ခြင်းတွေ ပြုလုပ်နိုင်ပြီး လောင်းကစားကို ကြိုက်နှစ်သက်သူတွေ အတွက် ဆိုရင် နှစ်နိုင်ငံလုံးရဲ့ ဥပဒေတွေထက် ပိုပြီး ဖြေလျော့မှုတွေ ရှိတယ်လို့ သိရပါတယ်။
(၄) Baarle-Hertog and Baarle-Nassau
Baarle-Hertog နဲ့ Baarle-Nassau ကတော့ ဘယ်လဂျီယံနဲ့ နယ်သာလန် နိုင်ငံ နှစ်ခုရဲ့ နယ်စပ်မျဉ်းမှာ တည်ရှိနေတဲ့ ကြားခံမြို့တမြို့ဖြစ်ပါတယ်။ အဆောက်အဦအားလုံးရဲ့ကို နယ်ခြားစည်းက ဖြတ်သွားတာကြောင့် တိုက်တိုင်းရဲ့ တဖက်အခြမ်းက နယ်သာလန်ဖြစ်နေပြီး နောက်တဖက်က ဘယ်ဂျီယံ ဖြစ်နေပါတယ်။
(၅) Dahala Khagrabari
Dahala Khagrabari ကတော့ ၂၀၁၅ ခုနှစ်အထိ နယ်စပ် ပြဿနာ ကြီးကြီးမားမားတက်ခဲ့တဲ့ နေရာဖြစ်ပါတယ်။ ဒီပြဿနာကိုအခုတော့ ဖြေရှင်းနိုင်ခဲ့ပါပြီ။ Dahala Khagrabari ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းမှာ တည်ရှိနေတဲ့ အိန္ဒိယပိုင် နယ်မြေ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်အပိုင် နယ်မြေတွေ အိန္ဒိယမှာ ရှိနေပြီး အိန္ဒိယပိုင် နယ်မြေတွေဟာလည်း ဘင်္ဂလားဒေ့ရှ်ထဲမှာ ရှိနေပါတယ်။ အပြန်အလှန် အလျော့ မပေးဘဲ နယ်မြေလုနေဆဲ ဖြစ်တာကြောင့် ဒီပြဿနာကို ဖြေရှင်းရခက်လာတာ ဖြစ်ပါတယ်။ အခုတော့ ဒီနိုင်ငံကြားမှာ သဘောတူ လက်မှတ်တွေ ထိုးထားပြီး နားလည်မှုတွေနဲ့ နေထိုင်နေတယ်လို့ သိရပါတယ်။
Ref;border