ချစ်ခြင်းမေတ္တာနဲ့ပတ်သက်လာရင် သစ္စာရှိတဲ့သတ္တဝါအမျိုးအစားတွေထဲမှာ ပင်ဂွင်းလည်းပါဝင်ပါတယ်။ ဒါကြောင့် ရေသတ္တဝါတွေထဲက ချစ်ဖို့ကောင်းတဲ့ပင်ဂွင်းလေးတွေရဲ့စိတ်ဝင်စားဖွယ်အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
– ကမ္ဘာမှာ ပင်ဂွင်းအမျိုးအစားပေါင်း ၁၇ ကနေ ၂၀ ထိရှိပါတယ်။
– တချို့သောပင်ဂွင်းတွေက လူတယောက်နီးပါ အရပ်ရှည်ပြီး ကိုယ်အလေးချိန်လည်း များပါတယ်။
– နှစ်သန်းပေါင်း ၆၂သန်းကျော်လောက်က ရှင်သန်ခဲ့တဲ့ ပင်ဂွင်းရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းက နယူးဇီလန်နိုင်ငံမှာရှိပါတယ်။
– ပင်ဂွင်းတွေက ရေထဲကနေ ၆ပေအမြင့်လောက်ထိကို ခုန်နိုင်ပါတယ်။
– အကောင် ၅၀၀၀၀ထဲကနေ ၁ ကောင်ကတော့ အမည်းရောင်မဟုတ်ဘဲ အခြားအရောင်နဲ့မွေးဖွားလာနိုင်ပါတယ်။
– ပင်ဂွင်းလေးတွေရဲ့မျက်လုံးနားမှာရှိတဲ့အရာတခုက ရေထဲကဆားတွေကို ဖယ်ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့်သူတို့တွေ ပင်လယ်ရေတွေကိုပဲ သောက်နေနိုင်တာပေ့ါ။
– ပင်ဂွင်းတွေရဲ့သဘာဝကတော့အနည်းငယ်ဆန်းကြယ်ပါတယ်။ အကောင်လေးတွေပေါက်လာအောင်ဝပ်နေရသူက ပင်ဂွင်းထီးဖြစ်ပြီး အမဖြစ်သူကတော့ အစာထွက်ရှာရပါသတဲ့။
– ပင်ဂွင်းလေးတွေက မိုင်ပေါင်းဘယ်လောက်ကနေဝေးတဲ့ခရီးဖြစ်ဖြစ် သူတို့ရဲ့ မိတ်ဖက်တယောက်ဆီကိုသာ ပြန်လာပါတယ်။ သစ္စာရှိတဲ့ သတ္တဝါလေးတွေပေ့ါ။
– ဖျံတွေက ပင်ဂွင်းလေးတွေနဲ့မိတ်လိုက်ရတာကို သဘောကျပါသတဲ့။
– ပင်ဂွင်းမေမေတွေက သူတို့ရဲ့ကလေးလေးတကောင်ဆုံးရှုံးလိုက်ရပြီဆိုရင် တခြားပင်ဂွင်းမတွေဆီက ပြန်ခိုးဖို့ ကြိုးစားကြပါတယ်။
– အမေရိကမှာတော့ ပင်ဂွင်းတွေကို စားခြင်းက တရားမဝင်ပါဘူး။
– ပင်ဂွင်းတွေရဲ့သက်တမ်း တဝက်က ကုန်းပေါ်မှာဖြစ်ပြီး တဝက်ကတော့ရေပြင်မှာပါတဲ့။
– သူတို့တွေက ချဉ်တဲ့အရသာနဲ့ငန်တဲ့အရသာကိုသာ ခံစားနိုင်စွမ်းရှိပါတယ်။
– သူတို့ရဲ့လက်တွဲဖော်တွေကိုတော့ လက်ဆောင်အဖြစ်ကျောက်တုံးတွေပေးလေ့ရှိပါတယ်။ (မှတ်ချက်- ကျောက်တုံးစာက ဟိုးအရင်တုန်းက ပေစာတွေ၊ စက္ကူစာတွေမရှိခင်က တယောက်နဲ့တယောက် မက်ဆေ့ချ်ပေးတဲ့အခါ သုံးတယ်လို့လည်း သိရပါတယ်။ ပင်ဂွင်းလေးတွေဆီကများဒီအမူအကျင့်ကို အတုခိုးလိုက်တယ်လို့ ထင်မှတ်စရာပါ)
ကဲ ဒီလောက်ဆိုရင်တော့ ချစ်စရာကောင်းတဲ့ပင်ဂွင်းလေးတွေရဲ့သဘာဝကို အနည်းငယ်သိလောက်ပြီထင်ပါတယ်။
www.factslides.com