စာရေးသူတို့ နေထိုင်တဲ့ ကမ္ဘာကြီးမှာ သက်မဲ့တွေရဲ့ သဘာဝကမှ ထူးဆန်းကြတာမျိုး မဟုတ်ဘဲ သက်ရှိလူသားတွေရဲ့ တချို့ အဖြစ်အပျက်တွေကလည်း ထူးထူးဆန်းဆန်းတွေပါပဲ။ အဲဒီလို ထူးထူးဆန်းဆန်း လူသားတွေထဲကမှ ကမ္ဘာ့အံ့ဖွယ် လူသားတချို့ကို ဖော်ပြပေးချင်ပါတယ်။
(၁) ကမ္ဘာ့ ပါးစပ်အပြဲဆုံး လူသား
လူတိုင်း၊ လူတိုင်းဟာ ကိုယ့်အားသာချက်နဲ့ ကိုယ်ရှိတတ်ကြတာ သဘာဝပါ။ ဒါပေမဲ့ လူတချို့ကတော့ သာမန်လူနဲ့ မတူအောင် ထူးခြားမှုတွေ ရှိတတ်ကြပါတယ်။ အဲဒီလို လူထူးဆန်းမှုတွေထဲက တယောက်ကတော့ Francisco Domingo Joaquim ဆိုသူပါ။ သူကတော့ ကမ္ဘာပေါ်မှာ ပါးစပ်အပြဲဆုံး လူသားတယောက်ပါ။ သူပါးစပ်ပြဲပုံကတော့ အံအားသင့်စရာပါပဲ။သူ့ပါးစပ် အကျယ်က ၁၇ စင်တီမီတာ ( ၆ ဒဿမ ၆၉ လက်မ )တောင် ရှိပါသတဲ့။
သူကိုတော့ ၁၉၉၀ ခုနှစ်က Angola နိုင်ငံက Sambizanga ဆိုတဲ့အရပ်မှာ မွေးဖွားခဲ့ပါတယ်။ အသက် ၂၀ အရွယ်မှာတော့ သူဟာ ကမ္ဘာ့ပါးစပ်အပြဲဆုံး လူသားစာရင်း ဝင်လာခဲ့ပါတယ်။
(၂) သံစားတဲ့လူ
နောက်တယောက်ကတော့ ပြင်သစ်နိုင်ငံသားတယောက်ဖြစ်တဲ့ Michel Lotito ဆိုသူပါ။ သူ့ကိုတော့ ၁၉၅၀ ခုနှစ်၊ ဇူလိုင် ၁၅ ရက်နေ့က ပြင်သစ်မှာမွေးဖွားခဲ့ပြီး ၂၀၀၇၊ ဇူလိုင် ၂၅ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ အသက် ၄၀ ပြည့်တဲ့အခါမှေတော့ သူစားခဲ့တဲ့ သံတန်ချိန်ပေါင်းက ၉ တန်လောက်အထိ ရှိခဲ့ပါတယ်။ သူစားခဲ့တာတွေမှာ စက်ဘီးနဲ့ ကားဘော်ဒီလို သံထည်တွေတောင် ပါဝင်ခဲ့ပါတယ်။
(၃) အသက် ၈၀ ရောက်မှ ဧဝရတ်တောင်ပေါ်တက်ခဲ့သူ
နောက်ထပ်တယောက်ကတော့ ဂျပန်နိုင်ငံက Yuichiro Miura ဆိုသူပါ။ သူကတော့ အသက် ၈၀ ပြည့်ပြီးသွားတော့မှ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ပေါ် တက်ခဲ့သူတဦးပါ။ ဒါကြောင့်လည်း Yuichiro Miura ဟာ ကမ္ဘာ့အသက်အကြီးဆုံး တောင်တက်သမားစာရင်းမှာ ပါဝင်ခဲ့ပါတယ်။
(၄) ကမ္ဘာ့ မုတ်ဆိတ် အရှည်ဆုံးပုဂ္ဂိုလ်
Ram Singh Chaunan ဆိုသူကတော့ ကမ္ဘာ့မုတ်ဆိတ်အရှည်ဆုံး ပုဂ္ဂိုလ်ယောက်ပါ။ သူကတော့ အိန္ဒိယနိုင်ငံကပဲ ဖြစ်ပါတယ်။ အသက် ၅၆ နှစ်ပြည့်ပြီးတဲ့အခါမှာတော့ သူမုတ်ဆိတ်က ၁၄ ပေ အရှည်တောင် ရှိနေခဲ့ပါပြီ။
(၅) အရိုးအပျော့ဆုံးအမျိုးသမီး
သူမကတော့ ရုရှားနိုင်ငံက Julia Gunthel ဆိုသူပဲ ဖြစ်ပါတယ်။ သူမကိုတော့ ၁၉၈၄ ခုနှစ်၊ အောက်တိုဘာ ၂၀ မှာ မွေးဖွားခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ ဂျာမနီနိုင်ငံမှာကျင်းပတဲ့ ပြိုင်ပွဲတခုမှာ အနိုင်ရရှိခဲ့သလို ၂၀၁၃ ခုနှစ်၊ တူရကီနိုင်ငံမှာကျင်းပတဲ့ ပြိုင်ပွဲတခုမှာလည်း ဘီယာပုလင်းတွေကို ကွေးလျက် အနေအထားနဲ့ ခွဲပြနိုင်ခဲ့ပါတယ်။ သူမဟာ သရုပ်ဆောင်တဦးလည်းဖြစ်သလို ၂၀၀၉ ခုနှစ်မှာ Micmacs ဇာတ်ကားနဲ့ ၂၀၁၂ ခုနှစ်မှာ Holy Motor စတဲ့ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
(၆) ကမ္ဘာ့အသက်အကြီးဆုံး အကမယ်
သူမကတော့ တရုတ်နိုင်ငံက အကမယ်တယောက်ဖြစ်ပြီး Sun Fengqin ဆိုသူပဲဖြစ်ပါတယ်။ နိုက်ကလပ်တွေမှာ ဖျော်ဖြေမယ်အဖြစ် လုပ်ကိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူမရဲ့ အသက်အရွယ်ကြောင့် ဆိုရှယ်မီဒီယာတွေပေါ်မှာ ရေပန်းစားလာခဲ့ပါတယ်။
အသက် ၆၀ ကျော် အရွယ်ရှိပြီဖြစ်တဲ့ သူမဟာ လွန်ခဲ့တဲ့နှစ် ၂၀ လောက်တုန်းကလည်း နိုက်ကလပ်တခုမှာ ကပြဖျော်ဖြေရင်း အခန့်မသင့်ဖြစ်ခဲ့တဲ့အတွက် ကျောရိုးမှာ စတီးချောင်း ၂ ချောင်း ထည့်ထားသူ ဖြစ်ပါတယ်။ သူမရဲ့ အသက်အရွယ်၊ ကျန်းမာရေးအခြေအနေတွေကြောင့် ဆရာဝန်က အကမယ်အလုပ်ကို စွန့်လွှတ်ဖို့ပြောပေမယ့် အဘွား Sun ကတော့ မစွန့်လွှတ်ခဲ့ပါဘူး။
(၇) ကမ္ဘာ့အသက်အကြီးဆုံး လေယာဉ်မောင်းသမား
သူကတော့ ကမ္ဘာ့အံ့ဖွယ်လူသားစာရင်းထဲ ပါဝင်ခဲ့သူတယောက်ဖြစ်တဲ့ အဘိုးအို Peter Weber Jr ဆိုသူပဲဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားမှာနေထိုင်နေတဲ့ ဒီအဘိုးအိုဟာ ကမ္ဘာ့အသက် အကြီးဆုံးလေယာဉ်ပျံမောင်းသမား တယောက်လည်းဖြစ်ပါတယ်။ လေယာဉ်ပျံမောင်းနှင်လာခဲ့တာ ၇၂ နှစ်ရှိခဲ့ပြီး တလကို အနည်းဆုံး ၂ ကြိမ်ပျံသန်းခဲ့သူ တယောက်လည်း ဖြစ်ပါတယ်။
Ref : lolwot