မြို့တိုင်းမြို့တိုင်းဟာ သူ့အလှနဲ့သူ တမူထူးပြီး လှနေတာပါပဲ။ ဒါပေမဲ့ တချို့မြို့တွေကတော့ သူ့အလှနဲ့သူ ဆိုတာထက် ပိုပြီး ထူးဆန်းတဲ့ အရာတွေကို ပိုင်ဆိုင်ထားပါတယ်။ ဒီတခါမှာ ကမ္ဘာပေါ်က အထူးခြားဆုံး မြို့တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) လူသေဆုံးခွင့် မရှိတဲ့မြို့
နော်ဝေးနိုင်ငံ Svalbard မြို့နယ်မှာ ရှိတဲ့ Longyearbyen မြို့ဟာ ကမ္ဘာမြောက်ဖက်စွန်း အကျဆုံးမြို့ဖြစ်ပြီး လူသေဆုံးခွင့် မရှိလို့ တရားဝင်သတ်မှတ်ထားတဲ့ မြို့ဖြစ်ပါတယ်။ မြို့တွင်းမှာ သင်္ချိုင်း တခုရှိပေမယ့် အသုံးမပြုတော့တာ နှစ်ပေါင်း ၇၀ ကျော်ရှိပြီလို့ သိရပါတယ်။ ဒီမြို့မှာ လူသေခွင့်မပေးတော့တာဟာ အေးချမ်းလွန်းတဲ့ ရာသီဥတုကြောင့် ဖြစ်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
ရာသီဥတုအေးလွန်းတာကြောင့် မြှပ်နှံလိုက်တဲ့ အလောင်းတွေဟာ ပျက်စီးဖို့ ခက်ခဲပြီး တောရိုင်းတိရစ္ဆာန်တွေကို ဖိတ်ခေါ်နေသလို ဖြစ်တာကြောင့် မြို့တွင်းမှာ မလုံမခြုံဖြစ်ရတယ်လို့ ဆိုပါတယ်။ သေဆုံးခါနီးတဲ့ သူတွေကို လေယာဉ်နဲ့ နော်ဝေးအလယ်ပိုင်းကို ပို့ပေးတယ်လို့ သိရပါတယ်။
(၂) လောဘကင်းတဲ့ မြို့
အမေရိကန်နိုင်ငံမှာ ရှိတဲ့ Slab ဆိုတဲ့ မြို့ဟာ အငြိမ်းစားယူထားသူ၊ အိမ်ခြေယာမဲ့နဲ့ ဂျစ်ပစီတွေ နေထိုင်တဲ့ မြို့တမြို့ ဖြစ်ပါတယ်။ ဒီမြို့မှာနေထိုင်သူတွေဟာ လျှပ်စစ်မီး ၊ရေသန့် စတာတွေကို ရတခါ မရတလှည့်ဖြစ်ပေမယ့် ဂရုစိုက်လေ့ မရှိကြပါဘူး။
ဘာ လောဘမှ မရှိဘဲ အဆင်ပြေသလို နားလည်မှုနဲ့ နေထိုင်ကြတဲ့ မြို့တမြို့လည်း ဖြစ်ပါတယ်။ မြို့ မှာ နေထိုင်သူတွေဟာ သူတို့ မြို့ကို “အမေရိကန်နိုင်ငံရဲ့ လောဘကင်းစင်မြို့” လို့ သတ်မှတ်ထားကြပါတယ်။
(၃) တိုက်တတိုက်ပဲ ရှိတဲ့ မြို့
အမေရိကန်နိုင်ငံ အလက်စကာမြို့နယ်ထဲမှာ ရှိတဲ့ Whittier ဆိုတဲ့ မြို့ဟာ တမြို့လုံးပေါင်းမှ တိုက်တတိုက်သာ ရှိပါတယ်။ အဲဒီတိုက်ဟာ ၁၄ ထပ်ရှိပြီး တိုက်ထဲမှာပဲ လူနေအိမ်၊ ရဲစခန်း၊ ကျောင်းနဲ့ ဆေးရုံတို့ကို ထည့်သွင်း တည်ဆောက်ထားတာဖြစ်တယ်လို့ သိရပါတယ်။
လူဦးရေ ၂၂၀ ကျော်ရှိပြီး နေထိုင်သူတွေထဲမှာ လူဖြူ ၇၈ရာခိုင်နှုန်း၊ အာရှသား ၄ ရာခိုင်နှုန်း၊ အမေရိကန် ၃ရာခိုင်နှုန်းနဲ့ ဟာဝေယံလူမျိုး ၅ရာခိုင်နှုန်း ပါဝင်ပါတယ်။
Ref;weird