ကမ္ဘာပေါ်က နိုင်ငံအနှံ့အပြားမှာ နေ့နဲ့ ညရဲ့ စံတော်ချိန်တွေဟာ မတူညီပေမယ့် နိုင်ငံတော်တော်များများမှာတော့ နေနဲ့ ညကို ခွဲခြားသိမြင်နိုင်ပါတယ်။ ဒါပေမဲ့ အခုဖော်ပြပေးမယ့်နိုင်ငံတွေကတော့ နေ့အလင်းရောင်ကို အခြားနိုင်ငံတွေထက် အချိန်ပေါင်းများစွာ ရရှိတဲ့ နိုင်ငံတွေပဲ ဖြစ်ပါတယ်။
(၁) Norway
Norway နိုင်ငံဟာ အာတိတ်စက်ဝိုင်းအတွင်းမှာ တည်ရှိတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး မေလကနေ ဇူလိုင်လ နှောင်းပိုင်းအထိ ၇၆ ရက်ခန့် နေမဝင်တဲ့ နိုင်ငံတနိုင်ငံလည်းဖြစ်ပါတယ်။ နေ့အလင်းရောင်ဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ နာရီ ၂၀ တိတိ ကြာမြင့်ပြီး ဥရောပရဲ့ မြောက်ဘက် အကျဆုံးဖြစ်တဲ့ Norway နိုင်ငံ Svalbard မြို့ဟာဆိုရင်တော့ ဧပြီလ ၁၀ရက်နေ့ကနေ သြဂုတ်လ ၂၃ ရက်နေ့အထိ ၂၄ နာရီကာလပတ်လုံး နေ့အလင်းရောင်ကို ရရှိတဲ့ မြို့တမြို့လည်း ဖြစ်ပါတယ်။
(၂) Iceland
ဗြိတိန်နိုင်ငံပြီးတာနဲ့ ဥရောပရဲ့ အကြီးမားဆုံး ကျွန်းစုနိုင်ငံတနိုင်ငံဖြစ်တဲ့ Iceland ဟာဆိုရင် မေလ ၁၀ ရက်နေ့ကနေ ဇူလိုင်လ အထိ နေ့အလင်းရောင်ကို အချိန်ပြည့်ရရှိတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။ နေ့အလင်းရောင်ကို အချိန်ပြည့်ရရှိတဲ့ Iceland နိုင်ငံမှာတော့ သွားရောက် လည်ပတ်သူတွေအနေနဲ့ တောင်တက်ခြင်း၊ သဘာဝပတ်ဝန်းကျင် စူးစမ်းလေ့လာခြင်း၊ စက်ဘီးစီးခြင်းနဲ့ အမျိုးသားပန်းဥယျာဉ်တို့ကို သွားရောက် လည်ပတ်ခြင်း စတာတွေကို လုပ်ဆောင်နိုင်ပါတယ်။
(၃) Canada
ကမ္ဘာ့အကြီးဆုံးနိုင်ငံတွေထဲမှာ ဒုတိယအကြီးမားဆုံး နိုင်ငံတနိုင်ငံဖြစ်ပြီး တနိုင်ငံလုံးဟာ နှင်းတွေနဲ့ ပြည့်နှက်နေပါတယ်။ နိုင်ငံရဲ့ Inuvik လို မြို့မျိုးမှာတော့ နွေရာသီတိုင်း နေ့အလင်းရောင်ကို ရက် ၅၀ တိတိ တွေ့မြင်ရမှာဖြစ်ပြီး တောင်တက်ခြင်း၊ သမိုင်းဝင်အဆောက်အဦတွေ လေ့လာခြင်းနဲ့ Aurora အလင်းတန်းများ ကြည့်ရှုခြင်းတို့ကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
(၄) Alaska
မေလနှောင်းပိုင်းကနေစပြီး ဇူလိုင်လအထိ နေ့အလင်းရောင်ရရှိတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ဆောင်းရာသီရဲ့ ပြင်းထန်လှတဲ့ အအေးဒဏ်ကြားမှာတော့ Alaska ဟာ အမှောင်ထဲမှာတောင် လှပတဲ့ နိုင်ငံတနိုင်ငံဖြစ်တဲ့အပြင် ရေခဲမြစ်တွေနဲ့ နှင်းမြူတွေ ဖုံးအုပ်နေတဲ့ တောင်တန်းတွေကြောင့် လူသိများထင်ရှားတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။
Ref: m.idiva.com