မကြာခင် နှစ်တနှစ်ကို ကူးပြောင်းတဲ့ နှစ်ကူးပွဲတော် လာပါတော့မယ်။ လူမျိုး တမျိုးနဲ့တမျိုး မတူညီကြပေမယ့် ခရစ်သက္ကရာဇ်ဟာ တကမ္ဘာလုံး တရားဝင် သုံးကြတဲ့ သက္ကရာဇ်ဖြစ်တာကြောင့် နှစ်ကူးပွဲတော်ကို အားလုံး စိတ်လှုပ်ရှားကြတာ အဆန်း မဟုတ်ပါဘူး။
ဒါကြောင့် New Year မရောက်ခင် နယူးရီးယားအကြောင်း သိကောင်းစရာ အနည်းငယ်ကို မျှဝေပေးချင်ပါတယ်။
(၁) နိုင်ငံအနှံ့မှ စားသောက်ပုံများ
အမေရိကန် တနိုင်ငံတည်းမှာပဲ နယူးရီးယား တညစာ အရက် သောက်နှုန်းဟာ ခွက်ပေါင်း ၃၆၀ မီလီယံကျော် ရှိတယ်လို့ သိရပါတယ်။ ဒါဟာ စပါကလင်ဝိုင် တခုတည်း သောက်တာကို ရေတွက်ထားတာ ဖြစ်ပြီး အခြားအရက်တွေကိုတော့ ထည့်သွင်း ရေတွက်ထားခြင်း မရှိပါဘူး။
နယူးရီးယားမှာ အမေရိကန်၊ ဂျာမနီ၊ အိုင်ယာလန်နဲ့ အီတလီ နိုင်ငံတွေမှာ အစိမ်းရောင်ပါတဲ့အရွက်တွေကို စားသောက်ကြပြီး ဒီလို စားတာဟာ နှစ်သစ်မှာ ကံကောင်းခြင်းတွေနဲ့ ငွေကြေး အဆင်ပြေအောင် ဖြစ်တယ်လို့ ဆိုပါတယ်။
ဝက်သားကိုတော့ တိုးတက်အောင်မြင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျူးဘာ၊ သြစတေးလျနဲ့ ပါရာဂွေးနိုင်ငံတို့က စားသုံးကြပါတယ်။ ဂျပန်နိုင်ငံမှာတော့ ခေါက်ဆွဲ အရှည်ကြီးကို အသက်ရှည်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စားသုံးပြီး ဂရိ၊ မက္ကဆီကိုနဲ့ နယ်သာလန်နိုင်ငံတွေမှာတော့ လက်စွပ်ပုံ ဒိုးနပ်ကို စားသုံးကြပါတယ်။ ဒီလို စားသုံးခြင်းဟာ တနှစ်ပတ်လုံး ကံကောင်းအောင် ဖြစ်တယ်လို့ သိရပါတယ်။
(၂) နှစ်ကူး အနမ်း
“Happy New Year” လို့ အားလုံး သံပြိုင်အော်ချိန်မှာ အနမ်းတွေ ပေးကြတာကို ရုပ်ရှင်တွေမှာ မြင်ဖူးကြမှာပါ။ နိုင်ငံတော်တော်များများမှာ နယူရီးယားကို စောင့်တဲ့အချိန် စုပြီး စောင့်လေ့ရှိပါတယ်။ ဒီအချိန်မှာ အတွဲရှိသူတွေကတော့ ကိုယ့်အတွဲကို နမ်းကြပေမယ့် Single တွေကိုလည်း နောက်နှစ်ကူးချိန်မှာ အထီးကျန်ခြင်းတွေ မရှိအောင် ဆိုပြီး နမ်းပေးသူတွေ ရှိကြပါတယ်။
ဒီလို နမ်းတဲ့ အချိန်မှာ လိင်ပိုင်းဆိုင်ရာ စိတ်ကင်းရှင်းစွာနဲ့ နမ်းပေးလေ့ရှိတယ်လို့လည်း သိရပါတယ်။ ဒီလို နမ်းခြင်းကို ရောမတွေကို စတင်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
(၃) လက်ဆောင်ပေးခြင်း
နယူးရီးယားမှာ အချင်းချင်း လက်ဆောင်ပေးကြတာကလည်း ရိုးရာတခုပဲ ဖြစ်ပါတယ်။ စကော့တလန်မှာတော့ လက်ဆောင်ကဒ်တွေမှာ “နယူးရီးယားမှာ ပျော်ရွှင်ပါစေ။ တနှစ်ပတ်လုံး ငွေမပြတ်ပါစေနဲ့။ ဘီယာအမြဲ သောက်နိုင်ပါစေ ” ဆိုပြီး ရေးထားတာကို လက်ဆောင်ပေးလေ့ ရှိပါတယ်။
အပေါ်မှာ ဖော်ပြခဲ့တဲ့ စားစရာတွေကို လက်ဆောင်အနေနဲ့ ပေးလေ့ရှိပြီး ဝိုင်၊ ရှန်ပိန် စတာတွေကိုလည်း ကံကောင်းစေဖို့ ရည်ရွယ်ချက်နဲ့ ပေးကြပါသေးတယ်။
(၄) ဆင်နွှဲပုံများ
နိုင်ငံအသီးသီးမှာ နယူးရီးယားဆင်နွှဲပုံတွေ မတူညီကြပါဘူး။ ဂျပန်တွေဟာ နှစ်ကူးချိန်မှာ ခေါင်းလောင်းကို ၁၀၈ ချက်တီးကြပြီး ဒီလိုခေါင်းလောင်းတီးတာဟာ သန့်ရှင်းစင်ကြယ်ခြင်းကို ယူဆောင်လာတယ်လို့ ယုံကြည်ကြပါတယ်။
ရိုမေးနီးယားနိုင်ငံမှာတော့ နှစ်ကူးချိန်မှာ အကြွေစေ့ကို မြစ်ထဲမျောတာက ကံကောင်းခြင်းကို ဖြစ်စေပါတယ်။ Puerto rico နိုင်ငံမှာ ပြတင်းပေါက်တွေက တဆင့် ရေထည့်ထားတဲ့ ခွက်တွေကို လွှင့်ပစ်ပြီး နတ်ဆိုးတွေကို မောင်းထုတ်ကြပါတယ်။ ပြင်သစ်နိုင်ငံမှာတော့ နယူးရီးယားကပြီး တနှစ်လုံး ကံကောင်းဖို့ အတွက် ပန်ကိတ်ကို နယူးရီးယားစားစရာ အဖြစ် စားသောက်ကြပါတယ်။
(၅) ထူးဆန်းတဲ့ ဓလေ့များ
ကိုလံဘီယာနိုင်ငံသားတွေဟာ ၃၁ ရက်နေ့မှာ တနေကုန် ဘယ်သွားသွား ခရီးဆောင်အိတ်ကို သယ်သွားကြတယ်လို့ သိရပါတယ်။ ဒီလို သယ်သွားခြင်းကြောင့် တနှစ်ပတ်လုံး ခရီးသွားရစေမယ်လို့ ယုံကြည်ပါတယ်။ ဒိန်းမတ်မှာတော့ နယူးရီးယားပွဲတော်မှာ ကံကောင်းစေဖို့ အမြင့်ကြီးကို ခုန်ကြပါတယ်။
အခုပြောတဲ့ နယူးရီးယားဆိုတဲ့ နေရာမှာ ဒီဇင်ဘာ ၃၁ ရက်နေ့ ကိုသာ ဆိုလိုတာ မဟုတ်ပါဘူး။ နိုင်ငံတခုနဲ့ တခု နယူးရီးယား ပြုလုပ်တဲ့ ရက်တွေ ကွာခြားပါတယ်။ ဥပမာ မြန်မာပြည်ရဲ့ နယူးရီးယားက တန်ခူးလဖြစ်ပြီး မြန်မာလူမျိုးတွေက ရေဖြန်းပက်ပြီး ကံကောင်းခြင်းတွေကို ပြည့်ဝတဲ့ နှစ်သစ်ကို ကြိုဆိုလေ့ရှိကြပါတယ်။
Ref ; newyearstheme