လူတွေဟာ မွေးကင်းစအရွယ်တည်းကနေ မိခင်ရဲ့ ဂရုစိုက်မှုနဲ့ ပတ်ဝန်းကျင်က မိမိကို ဂရုတစိုက်နဲ့ သတိထားမိအောင် ပြုလုပ်တတ်ကြပေမယ့် ကြီးပြင်းလာတာနဲ့အမျှ Attention လိုချင်မှုဟာ လျော့နည်းလာကြတာပဲဖြစ်ပါတယ်။
ဒါပေမယ့် တချို့သောသူတွေကတော့ လူအများရဲ့အာရုံစိုက်မှုကို လိုတာထက်ပိုပြီး ရချင်တတ်ကြပြီး ဒီလိုလူတွေကိုတော့ Attention Seeker လို့ ခေါ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ကိုယ့်ကို ပတ်ဝန်းကျင်က သတိမပြုပြုအောင် ပြုလုပ်တတ်ကြတဲ့ Atention Seeker တွေရဲ့ အပြုအမူတွေပဲ ဖြစ်ပါတယ်။
(၁) နှစ်သိမ့်အားပေးတာကို လိုချင်ကြတယ်
Attention Seeker တွေအများစုရဲ့ အပြုအမူတခုလို့တောင် ပြောလို့ရအောင်ပဲ လူတွေရဲ့ နှစ်သိမ့်အားပေးမှုကို သာမန်ထက်ပိုပြီးလိုချင်ကြပါတယ်။ ထစ်ခနဲဆို ဆိုရှယ်မီဒီယာတွေပေါ်မှာ ကိုယ့်ကို သူများသတိထားမိပြီး နှစ်သိမ့်ပေးချင်အောင်လို့ တင်တတ်ကြတာကလည်း Attention Seeker တွေရဲ့ အပြုအမူတခုပဲ ဖြစ်ပါတယ်။
(၂) Drama ခင်းတတ်ကြတယ်
ဆိုရှယ်မီဒီယာတွေပေါ်မှာ ကိစ္စတခုမဟုတ်တခုကို ပုံစံအမျိုးမျိုးနဲ့ Drama တွေခင်းပြီး လူတွေရဲ့ သနားကြင်နာမှုကို ခံယူတတ်ကြပါတယ်။ ချစ်သူနဲ့အဆင်မပြေတာ၊ ကျန်းမာရေးမကောင်းတာ၊ မိသားစုနဲ့အဆင်မပြေတာ အစရှိတာတွေနဲ့ လူတွေရဲ့အာရုံစိုက်မှုကို ခံယူတတ်ကြပါတယ်။
(၃) နေရာတကာမှာ ဝင်ပါပြီး ငြင်းခုံတတ်ကြတယ်
ဆိုရှယ်မီဒီယာမှာပဲဖြစ်ဖြစ်၊တခြားသောကိစ္စတွေမှာပဲဖြစ်ဖြစ် နေရာတကာမှာ ဝင်ပါတတ်ကြပါတယ်။ ကိစ္စတခုကို ပြေပြေလည်လည် ဆွေးနွေးတာမျိုးထက် မိမိကို သူများသတိထားမိလာအောင် အခြေအတင်ငြင်းခုံတတ်ကြပြီး “I am Better Than You” ဆိုတာမျိုးနဲ့ အာရုံစိုက်မှုကို ခံယူတတ်ကြပါတယ်။
(၄) အသေးအမွှားလေးကအစ Selfie ပုံတွေတင်တတ်ကြတယ်
သူများတွေ မိမိကိုသတိထားမိဖို့အတွက် တချိန်လုံးပြုမှုနေသူတွေ ဖြစ်တာကြောင့် ဘာပဲလုပ်လုပ်၊ ဘယ်နေရာပဲ ရောက်ရောက် အသေးအဖွဲလေးကစပြီး Selfie ပုံတွေအမြောက်အများနဲ့ လူတွေရဲ့အာရုံစိုက်မှုကို ခံယူတတ်ကြပါတယ်။
Ref. www.lifeadvancer.com