ထိုင်းနိုင်ငံ၊ Chalerm Phra Kiat ခရိုင်ထဲက Buri Ram ရွာမှာရှိတဲ့ အသက် ၁၆ နှစ်သားအရွယ် ကျွဲမကြီးတကောင်ရဲ့ ဦးချိုတွေက စက်ဝိုင်းပုံစံဖြစ်နေတာကြောင့် ခရီးသွားတွေ အဲဒီနေရာကို စိတ်ဝင်တစားနဲ့ သွားရောက်ကြည့်ရှုနေကြရတယ်လို့ သိရပါတယ်။
အဲဒီ ကျွဲရဲ့ ပိုင်ရှင်ဖြစ်သူကတော့ Uthai Sill – anan ဆိုသူဖြစ်ပြီး အဆိုပါ ကျွဲမကြီးရဲ့ ခန္ဓာကိုယ်အချိုးအစား ပြောင်းလဲသွားတဲ့ သတင်းကို ကြားပြီးတဲ့နောက်မှတော့ ခရီးသွားတွေ လာရောက် လည်ပတ်မှု မြင့်မားလာခဲ့ပါတယ်။
ကျွဲပိုင်ရှင်ဖြစ်သူကတော့ သူ့ကျွဲကိုဘတ်ငွေ နှစ်သိန်းနဲ့ဝယ်ယူဖို့ ကမ်းလှမ်းချက်တွေ ရှိခဲ့ပေမယ့် သူအနေနဲ့ကတော့ လက်မခံခဲ့ဘူးလို့ ဆိုပါတယ်။ ဒီကျွဲမကြီးကိုလည်း သူ့အသက်သေတဲ့အထိ ပြုစုစောင့်ရှာက်သွားမယ်လို့ သူ့အနေနဲ့ ဆုံးဖြတ်ထားပါတယ်။
နောက်ပြီး သူထပ်ပြောတာကတော့ “Ban Nong Chok ကိုအလည်လာပြီး သူ့ကျွဲကို လာရောက် လေ့လာကြပါ။ ဘယ်သူပဲဖြစ်ဖြစ် ကျနော့်ကျွဲမကြီးကို မြင်လိုက်ရတယ်ဆိုရင် ချက်ချင်း ချစ်ခင်သွားကြမှာပါပဲ”လို့ သူက ပြောပါတယ်။
Bankgok Post တွင် ရေးသားထားသော Circle-horned buffalo ringed by tourists in Buri Ram village သတင်းအား ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။