ကမ္ဘာပေါ်မှာ တန်ဖိုးကြီး ဈေးအမြင့်ဆုံး အရည်များ
ကမ္ဘာပေါ်မှာ ထုတ်လုပ်ထားသမျှ အရည်နဲ့ ပတ်သက်တဲ့ပစ္စည်းတွေထဲမှာ ဈေးအမြင့်ဆုံးအရည်တွေ ရှိပါတယ်။ တချို့အရာတွေက ကိုယ်တိုင်အသုံးပြုနေပေမယ့် တန်ဖိုးကြီးတဲ့အကြောင်းကို သတိမထားမိကြပါဘူး။
ဒါဆို ဘယ်လိုအရည်အမျိုးအစားတွေက တန်ဖိုးကြီးစာရင်းဝင်ဖြစ်နေမလဲ ကြည့်ရအောင်။
Liquid Paper
Liquid paper ဆိုတာ မှင်ဖျက်ဆေးရည်ပါ။ ဘောပင်နဲ့ရေးလိုက်လို့ မှားသွားတာတွေကို ဖျက်ပေးတဲ့ဆေးရည်ပါပဲ။ ဒါပေမယ့် liquid paper အရည်ကတော့ မှင်ဖျက်တဲ့အပြင် တခြားနေရာတွေမှာလည်း အသုံးဝင်ပါတယ်။ ဥပမာ – ဒီအရည်ထဲ Glitter မှုန်လေးတွေထည့်ပြီး လက်မှုပစ္စည်းတွေမှာ အလှဆင်လို့ရပါသေးတယ်။ ဈေးနှုန်း ကတော့ တဂါလန်ကို ဒေါ်လာ ၁၅၀ ပါ။
Penicillin
ပင်နီစီလင်ဆေးရည်ကတော့ ပိုးသတ်ဆေးအမျိုးအစားတမျိုးဖြစ်ပြီး အုပ်စုအခွဲတွေများပါတယ်။ ပင်နီစီလင် ဗွီ၊ ပင်နီစီလင် ဂျီ၊ ဗန်ဆာသိုင်း ပင်နီစီလင် နဲ့ ပရိုကိန်း ပင်နီစီလင် ဆိုပြီး အမျိုးကွဲတွေအများကြီးထုတ်ပါတယ်။ အားလုံးကတော့ ပိုးသတ်ဆေးအမျိုးအစားတွေပါပဲ။ ဈေးနှုန်းကတော့ တဂါလန်ကို ဒေါ်လာ ၂၂၆ ရှိပါတယ်။
Blood
တန်ဖိုးကြီးတဲ့ အရည်တွေထဲမှာ သွေးကလည်း မပါမဖြစ်ပါပဲ။ လူတယောက်ဟာ သွေးပမာဏမလုံလောက်ပဲ ကိုယ်ခန္ဓာက လုပ်ငန်းဆောင်တာတွေ မလည်ပတ်နိုင်ပါဘူး။ ဒါကြောင့် ရောဂါကြောင့်ပဲဖြစ်ဖြစ်၊ ထိခိုက်ဒဏ်ရာ ပြင်းလို့ အရေးပေါ်သွေး လိုတဲ့အခါ အချိန်မီ သွေးပြန်သွင်းရပါတယ်။ နိုင်ငံတကာမှာတော့ လူသွေးတဂါလန်ကို ဒေါ်လာ ၁,၃၃၀ ထိရှိပါတယ်။
Nail Polish
လက်သည်းနီကို တန်ဖိုးကြီးအရည်တွေထဲ ထည့်လိုက်လို့ အံ့သြသွားကြပါလိမ့်မယ်။ ဒါပေမယ့်လည်း တကယ့် ဈေးအကြီးဆုံး ကောင်းပေ့ လက်သည်းနီတွေက တာရှည်ပိုခံသလို၊ လက်သည်းကိုလဲ မထိခိုက်ပဲ အရောင်ပို တောက်ပါတယ်။ ဒီလိုလက်သည်းနီမျိုးဆို တဂါလန်ကို ဒေါ်လာ ၂,၂၀၀ လောက်ထိ ဈေးရှိပါတယ်။
Mercury
မာကျူရီကတော့ သတ္တုအမျိုးအစားဖြစ်ပေမယ့် အခန်းတွင်းအပူချိန်ဆိုရင်တောင် အရည်အဖြစ်နဲ့ပဲ တည်ရှိတာ ပါ။ မာကျူရီသတ္တုကို အများအားဖြင့် အပူချိန်တိုင်း သာမိုမီတာ တွေမှာအသုံးပြုပါတယ်။ တဂါလန်ကို ဒေါ်လာ ၂,၉၆၆ တန်ဖိုးရှိပါတယ်။
Insulin
သင့်ကိုယ်ခန္ဓာအတွင်းမှာတော့ အင်ဆူလင်ဓာတ်ကို ပန်ကရိယက ထုတ်ပေးပါတယ်။ သွေးထဲက သကြားဓာတ် အတက်အကျကို ထိန်းညှိပေးတာမလို့ မရှိမဖြစ်အရည်တမျိုးပါ။ ဒါပေမယ့် ဆီးချိုဝေဒနာရှင်တွေမှာ အင်ဆူလင်ဓာတ်ကို ကိုယ်တွင်းကနေ အပြည့်အဝမထုတ်လုပ်နိုင်တာမို့ အင်ဆူလင်ဆေး ထိုးပေးရပါတယ်။ တဂါလန်ကို ဒေါ်လာ ၁၃,၁၀၀ တန်ဖိုးရှိပါတယ်။
Horseshoe Crab Blood
မြင်းခွာဂဏန်းကောင် ဒါမှမဟုတ် ဗီလားကောင်လို့ ခေါ်ကြတဲ့ အကောင်ထဲကရတဲ့ သွေးအရည်ကလည်း တန်ဖိုး မြင့်ပါတယ်။ ဗီလားကောင်ရဲ့ သွေးထဲမှာ လူတွေလို့ ဟေမိုဂလိုဘင် မပါဘဲ ဟေမိုစီရာနင်းဓာတ်ပါလို့ သူတို့ သွေးတွေက အပြာရောင်ဖြစ်နေတာပါ။ သူတို့ရဲ့သွေးကိုယူပြီး ဆေးပညာစမ်းသပ်ချက်တွေမှာ အသုံးပြုကြပါ တယ်။ တဂါလန်ကို ဒေါ်လာ ၅၃,၂၅၀ တန်ဖိုးရှိပါတယ်။
King Cobra Venom
ကမ္ဘာပေါ်မှာ အဆိပ်ပြင်းဆုံးမြွေဖြစ်တဲ့ မြွေဟောက်အဆိပ်ရည်ကို အယ်လ်ဇိုင်းမားနဲ့ ပါကင်ဆန်ရောဂါတွေ ကုသရာမှာ အသုံးပြုပါတယ်။ တောကြီးမြွေဟောက်လို့ခေါ်တဲ့ ဒီမြွေတွေ တခါကိုက်တာနဲ့ အရွယ်ရောက်ပြီး ဆင်တကောင်ကိုတောင် သေစေနိုင်စွမ်းရှိပါတယ်။ တဂါလန်ကို ဒေါ်လာ ၁၃၅,၇၀၀ ရှိပါတယ်။
Most Expensive Alcohol
ကမ္ဘာပေါ်မှာ တန်ဖိုးအမြင့်ဆုံးအရည်အဖြစ်သတ်မှတ်ခံထားရတာကတော့ အရက်တမျိုးပါ။ အီတလီရိုးရာနည်း ပညာနဲ့ လီမွန်ကတဆင့် ထုတ်လုပ်ထားတဲ့ D’Amalifi Limoncello Supreme အရက်က ဈေးအမြင့်ဆုံးအဖြစ် သတ်မှတ်ခံရတဲ့ အကြောင်းရင်းက အရက်အဖုံးကို ၁၃ ကာရက်တန်ဖိုးရှိတဲ့ စိန် ၃ လုံးနဲ့ စီခြယ်ထားလို့ပါ။
ကမ္ဘာပေါ်မှာ ၂ ပုလင်းပဲ ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ တန်ဖိုးကတော့ တပုလင်းကို ဒေါ်လာ ၃၅,၅၉၈,၀၀၀ ကျသင့်ပါတယ်။
Ref: Brightside Me