လူတွေနဲ့ နီးနီးကပ်ကပ်ရှိလှပြီး ယဉ်ပါးလွယ်တာကြောင့် အများဆုံးမွေးမြူလေ့ရှိကြတဲ့ ကြောင်လေးတွေမှာလည်း သူတို့မကြိုက်တဲ့ အပြုအမူလေးတွေ ရှိပါတယ်။ ကိုယ်က ကောင်းစေချင်လို့ လုပ်ပေးပေမယ့် ဘယ်လိုအပြုအမူတွေက ကြောင်လေးတွေကို စိတ်ညစ်စေလဲဆိုတာကို ကြောင်ချစ်သူတွေအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
(၁) သူစိမ်းတွေလက်ထဲ အတင်းထည့်ပေးတာ
အိမ်ကို ဧည့်သည်တွေလာတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေလာတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် ကြောင်လေးတွေကို အတင်းလက်ထဲ ထည့်ပေးတာကို သူတို့က မကြိုက်ကြပါဘူး။ လူတွေနဲ့ ယဉ်ပါးလွယ်တဲ့ တချို့ကြောင်လေးတွေက သူစိမ်းတွေနဲ့ ပူးပူးကပ်ကပ် နေရတာကြိုက်ပေမယ့် ကြောင်အများစုကတော့ လူစိမ်းတွေဆို မကြိုက်တတ်ကြပါဘူး။
(၂) ကားစီးတာ
အိမ်မွေးခွေးလေးတွေက ကားစီးတဲ့အခါ ပြတင်းပေါက်ကနေ ခေါင်းလေးထုတ်ပြီး ကားစီးရတာကို ကြိုက်ကြပေမယ့် ကြောင်လေးတွေ အများစုကတော့ ကားစီးရတာကို မကြိုက်ကြပါဘူး။
(၃) အမြီးကိုင်တာနဲ့ ဗိုက်ပွတ်တာ
ကြောင်လေးတွေအများစုဟာ သူတို့ရဲ့အမြီးကိုကိုင်တာ၊ လိုက်ဆွဲတာမျိုးနဲ့ ဗိုက်ကို ပွတ်သပ်ပေးတာမျိုးကို ကြိုက်လေ့ မရှိကြပါဘူး။ အဲဒီလို အပြုအမူတွေ ပြုလုပ်တဲ့အခါ ထသွားတာမျိုးတွေနဲ့ လက်ကို လှမ်းကုပ်တာမျိုးတွေ ပြုလုပ်လေ့ ရှိကြပါတယ်။
(၄) လက်သည်းညှပ်တာ
တချို့ကြောင်ပိုင်ရှင်တွေဟာ ကြောင်လေးတွေရဲ့လက်သည်းရန်ကနေ လွတ်အောင် လည်သည်းတွေကို ညှပ်ပေးလေ့ ရှိကြပါတယ်။ လက်သည်းတွေဆိုတာဟာ ကြောင်လေးတွေအတွက်တော့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အကောင်းဆုံးလက်နက်ဖြစ်တာကြောင့် မကြာခဏဆိုသလို ညှပ်မပေးသင့်ပါဘူး။
(၅) ရေချိုးပေးတာ
အလုပ်မရှိ ကြောင်ရေချိုး ဆိုသလိုပဲ ကြောင်လေးတွေကို ရေချိုးပေးတာဟာ တကယ်တော့ မလိုအပ်တဲ့ အလုပ်တခုပဲဖြစ်ပါတယ်။ ကြောင်တွေဟာ သူတို့ ကိုယ်သူတို့ သန့်ရှင်းအောင် အမြဲပြုလုပ်တတ်ကြတာကြောင့် ရေချိုးပေးဖို့ မလိုအပ်သလို သူတို့ကိုယ်တိုင်လည်း ရေချိုးရမှာကို ကြောက်လန့်တတ်ကြပါတယ်။
Ref : www.rd.com