နှစ်သစ်မှာ ဆံပင်ဘာပုံစံညှပ်ရမလဲ ခေါင်းစားနေသူတွေနဲ့ ဆံပင်ပုံစံအသစ် ပြောင်းချင်တဲ့ ပျိုမေတွေအတွက် Hair stylist တွေ ခန့်မှန်းထားတဲ့၂၀၁၉ မှာ ခေတ်စားလာမယ့် ဆံပင်ပုံစံတွေကို ဖော်ပြလိုက်ပါတယ်။
(၁) သဘာဝဆန်တဲ့ Beachy waves
ဆံပင်တွေကောက်ပြီးမှ အသက်ကြီးတဲ့ပုံပေါက်သွားမှာ စိုးရိမ်နေတဲ့ ပျိုမေတွေအတွက် လူငယ်ဆန်ဆန်နဲ့ အထာကျနိုင်မယ့် ဆံပင်ပုံစံတမျိုးလည်း ဖြစ်ပါတယ်။ လိမ်ကောက်နေတဲ့ ဆံပင်ပုံစံမျိုး မဟုတ်ဘဲ သဘာဝဆန်ဆန်နဲ့ ကောက်သားလေးတွေ ပေါ်လွင်နေစေမှာကြောင့် ပျိုမေတွေကြား ရေပန်းစားလာနိုင်တဲ့ ဆံပင်ပုံစံတမျိုးပဲ ဖြစ်ပါတယ်။
(၂) ခပ်မြင့်မြင့် အနေအထားနဲ့ Ponytail style
ဒါကတော့ ရိုးရှင်းလွယ်ကူပြီး အထာလည်းကျစေတဲ့ ဆံပင်ပုံစံတမျိုးဖြစ်တာကြောင့် အထွေအထူး ပြောပြနေစရာ မလိုတော့ပါဘူး။ ဆံပင်ဖြောင့်ထားသူတွေပဲဖြစ်ဖြစ်၊ ကောက်ထားသူတွေမှာပဲဖြစ်ဖြစ် အလွယ်တကူပြင်ဆင်နိုင်ပြီး ပွဲလည်းတိုးတဲ့ ဆံပင်ပုံစံလည်းဖြစ်ပါတယ်။
(၃) ဆံပင်မှာ အလှဆင်တဲ့ အသုံးအဆောင်ပစ္စည်းတွေ
ကျန်ခဲ့တဲ့ နှစ်ကာလတွေတုန်းက ခေတ်စားခဲ့တဲ့ ပွဲတက်တဲ့အခါ ဆံပင်ပေါ်မှာ ကလစ်၊ ပန်းခက်တွေနဲ့ တခြားသော Accessories တွေနဲ့ အလှဆင်ကြတဲ့ ပုံစံမျိုးဟာ ၂၀၁၉ မှာ တကျော့ပြန်ရေပန်းစားလာနိုင်ခြေရှိတယ်လို့ Hair stylist တွေက ခန့်မှန်းထားကြပါတယ်။
(၄) မထူမပါး ဆံမြိတ်ပုံစံ
ဆံမြိတ်ချတဲ့ပုံစံကိုမှ နဖူးရှေ့မှာ ဒဲ့အတိချတဲ့ ပုံစံ မဟုတ်ဘဲ ဘေးဘက်ကို အနည်းငယ်ဖြာကျပြီး မထူမပါးပုံစံ ရှိတဲ့ ဆံမြိတ်ချနည်းဟာ မျက်နှာကျပုံစံ အများစုနဲ့ လိုက်ဖက်တဲ့ ပုံစံဖြစ်တာကြောင့် ၂၀၁၉ မှာ ခေတ်စားလာနိုင်ခြေရှိတဲ့ ဆံပင်ပုံစံတမျိုးပဲ ဖြစ်ပါတယ်။
(၅) ဖြောင့်စင်းပြားကပ်တဲ့ ဆံပင်ပုံစံ
နာမည်ကျော် ရုပ်သံအစီအစဉ်စတားတဦးဖြစ်တဲ့ Kim Kardashian ရဲ့ ဆံပင်ပုံစံလို ဆံပင်ကိုအလယ်ခွဲထားပြီး ပြားကပ်ဖြောင့်စင်းနေတဲ့ ဆံပင်ပုံစံမျိုးဟာဆိုရင်လည်း ၂၀၁၉ မှာ ခေတ်စားလာမယ့် ဆံပင်ပုံစံတမျိုးဖြစ်တယ်လို့ Hair stylist တွေက သုံးသပ်ခန့်မှန်းထားကြပါတယ်။
Ref : www.instyle.com