ဒေါသထွက်တယ်ဆိုတာ သာမန် စိတ်ခံစားချက် တခုပါပဲ။ ဒါပေမယ့် ဒေါသဟာ လူကို ဖျက်စီးနိုင်ပါတယ်။ ဒေါသကြီးပြီး ကိုယ်လုပ်ချင်ရာ လုပ်မိတဲ့အခါမှာ မပျက်စီးသင့်ပဲ ပျက်စီးခဲ့ရတာတွေ ရှိပါတယ်။
ဒေါသကြီးတာဟာ မိတ်ဆွေ၊ အပေါင်းအသင်းနဲ့ ကိုယ်ချစ်တဲ့ သူတွေကိုပါ ဆုံးရှုံးရတာတွေ အထိဖြစ်နိုင်လို့ ဒေါသထွက်တာကို ထိန်းလို့ ရမယ့်နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ချရေးပါ
သင့်ကို စိတ်တိုစေမယ့် အရာတွေကို ချရေးပါ။ အသေးအမွှားလေးတွေအစ ချရေးပြီး သင့်စိတ်ထဲရှိတာတွေကို ရေးပစ်လိုက်တာ ကောင်းပါတယ်။ သင့်ရဲ့ အတွေးကမ္ဘာကြီးထဲမှာ ပျော်ပျော်ကြီးနေလိုက်ပါ။ ရေးချင်တာတွေ ချရေးပြီးသွားရင် ရေးထားတဲ့ စာရွက်ကို ဖျက်စီးလိုက်တာက ပိုပြီး စိတ်ချမ်းသာရမှာ သေချာပါတယ်။
(၂) ပီကေဝါးပါ
သုသေသနတွေ အရတော့ ဒေါသထွက်တဲ့ အချိန်မှာ ပီကေဝါးတာဟာ စိတ်ကို ပြေလျော့စေတယ်လို့ ဆိုပါတယ်။ ပီကေဝါးတဲ့ အချိန်မှာ မေးရိုးတွေက လှုပ်ရှားနေရတာကြောင့် စိတ်တင်းကြပ်မှုကို လျော့နည်းစေပါတယ်။ ဒါကြောင့် ပီကေကို အနားမှာ အမြဲ ဆောင်ထားပါလို့ အကြံပေးချင်ပါတယ်။
(၃) ပြေးပါ
ဒေါသအရမ်းထွက်လာပြီး သူများကို ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောမိတော့မယ်ဆိုရင် လမ်းထွက်လျှောက်တာ ဖြစ်ဖြစ် ပြေးတာ ဖြစ်ဖြစ် လုပ်လိုက်တာက ပိုကောင်းပါတယ်။ ခန္ဓာကိုယ်ဟာ လေ့ကျင့်ခန်းတွေ ပြုလုပ်တဲ့ အချိန်မှာ ကယ်လိုရီတွေ လောင်ကျွမ်းပြီး ပျော်ရွှင်စေတဲ့ ဟော်မုန်းကို ထုတ်ပေးတာကြောင့် တမိုင်လောက်ပြေးတာ ဒါမှမဟုတ် နာရီဝက်လောက် လမ်းလျှောက်တာမျိုးလုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။
(၄) သီချင်းဆိုပါ
ဒေါသထွက်နေပါတယ်ဆိုမှ သီချင်း ဘယ်လို ဆိုရမလဲဆိုပြိး စောဒကတက် မစောပါသေးနဲ့။ သီချင်းဆိုတာဟာ စိတ်ဖိစီးမှုနဲ့ ဒေါသကို လျော့ကျစေပါတယ်။ တနေနေရာရာကို သွားပြီး သင်အကြိုက်ဆုံးသီချင်းကို ဖွင့်ပါ။ ပီးရင် အသံကုန်လိုက်အော်ဆိုလိုက်ပါ။ ဒီလို ပြုလုပ်ခြင်းကြောင့် ဒေါသထွက်နေတဲ့စိတ်က ပြောင်းလဲသွားနိုင်ပြီး အံ့သြစရာကောင်းတဲ့ အကျိုးကျေးဇူးကို ရပါလိမ့်မယ်။
(၅) ကြွပ်ကြွပ်ရွရွ မုန့်တွေစားပါ
ဒေါသထွက်ရင် အစားစားလို့ ပိုပြီးတော့ ကောင်းပါတယ်။ ဒီထက်ပိုပြီး အဆင်ပြေတာက ကြွပ်ကြွပ်ရွရွ မုန့်တွေကို စားတာပါပဲ။ လူ့သဘောသဘာဝက အဲဒီ မုန့်ကြွပ်တွေကို ဝါးလို့ ထွက်လာတဲ့ အသံကို ကြိုက်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် မုန့် ကြွပ်ကြွပ်တွေဝါးပြီး သင့်ရဲ့ ဒေါသကို လျော့ချကြည့်ဖို့ အကြံပေးချပါတယ်။
Ref;brightside