Trend

ထူးချွန်တဲ့ အမျိုးသမီးတွေ ဘာကြောင့် Single ဖြစ်နေတာလဲ

Want create site? Find Free WordPress Themes and plugins.

သင်ရဲ့ လှပချောမောတဲ့ သူငယ်ချင်း ဘာကြောင့် အခုထိ Single ဖြစ်နေလဲ ဆိုပြီး မေးဖူးပါသလား။ ဒါမှမဟုတ် သင်ကိုယ်တိုင်က Single ဖြစ်နေလို့ သူငယ်ချင်းတွေ စနောက်တာကို အမြဲ ခံနေရပါသလား။

ဒီလိုပဲ ရည်းစားမထားချင်လို့ မထားတာပါ ဆိုတဲ့ စကားတွေကို ဖြေတတ်ကြပေမယ့် သုသေသနတွေ ပြုလုပ်တဲ့လိုက်တဲ့ အခါမှာတော့ ထူးချွန်တဲ့ အမျိုးသမီးတွေဟာ Single ဖြစ်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဘာကြောင့် Single ဖြစ်ရလဲ ဆိုတဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) မှီခိုချင်စိတ် မရှိဘူး

၂၁ ရာစုထဲမှာ အမျိုးသမီးတွေဟာ အလုပ်လုပ်ပိုင်ခွင့် ၊ စာသင်ခွင့် စတဲ့ အခွင့်အလမ်းတွေကို တဖြည်းဖြည်း ပိုမိုပြီး ရလာခဲ့ပါတယ်။ အရင်က တိုက်ယူခဲ့ရတဲ့ တန်းတူ အခွင့်အရေး တွေဟာ အခုဆို လက်ထဲမှာ ရှိနေပြီ ဖြစ်လို့ မှီခိုချင်စိတ်တွေ သိပ်မရှိကြတော့ပါဘူး။

ပစ္စည်းတခုကို လိုချင်ရင် ကိုယ်တိုင် ပိုက်ဆံ ရှာပြီး ဝယ်နိုင်နေပါပြီ။ တချို့ကိစ္စတွေကို သင့်အမျိုးသားက လုပ်ပေးတာထက် ကိုယ်တိုင်ထလုပ်လိုက်တာကမှ ပိုပြီး မြန်ဆန်နေပါသေးတယ်။

(၂) စိတ်ပိုင်းဆိုင်ရာ ပိုမို သန်မာလာခြင်း

အရင်ကတော့ အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာ အထိအခိုက်တွေကို သိပ်ပြီး ခံနိုင်ရည်မရှိပါဘူး။ ဥပမာ အိမ်တွင်းအကြမ်းဖက် ခံနေရတဲ့ အမျိုးသမီးတယောက်ဟာ သူ့အမျိုးသားနဲ့ ကွဲလိုက်ရင် ပတ်ဝန်းကျင်ရဲ့ ပြောစကားတွေကို မခံနိုင်တာကြောင့် သေတဲ့အထိ ဆက်ပြီး သည်းခံသွားကြတာတွေကို တွေ့ကြုံဖူးမှာပါ။

အခု အချိန်မှာတော့ အမျိုးသမီးတွေဟာ ဒီလို ပတ်ဝန်းကျင်က ကဲ့ရဲ့မယ့် စကားတွေထက် ကိုယ့်စိတ်ကို ပိုပြီး ချမ်းသာမယ့် အရာတွေသာ ပိုမို ရွေးချယ်ကြရင်း Single တွေ ဖြစ်လာပါတော့တယ်။

(၃) လိင်တူ နှစ်သက်မှုတွေ ရှိလာခြင်း

ယနေ့ခေတ်မှာ တဖြည်းဖြည်း ကျယ်ပြန့်လာတဲ့ လူမှုအသိုင်းအဝိုင်းတွေကြောင့် လိင်တူနှစ်သက်တာတွေကို ကြုံလာရပါတယ်။ ဒါတွေကို လက်မခံတဲ့ နိုင်ငံတွေမှာတော့ လိင်တူချစ်သူ အမျိုးသမီးတွေဟာ လက်ထပ်ရမယ့် အစား အတူတကွသာ နေထိုင်ပြီး Single သဘောမျိုးနဲ့ ဘဝကို ဖြတ်သန်းရပါတော့တယ်။

(၄) အဆင့်အတန်းမြင့်လာခြင်း

တကယ်လို့ သင်ဟာ ဘွဲ့ ၂ခု ၃ ခု ရထားမယ်။ ဝင်ငွေလည်း အရမ်းကောင်းမယ် ဒါပေမယ့် သင့်ချစ်သူက သင်ဖြစ်ချင်တဲ့ ဘဝအတိုင်း လိုက်မလာဘူးဆိုရင်လည်း ညှိမရတဲ့ အဆုံး တယောက်တည်း အေးအေးဆေးဆေး Single ဘဝကို လက်ခံလိုက်ရတာတွေ ရှိပါတယ်။

သင်နဲ့ တွဲနေတဲ့ သူက သင့်ကို အထောက်အပံ့ မပေးနိုင်ချင်နေပါ။ သင်ကြိုးစားနေတာကိုပါ ဖျက်လို ဖျက်ဆီးတွေ ဖြစ်လာတယ်ဆိုရင် ဆက်တွဲနေမယ့် အစား Single အဖြစ်နေတာက ပိုကောင်းနေပါလိမ့်မယ်။

အမျိုးသားတွေဟာ သူတို့ထက် ပိုပြီး တော်တဲ့ အမျိုးသမီးတွေကို လက်တွဲဖို့ တွန့်ဆုတ်တတ်ကြပါသေးတယ်။

Ref;brightside

Did you find apk for android? You can find new Free Android Games and apps.
Loading