ဆွဲဆောင်မှုရှိတဲ့စာအုပ်တွေကိုပဲ ဖတ်ရှုချင်တယ်ဆိုရင်တော့ ၂၀၁၈ခုနှစ်ဟာ စာအမျိုးအစားမျိုးစုံထွက်ရှိခဲ့တဲ့ နှစ်တနှစ်ပဲဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့်စာအုပ်တွေကတော့ ၂၀၁၈ခုနှစ်အတွင်းမှာ အရောင်းရဆုံးနဲ့ လူသိအများဆုံးစာအုပ်တွေပဲဖြစ်ပါတယ်။
(၁) The French Girl
The French Girl စာအုပ်ဟာ Lexie Elliott ရေးသားထားတဲ့ စာအုပ်တအုပ်ဖြစ်ပြီး ကောလိပ်ကျောင်းသားဘဝ ပြီးဆုံးတဲ့အထိမ်းအမှတ်နဲ့ သူငယ်ချင်း ၆ ယောက်ဟာ ပြင်သစ်နိုင်ငံကို ခရီးထွက်လာခဲ့ကြတဲ့အကြောင်းပဲဖြစ်ပါတယ်။ ဒီခရီးမှာကြုံတွေ့ကြရတဲ့ Severine ဆိုတဲ့ မိန်းကလေးပျောက်ဆုံးမှုအပေါ် ဘယ်သက်ဆိုင်ရာဌာနကမှ စုံစမ်းစစ်ဆေးမှုမရှိဘဲ ဘယ်လိုအမှတ်တရမျိုးတွေနဲ့ ရင်ဆိုင်ကြရမလဲဆိုတာကို ဖတ်ရှုကြရမှာဖြစ်ပါတယ်။
စာအုပ်တန်ဖိုးကတော့ ၁၇ဒေါ်လာဖြစ်ပါတယ်။
(၂) The Queen Of Hearts
Kimmery Martin ရေးသားထားတဲ့ ဒီစာအုပ်ကတော့ Zadie Anson နဲ့ Emma Cooley တို့ သူငယ်ချင်းနှစ်ယောက်ရဲ့ ဆေးကျောင်းသားတွေအဖြစ်စတင်ခဲ့ချိန်ကနေ ကျောင်းပြီးတဲ့အထိကို သရုပ်ဖော်ထားတာဖြစ်ပါတယ်။
သူတို့နှစ်ယောက်ရဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်မှာ အခြေတကျရှိပြီး မိသားစုဘဝစတင်ကြပုံတွေကို အသေးစိတ် ဖော်ညွှန်းထားတာဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးဟာ တကယ့်ဘဝထဲရောက်ရှိလာတဲ့ အခါမှာတော့ အရင်ကျောင်းသားဘဝတုန်းကလို မဟုတ်တော့ဘဲ ပြောင်းလဲလာခဲ့တာတွေကို ရိုးရှင်းတဲ့အရေးအသားနဲ့ ထိထိမိမိ အသက်သွင်းထားတဲ့ စာအုပ်တအုပ်လည်းဖြစ်ပါတယ်။
စာအုပ်တန်ဖိုးအနေနဲ့ကတော့ ၁၇ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။
(၃) Mrs.
Caitlin Macy ရေးသားထားတဲ့ စာအုပ်တအုပ်ဖြစ်ပြီး လူမှုဆက်ဆံရေးရှုပ်ထွေးမှုတွေကို ဝတ္ထုရေးဟန်နဲ့ တစိတ်တပိုင်း ပုံဖော်ထားတာပဲဖြစ်ပါတယ်။ The Nest နဲ့ Prep ကို ကြိုက်နှစ်သက်သူစာဖတ်ပရိသတ်တွေအတွက်ကတော့ အခု Mrs. ကိုလည်း ကြိုက်နှစ်သက်ကြမှာဖြစ်ပါတယ်။
စာအုပ်တန်ဖိုးကတော့ ၁၇ဒေါ်လာဖြစ်ပါတယ်။
(၄) Everything Happens For A Reason: And Other Lies I’ve Loved
Kate Bowler ရေးသားထားတဲ့ စာအုပ်တအုပ်ဖြစ်ပြီး ကင်ဆာ အဆင့်(၄) ကို ရောက်ရှိနေပြီဖြစ်တဲ့ လူတယောက်အဖို့ သူတသက်တာ ယုံကြည်ခဲ့ရတဲ့ ယုံကြည်မှုတွေအားလုံးကို ပြန်လည်သုံးသပ်ဖို့ အချိန်ကို ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဇာတ်ကောင်ဖြစ်သူ Bowler ဟာ အခုလို နာမကျန်းဖြစ်မှုကြောင့် သူ့ကိုယ်သူရော သူ့ကံကြမ္မာကိုပါ အပြစ်မတင်နိုင်ကြောင်း လက်ခံဖို့ ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
စာအုပ်တန်ဖိုးကတော့ ၁၇ဒေါ်လာဖြစ်ပါတယ်။
(၅) Feel Free
Zadie Smith ရေးသားထားတဲ့ အက်ဆေးစုစည်းမှုစာအုပ်တအုပ်ဖြစ်ပြီး သူမရဲ့ ကျော်ကြားခဲ့တဲ့ White Teeth အပါအဝင် အခြားပုံနှိပ်ခြင်းမပြုလုပ်ရသေးတဲ့ စာမူပေါင်းများစွာကို စုစည်းထုတ်ဝေတာလည်းဖြစ်ပါတယ်။ စာအုပ်မှာ အပိုင်း(၅)ပိုင်းပါဝင်ပြီး In the World , In the Audience , In the Gallery , On the Bookshelf နဲ့ Feel Free စတဲ့အပိုင်းတွေပဲဖြစ်ပါတယ်။
တန်ဖိုးကတော့ ၁၈ဒေါ်လာဖြစ်ပါတယ်။
Ref: www.health.com