လှေကားတွေက လူတိုင်းနေ့စဉ်တွေ့နေရတဲ့ အရာတွေ ဖြစ်ပါတယ်။ အမြင့်ကြောက်သူတွေကတော့ အိမ်က လှေကားကိုတောင် ကြောက်နေတတ်ပါတယ်။ ဒီတခါ ဖော်ပြမယ့် လှေကားတွေကတော့ သင်အမြင့်ကြောက်တတ်သည် ဖြစ်စေ၊ မကြောက်တတ်ဘူးဖြစ်စေ ရင်တလှပ်လှပ် ဖြစ်စေမယ့် လှေကားတွေပါပဲ။
(၁) Kalavantin Durg fort လှေကား (အိန္ဒိယ)
မွမ်ဘိုင်းမြို့နားမှာ ရှိတဲ့ Kalavantin Durg ခံတပ်ရှိတဲ့ လှေကားကတော့ တော်တော် အသည်းချမ်းစရာပါပဲ။ ခံတပ်က သဘာဝလှိုဏ်ဂူဖြစ်နေပြီး လှေကားတွေကတော့ တဆင့်ကနေ နောက်တဆင့်ကို မြင်ရဖို့တောင် ခက်ခဲပါတယ်။ ဒီလှေကားတွေ အားလုံးတက်ဖို့ိကို သုံးနာရီ ကြာမြင့်တယ်လို့လည်း သိရပါတယ်။ ပြန်ဆင်းမယ်ဆိုရင်တော့ မြူတွေ ဖုံးလွှမ်းနေတဲ့ လှေကားတွေက တဆင့် ဆင်းရမှာဖြစ်လို့ အချိန်ပိုကြာနိုင်တယ်လို့လည်း သိရပါတယ်။
စွန့်စားရတာကို ကြိုက်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် ကတော့ အကြိုက်တွေ့မယ့် နေရာ တခုပါပဲ။
(၂) A zipped rock (ကိုလံဘီယာ)
ကိုလံဘီယာမှာ ရှိတဲ့ El Peñón de Guatapé လို့ခေါ်တဲ့ ကျောက်တုံးကို တက်ဖို့ ပြုလုပ်ထားတဲ့ လှေကားဖြစ်ပါတယ်။ ကမ္ဘာအနှံ့က ခရီးသွားတွေဟာ ကျောက်တုံးကို လေ့လာဖို့၊ လှေကားကို တက်ချင်လို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ လာရောက်လည်ပတ်ကြပြီး တချို့ကတော့ ဇွန်ဘီတွေကြောင့် ကမ္ဘာပျက်ကိန်းကြုံလာရင် ထွက်ပြေးဖို့ အဆင်ပြေမယ့် နေရာလို့ မှတ်ယူထားကြပါတယ်။
(၃) Haʻikū (ဟာဝိုင်အီ)
ဟာဝိုင်အီမှာ ရှိတဲ့ Haʻikū လှေကားကတော့ တားမြစ်ပိတ်ပင်ထားတဲ့ လှေကားတခုဖြစ်ပါတယ်။ ဒါပေမယ့် စွန့်စားခရီးသွားသူတွေ အကြိုက်တွေ့ပြီး နှစ်တိုင်း တက်နေကြတာကိုလည်း တွေ့မြင်ရပါတယ်။ အစိုးရကတော့ ဒီလှေကားကို တက်မယ်ဆိုရင် ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားမှသာ တက်ဖို့ တိုက်တွန်းထားပါတယ်။
(၄) King’s Pathway
ဂူဖြတ်လမ်းတခုကို စပိန်နိုင်ငံက El Caminito del Rey တောင်မှာ ၂၀ရာစုနှစ်က တည်ဆောက်ခဲ့ပါတယ်။ ဘုရင် Alfonso XIII ရဲ့ လက်ထက်မှာ တည်ဆောက်ခဲ့ပါတယ်။
ဆောက်လုပ်ရတဲ့ အင်ဂျင်နီယာတွေက ကောင်းမွန်တဲ့ ပစ္စည်းတွေကို အသုံးမပြုဘဲ ဆောက်လုပ်ခဲ့တာကြောင့် ၂၀၀၀ ပြည့်နှစ်မှာ ခရီးသွားတွေ အစုလိုက် သေဆုံးမှုတွေ ဖြစ်ပွားခဲ့ပြီး လည်ပတ်ခွင့်ကို ပိတ်ခဲ့တယ်လို့ သိရပါတယ်။
ဒီလို ပိတ်ထားပေမယ့် တချို့ခရီးသွားတွေဟာ ခိုးဝင်တာတွေ ပြုလုပ်လေ့ရှိတာကြောင့် ဒဏ်ငွေ ယူရို ၆၀၀၀ ကောက်ခံပေမယ့် အကျိုးမထူးခဲ့ပါဘူး။ ၂၀၁၅ခုနှစ် နွေရာသီမှာတော့ အစိုးရက အဲ့ဒီ ဂူဖြတ် လှေကားကို ပြုပြင်ပြီး ပြည်သူတွေကို လည်ပတ်ခွင့် ပြန်လည်ပေးခဲ့ပါတယ်။
Ref;travel