အင်ဒိုနီးရှား မူးယစ်နှိမ်နင်းရေးတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၈ ရက်နေ့က အာချီဒေသမှာရှိတဲ့ ဆေးခြောက်များ စိုက်ပျိုးထားတဲ့ တောင်တန်းတွေပေါ်မှာ အဲ့ဒီဒေသက ခိုးဝှက်စိုက်ပျိုးထားတဲ့ အလေးချိန် ၈၀၀ ကီလိုဂရမ် ဆေးခြောက်စိုက်ခင်းတွေကို ဖျက်ဆီးပစ်ခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ မွတ်ဆလင်အများစုနေထိုင်ရာ အာချေဒေသမှာ ဖျက်ဆီးခဲ့တာဖြစ်ပြီး ဆေးခြောက်ရှုရာမှာ အသုံးပြုတဲ့အိုးအပါအဝင် စိတ်ကြွဆေး ၁၉ ကီလိုဂရမ်ကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။
အာချီဒေသဟာ Sumatra ကျွန်းရဲ့ အစွန်အဖျားဒေသတခုဖြစ်ပြီး ရှေးရိုးစွဲဒေသတခုဖြစ်ပမယ့် ဒုစရိုက်မှုထူပြောတဲ့ ဒေသတခုပါပဲ။ လောင်းကစားမှု ၊ မူးယစ်သေစာသောက်သုံးမှု ၊ လိင်တူ ဆက်ဆံမှုနဲ့ဘာသာရေးနဲ့ဆန့်ကျင်တဲ့ လက်ထပ်ထိမ်းမြားမှုတွေ အပေါများဆုံးဒေသတခုဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလထဲမှာပဲ ဂျာမနီနိုင်ငံသားနဲ့ ပီရူးနိုင်ငံသားအပါအဝင် နိုင်ငံခြားသား ၅ ယောက် ဘာလီကျွန်းမှာ မူးယစ်မှောင်ခိုမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံခြားသားတွေဟာ ပြစ်မှုထင်ရှားခဲ့ရင် သေဒဏ်ကျခံရဖို့ အလားအလာ ရှိနေပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ မူးယစ်ဆေးဝါးကိစ္စတွေကို ဥပဒေတွေပြဌာန်းပြီး တင်းတင်းကျပ်ကျပ်ဆောင်ရွက်နေတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။
Ref : channelnewsasia