အတွင်းခံတွေဟာ လူတွေ စိတ်ဝင်စားမှုနည်းတဲ့ အဝတ်အထည် အမျိုးအစား တခုပဲ ဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ အဝတ် ဖြစ်သလို ညစ်ညမ်းတယ်လို့ သတ်မှတ်ခံထားရတဲ့ အဝတ်လည်း ဖြစ်ပါတယ်။ ဒါကတော့ ကြည့်ရှုသူရဲ့ အမြင်နဲ့ပဲ သက်ဆိုင်ပါတယ်။
လူတော်တော်များများက အတွင်းခံတွေနဲ့ ပတ်သက်ရင် ဖွင့်ပြောပြလိုတဲ့ စိတ်တွေလည်း မရှိသလောက် နည်းတာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း အတွင်းခံတွေဟာ လူတွေရဲ့ စိတ်ဝင်စားခံရမှု လျော့နည်းလာခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီတခါမှာ အတွင်းခံတွေရဲ့ သင်မသိတဲ့ အကြောင်းအရာတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) အသုံးပြုပြီးသား အတွင်းခံများ
လူတယောက်ဝတ်ပြီးသား အတွင်းခံကို ဘယ်သူကမှ မလိုချင်ပါဘူး။ ဟုတ်ပါတယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံမှာတော့ အသုံးပြုပြီးသား အတွင်းခံတွေကို တရားဝင်ရောင်းချခွင့် ပေးပါတယ်။ အသုံးပြုပြီးသား အမျိုးသမီးဝတ် အတွင်းခံတွေကို ဝတ်ဆင်ထားတဲ့ အကြိမ်အရေအတွက်၊သန့်ရှင်းမှု စတာတွေကို ကြည့်ပြီး ဈေးမျိုးစုံကွာခြားတယ်လို့ သိရပါတယ်။
(၂) စားသုံးလို့ ရတဲ့ အတွင်းခံများ
ဆွဲဆောင်မှုရှိတဲ့ အတွင်းခံတထည် ဖြစ်လာဖို့ အတွက် ထူးဆန်းတဲ့ နည်းလမ်းတွေကို ရှာဖွေရာက ဖြစ်လာတဲ့ အတွင်းခံ အမျိုးအစား ဖြစ်ပါတယ်။ ဒီအတွင်းခံဟာ အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ဖုံးဖိပေးဖို့သာ အဝတ်စကို အသုံးပြုထားပြီး ကျန်တဲ့ နေရာတွေမှာတော့ အချိုအရသာတွေပါတဲ့ သကြားလုံးစတာတွေနဲ့ လုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
(၃) ထောင်သားများရဲ့ အတွင်းခံ
ကယ်လီဖိုးနီးယား နိုင်ငံမှာရှိတဲ့ ထောင်တွေမှာ ၁၉၉၀ ခုနှစ်များက စပြီး ထောင်သားတွေ ဝတ်တဲ့ အတွင်းခံကို ယခင်ပုံစံ မဟုတ်ဘဲ ပိုပြီး သေးတဲ့ ပုံစံကို ပြောင်းလဲချုပ်ခဲ့ပါတယ်။ ဒီလို ချုပ်တာဟာ အစိုးရရဲ့ ငွေကို ချွေတာဖို့ ဖြစ်ပါတယ်။
(၄) အမျိုးသားဝတ် အတွင်းခံများ
အမျိုးသားဝတ်အတွင်းခံတွေဟာ အမျိုးသမီးဝတ်အတွင်းခံတွေထက် ဈေးသက်သာပါတယ်။ ဒါ့အပြင် အမျိုးသားဝတ်အတွင်းခံ ရောင်းချမှုနှုန်းကို ကြည့်ပြီး နိုင်ငံရဲ့ ငွေကြေးပြေလည်မှုကို တွက်ချက်ကြည့်လို့ ရတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ ကမ္ဘာ့စီးပွားရေး ထိုးကျတဲ့ ၂၀၀၉ ခုနှစ်များက အမျိုးသား အတွင်းခံရောင်းရမှုနှုန်းဟာ ကျဆင်းသွားပြီး ၂၀၁၁ ခုနှစ်လောက်ကို ရောက်မှ ပြန်လည် တည်ငြိမ်မှုရှိလာတယ်လို့ သိရပါတယ်။
Ref; lifehack