ပန်းခြံတွေကို သွားလည်ရတာ စိတ်အပန်းပြေသလို ပန်းပင်တွေကို ချစ်မြတ်နိုးသူတွေ အတွက် ပန်းခြံဆိုတာ လည်ပတ်ချင်စရာ နေရာပါ။ ပန်းပင်တွေကို တကူးတက စိုက်ပျိုးလာတဲ့ ကမ္ဘာအန့ှံက ပန်းခြံတွေဟာ နေရာလည်း ကျယ်ဝန်းသလို အပင်မျိုးစိတ်တွေကလည်း အစုံပါ။ လည်ပတ်ချင်စရာကောင်းသလို မျက်စိ ပဿာဒလည်း ဖြစ်စေနိုင်တဲ့ ကမ္ဘာပေါ်က အလှဆုံး ပန်းခြံတွေအကြောင်း ဖော်ပြ လိုက်ပါတယ်။
(၁) Keukenhof
Keukenhof ပန်းခြံက ကမ္ဘာပေါ်မှာ ပန်းအများဆုံး စိုက်ပျိုးထားတဲ့ ပန်းခြံတခြံပါ။ ဒီပန်းခြံကတော့ နယ်သာလန် နိုင်ငံတောင်ပိုင်းက Lisse မှာ တည်ရှိပြီး ဥရောပရဲ့အကြီးဆုံးပန်းခြံ ဖြစ်ပါတယ်။ ဒီပန်းခြံမှာဆိုရင်တော့ ပန်းပေါင်း ၇ သန်းလောက်အထိ စိုက်ပျိုးထားပါတယ်။ ပန်းခြံရဲ့ အကျယ်အဝန်းကတော့ ၇၉ ဧက ရှိပါတယ်။
Keukenhof ပန်းခြံကို ၁၅ ရာစုလောက်က တည်ဆောက်ခဲ့တာဖြစ်ပြီး အရင်တုန်းကတော့ အမဲလိုက်တဲ့ စားကျက်မြေတခု ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Jacqueline ဆိုတဲ့မြို့စားကတော် အမျိုးသမီးက ရဲတိုက်တတိုက် အပါအဝင် ဆေးဖက်ဝင်အပင်တွေကို စတင်စိုက်ပျိုးခဲ့ပါတယ်။ မြို့စားကတော် ကွယ်လွန်ပြီးတဲ့နောက် ၁၉၄၉ ခုနှစ်မှာတော့ Lisse မြို့တော်ဝန်က ဒီပန်းခြံကို စတင် တည်ဆောက်ခဲ့ပါတယ်။
(၂) Hitachi Seaside Park
နောက်ထပ်နေရာကတော့ ဂျပန်နိုင်ငံမှာရှိတဲ့ Hetachi ပန်းခြံလေးပါ။ ဒီပန်းခြံကတော့ Ibaraki မြို့ မှာရှိတဲ့ ပန်းခြံပါ။ ဒီပန်းခြံကတော့ ဟက်တာ ၁၉၀ ကျယ်ဝန်းပြီး ပန်းပေါင်းစုံစုံ စိုက်ပျိုးထားပါတယ်။ အပြာရောင် Baby Blue eyes တမျိုးတည်းတင်ကို ၄ ဒဿမ ၅ သန်းကျော် စိုက်ပျိုးထားပါတယ်။
(၃) Lavender Garden
နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ နေရာကတော့ အင်္ဂလန်နိုင်ငံမှာရှိတဲ့ Carshalton ရွာလေးမှာ ရှိပါတယ်။ ၂၅ ဧကကျယ်ဝန်းတဲ့ ဒီပန်းခြံကိုအလည်သွားလို့ အကောင်းဆုံးအချိန်ကတော့ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေပါ။ ဒီလတွေမှာဆိုရင်တော့ ပန်းပွဲတော်ကိုလည်း ကျင်းပပေးတဲ့အတွက် ခရီးသွားတွေ အလာများတဲ့အချိန်ပါပဲ။
(၄) Longwood Garden
နောက်ထပ် အလှဆုံးဖြစ်တဲ့ပန်းခြံကတော့ အမေရိကန်နိုင်ငံ Pennsylvania မှာ တည်ရှိပါတယ်။ ဒီပန်းခြံကတော့ ၁၀၇၇ ဧကကျယ်ပြီး ပန်းပင်မျိုးစိတ်ပေါင်း ၁၁၀၀၀ ကျော် စိုက်ပျိုးထားပါတယ်။
Ref : themysteriousworld