ဘာလိုလိုနဲ့ ၂၀၁၈ ခုနှစ် ကုန်ဆုံးပါတော့မယ်။ ကုန်ဆုံးသွားတဲ့ နှစ်တနှစ်နဲ့ အတူ သင့်စိတ် ပိုမို ရင့်ကျက်စေဖို့ စိတ်ပိုင်းဆိုင်ရာ အကြံပေးချက် ၈ ခုနဲ့ အကြံပြုလိုက်ပါတယ်။
(၁) ကိုယ့်ကိုယ်ကိုယ် ယုံပါ
၂၀၁၈ ခုနှစ်မှာ အခက်အခဲမျိုးစုံကို ကြုံတွေ့ခဲ့တာကြောင့် စိတ်ပျက်နေပြီလား။ သင်ဟာ အရင်ကထက်ပိုပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်သင့်ပါတယ်။ ဖြစ်လာတဲ့ ပြဿနာတွေကို မတူတဲ့ ရှုထောင့်ကနေကြည့်ပြီး သင်ဖြေရှင်းနိုင်တယ်ဆိုတာ ယုံကြည်ပါ။ စိတ်ရှည်ရှည်နဲ့သာ ဖြေရှင်းကြည့်မယ်ဆိုရင် သင်မတတ်နိုင်တာ ဘာတခုမှ ရှိမှာ မဟုတ်ပါဘူး။
(၂) ပျော်ပျော်နေပါ
နေ့ရက် တရက်ချင်းစီတိုင်းမှာ ပြုံးဖို့မမေ့ပါနဲ့။ အခက်အခဲတွေကြားမှာ သင်ဟာပြုံးနေနိုင်အောင်လုပ်ပါ။ ဒုက္ခတွေက တချိန်မှာ သင့်ဘဝအတွက် အဖိုးတန်တဲ့ သင်ခန်းစာတွေ ရရှိနိုင်တဲ့အတွက် သင့်ရဲ့ပျော်ရွှင်မှုအချိန်တွေ ကုန်ဆုံးမသွားပါစေနဲ့။
(၃) စွန့်စားပါ
သင့်ဘဝမှာ ဘာတွေလုပ်ဖို့ လိုအပ်နေသလဲ။ သင်ရောက်ရှိနေတဲ့ Comfort Zone ထဲက ရုန်းထွက်ကြည့်ဖို့ စဉ်းစားထား ပြီးပြီလား။ သင်မလုပ်ရဲဘူးလို့ တွေးထားတဲ့အရာတွေ စာရင်းပြုစုပါ။ ဒီအရာတွေထဲက သင့်ကိုပိုသန်မာလာစေဖို့ တွန်းအားပေးနိုင်တဲ့အရာတွေကို စမ်းကြည့်ပါ။
(၄) ဒီနေ့လုပ်တဲ့အရာတွေက အနာဂတ်က သင့်ကိုပုံဖော်နိုင်တယ်ဆိုတာကို မမေ့ပါနဲ့
သင်ဒီနေ့မှာ ကောင်းတာပဲလုပ်လုပ် ဆိုးတာပဲလုပ်လုပ် တချိန်မှာ သင်လုပ်ခဲ့တဲ့အရာတွေ ရဲ့ကောင်းကျိုး ဆိုးကျိုးကို ခံစားရမယ်ဆိုတာ မမေ့လိုက်ပါနဲ့။
(၅) ပြောတဲ့အတိုင်းလုပ်ပါ
တယောက်ယောက်ကို စကားတခုပြောပြီးပြီဆိုရင် ပြောတဲ့အတိုင်းဖြစ်အောင် လုပ်တတ်သလား သင့်ကိုယ်သင် ပြန်လည်ဆန်းစစ်ပါ။ စကားနဲ့ပဲပြောပြီး မလုပ်ဆောင်ဘူးဆိုရင် သင်ဟာအရင်တုန်းကနဲ့ အတူတူပဲဖြစ်နေပါလိမ့်မယ်။
(၅) လေ့ကျင့်ပါ
သင်ဟာအောင်မြင်ဖို့ ဆန္ဒပြင်းပြနေတယ်ဆိုရင် ဘယ်လိုအရည်အချင်းတွေ တိုးတက်အောင်လုပ်သင့်သလဲ စဉ်းစားပါ။ နေ့တိုင်းလေ့ကျင့်မယ်ဆိုရင် သင်ဟာသူများထက်သာတဲ့အရည်အချင်းကို ပိုင်ဆိုင်ပါလိမ့်မယ်။
(၆) သူငယ်ချင်းကောင်းတယောက် ဖြစ်ပါစေ
သင့်မှာ ခင်မင်ရင်းနှီးရတဲ့ သူငယ်ချင်း ဘယ်လောက်ပိုင်ဆိုင်ထားပြီးပြီလဲ။ သင်က သူငယ်ချင်းတွေအပေါ်မှာကော တကယ်ကောင်းခဲ့ရဲ့လားဆိုတာမျိုး ပြန်သုံးသပ်သင့်ပါတယ်။ သင်လိုချင်တဲ့ သူငယ်ချင်းပုံစံကို သင်ကိုယ်တိုင်က ပြုမူကြည့်မယ်ဆိုရင် သင့်အတွက် သူငယ်ချင်းအစစ်တွေ ပေါလာပါလိမ့်မယ်။
(၇) ကောင်းတဲ့အရာတွေကို အလေ့အကျင့်လုပ်ပါ
အလေ့အကျင့်ဆိုတာက မွေးမြူလို့ရတဲ့ အရာတခုဖြစ်တာကြောင့် ကောင်းမွန်တဲ့အရာတွေကို ထပ်ကာထပ်ကာ လုပ်ပါ။ ဥပမာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာ စားသုံးခြင်းနဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့ အရာတွေကို အလေ့အကျင့်အဖြစ် မွေးမြူသင့်ပါတယ်။
(၈) ပစ္စုပ္ပန်မှာ နေထိုင်ပါ
အနာဂတ်ကို စိတ်လောပြီး ပုံဖော်တာမျိုးတွေ မလုပ်ပါနဲ့။ လက်ရှိ ရောက်နေတဲ့ နေရာမှာပဲ အကောင်းမွန်ဆုံး လုပ်ဆောင်ပြီး ပျော်ရွှင်အောင်နေပါ။ သင်ဟာ ခရီးအဆုံးကို မြန်မြန်ရောက်ချင်စိတ်စောနေတာကြောင့် လမ်းမှာတွေ့တဲ့ အရာတွေကို လျစ်လျူရှုမိတတ်ပါတယ်။
Ref : www.medium.com