မလေးရှားက အသက်၂၂ အရွယ်ရှိတဲ့ကောင်လေး Abdussalam Firdaus Abdul Aziz ဟာ အင်တာနက်မှာ ရေပန်းစားနေခဲ့ပါတယ်။ အကြောင်းကတော့ သူဟာ မိန်းမလှတယောက် ပုံစံဖြစ်နေလို့ပါတဲ့။ ဒီလိုမျိုးတွေကြောင့် လူတွေက သူဟာတကယ်ပဲ ယောကျာ်းလား၊ မိန်းမလားဆိုတာ ခွဲခြားရခက်နေပါတယ်။ သူနာမည်ကြီးလာရတာကတော့ ဘောလုံးပွဲတခု သွားရာကနေ စတယ်လို့ သိရပါတယ်။
ဘောလုံးပွဲမှာတာဝန်ကျတဲ့ လုံခြုံရေးဝန်ထမ်းတွေက သူ့ရဲ့ခန္ဓာကိုယ်ကို စစ်ဆေးဖို့ ငြင်းပယ်ခဲ့ပြီး အမျိုးသမီးဖြစ်တယ်လို့ မှတ်ယူတာကြောင့် မှတ်ပုံတင်ကတ်ကိုသာ တောင်းယူကြည့်ခဲ့ပါတယ်။ ဒီအကြောင်းအရာက မလေးရှားနိုင်ငံမှာ နာမည်ကြီးသွားခဲ့ပြီး အင်တာနက်ပေါ် ရောက်ရှိလာခဲ့ပါတယ်။
“ကျနော်က ယောကျာ်းပါလို့ ပြောတာကို သူတို့က မယုံကြဘူး။ မှတ်ပုံတင်ကတ်ကိုပဲ တောင်းကြည့်ကြတယ်”လို့ Abdul Aziz က ဆိုပါတယ်။ စစ်ဆေးတဲ့သူတွေအနေနဲ့ Abdul Aziz ရဲ့ လည်စေ့ကိုတော့ မြင်မိဟန် မတူပါဘူး။ ဒါကြောင့်လည်း သူ့ကိုအမျိုးသမီးလို့ ထင်မိတာ ဖြစ်ပါလိမ့်မယ်။ Abdul Aziz အနေနဲ့ကတောာ့ ဒီလိုဖြစ်ရပ်ဟာ ပထမဆုံး မဟုတ်တော့ပါဘူး။ သူဟာ ဒီလိုမျိုး အမျိုးသမီးတယောက်လို ချောမောနေတာကြောင့် သူ့ရဲ့ဆံပင်တွေကို ညှပ်ဖို့ဆုံးဖြတ်ခဲ့ပါသေးတယ်တဲ့။
ဆံပင်တိုညှပ်လိုက်မှဘဲ လူတွေက သူ့ကို Tomboy နဲ့ပိုတူတယ်လို့ ပြောကြတာကြောင့် သူ့အနေနဲ့ ဆံပင်ရှည် ပြန်ထားဖို့ကိုပဲ ဆုံးဖြတ်ခဲ့ပါတယ်။ တွစ်တာ အသုံးပြုသူတယောက်ကတော့ သူ့ကိုယောကျာ်းဆန်တဲ့ အသွင်အပြင် လိုချင်ရင် မုတ်ဆိတ်မွှေးထားကြည့်လေလို့ အကြံပေးခဲ့ပါတယ်။
Abdul Aziz အနေနဲ့ မုတ်ဆိတ်မွေး ရေးရေးထားကြည့်ခဲ့ပြီး ဘယ်လိုမှ မလိုက်ဖက်တာကြောင့် မုတ်ဆိတ်ထားဖို့ အကြံကိုလည်း လက်လျှော့လိုက်ရပါတယ်။ ဒီလိုမျိုးဖြစ်ရပ်တွေ နောက်မှာ Abdul Aziz တယောက် သူ့ရဲ့ Instagram အကောင့်မှာ like လုပ်သူနဲ့ ကွန်မန့်ပေးသူတွေ များလာခဲ့ပါတယ်။
အချို့ကသူ့ကို “ကမ္ဘာ့အချောဆုံးယောကျ်ား”လို့တောင် ခေါ်နေကြလေရဲ့။ အရင်တုန်းက ဂျပန်လူမျိုး Idegami Baku ဆိုတဲ့ ကောင်လေးတယောက်က အမျိုးသမီးနဲ့တူလို့ နာမည်ကြီးခဲ့သလိုပဲ အခုဆိုရင် Abdul Aziz ဟာ မိန်းမတယောက်လို ချောမောလှပတာကြောင့် နာမည်ကြီးနေပြီ ဖြစ်ပါတယ်။
သူကကော ဒီလိုနာမည်ကြီးလာတာကြောင့် ပရိသတ်တွေထပ်ရအောင် မီဒီယာတွေရှေ့ရောက်လာမလား ဒါမှမဟုတ် အေးအေးဆေးဆေးပဲ သာမန်ဘဝမှာပဲ နေထိုင်မလားဆိုတာကတော့ ဘယ်သူမှမသိပါဘူး။ သင်တို့ရဲ့မျက်စိထဲမှာကော သူကတကယ်ပဲချောတယ်လို့ ထင်ပါသလား။
Ref : www.odditycentral.com