ကမ္ဘာပေါ်မှာရှိသမျှ အသုံးအဆောင်၊ မီးဖိုချောင်သုံး၊ အဝတ်အထည်ကအစ လျှပ်စစ်ပစ္စည်းအဆုံး တနေရာတည်းမှာ ဝယ်ယူနိုင်တဲ့ အကြီးဆုံး Online Shopping တခုဖြစ်တဲ့ Amazon ကိုတော့ ရင်းနှီးကြမှာပါ။
မရှိတဲ့ ပစ္စည်းမရှိရအောင် ထိုင်ရာကမထ၊ အိမ်ပြင်ထွက်ဝယ်စရာ မလိုဘဲ အွန်လိုင်းကနေ အဆင်သင့် မှာယူနေကြတဲ့ Amazon မှာ လူသိနည်းသေးတဲ့ ထူးထူးဆန်းဆန်းပစ္စည်းတွေလည်း ဝယ်ယူနိုင်ပါတယ်။
သင်ဟာ တိရစ္ဆာန်ချစ်သူ တဦးလား။ ဒီထဲမှာမှ အင်းဆက်လေးတွေ မွေးမြူရတာ သဘောကျတယ်ဆိုရင် Amazon ကတဆင့် ပုရွက်ဆိတ်ဆိုရင် ဒေါ်လာ ၅.၆၉၊ တီကောင်ဆိုရင် ဒေါ်လာ ၃၈.၉၅၊ ပုရစ်ဆိုရင် ဒေါ်လာ ၂၈.၉၉၊ ပိုးတောင်မာဆိုရင် ဒေါ်လာ ၂၀.၉၉ လောက်နဲ့ ဝယ်ယူနိုင်ပါတယ်။
ရှိတ်စပီးယားပြောခဲ့သလိုမျိုး ယူသုံးရမယ်ဆိုရင် အဆီပို အတုံးအတုတွေက ဝိတ်ချဖို့ အကောင်းဆုံးလှုံ့ဆော်ရေး ပစ္စည်းတွေပါပဲ။
ဒီအဆီပိုအတုကို ဝယ်ယူခဲ့သူတဦးရဲ့ အမြင်မှာဆိုရင် “ဒီအဆီပိုတုံးအတုကို အိမ်က ရေခဲသေတ္တာထဲမှာ ထည့်ထားတယ်၊ ထမင်းစားပွဲပေါ်မှာဆိုလည်း တင်ထားတယ်။ နောက်ဆုံး စားသောက်ဆိုင် သွားစားရင်တောင် ယူသွားတယ်” လို့ သူ့ရဲ့ဝိတ်ချနည်းအသစ်ကို ရေးထားပါတယ်။ Amazon မှာ ဒီလိုအဆီပိုတုံးတွေကို ဒေါ်လာ ၂၃ ကျော်နဲ့ ဝယ်ယူနိုင်ပါတယ်။
Amazon အွန်လိုင်းရှော့မှာ အိမ်သုံးပစ္စည်း၊ အဝတ်အထည်၊ အသုံးအဆောင်အသေးအမွှားတွေချည်းပဲ ဝယ်လို့ရတာ မဟုတ်ပါဘူး။ ၁၀ ပေ၊ ၁၅ ပေ အရွယ်အစား ဂိုဒေါင်တံခါးမျိုးကြီးတွေလို အကြီးစားတွေကို ဒေါ်လာ ၁,၅၀၀ ကျော်လောက်ကနေ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။
နောက်ထပ် ထူးထူးဆန်းဆန်းပစ္စည်းတခုက AK-47 ကျည်ဆန်တောင့်ပုံစံ ရေခဲခွက်တွေပါ။ ဒါ့ပြင် အသည်းပုံ၊ ပင်ဂွင်းပုံစံ ဆန်းဆန်းပြားပြားလေးတွေအဆုံး ၅ ဒေါ်လာကနေ ၁၀ ဒေါ်လာထိ ဝယ်ယူနိုင်ပါတယ်။
Marshmallow ချစ်သူတွေဆိုရင် အကြိုက်တွေ့မယ့်ပစ္စည်းကတော့ ၈ ပေါင်အလေးချိန်ရှိတဲ့ Cereal Marshmallow ထုပ်ကြီးတွေပါ။ စူပါမားကတ်တွေမှာ အထုပ်သေးလေးတွေပဲ ဝယ်လို့ရတယ်ဆိုရင် ဒီလိုအ ထုပ်ကြီးတွေကို ဒေါ်လာ ၄၉ ဒေါ်လာနဲ့ ဝယ်ယူနိုင်ပါတယ်။ ဒါ့အပြင် အိမ်သာသုံးစက္ကူအထုပ် ၈၀ ပါ တပါကင်ကို ဒေါ်လာ ၄၁ ဒေါ်လာနဲ့လည်း ဝယ်ယူနိုင်ပါတယ်။
Amazon မှာ ၂ ကာရက်ကနေ ၁၅ ကာရက် ရှိတဲ့ စေ့စပ်လက်စွပ်ကွင်းတွေကိုလည်း မှာယူနိုင်သလို ခွေးချစ်သူ တွေအတွက် corgi တင်ပါးပုံစံအိတ်ကိုပါ ၁၅ ဒေါ်လာနဲ့ ဝယ်ယူနိုင်ပါသေးတယ်။
နောက်ထပ်ရနိုင်တဲ့ ထူးထူးဆန်းဆန်းပစ္စည်းတွေက အာလူးချောင်းကြော်ထည့်ယူသွားနိုင်တဲ့ French Fry Holder ၊ မြက်ခင်းပုံစံ ဖိနပ်အပါး၊ အနွေးထည်ကို အိတ်မပါတာလိုချင်ရင် ဖြုတ်၊ တပ်နိုင်တဲ့ temporary pocket လေးတွေကအစ ဝယ်ယူနိုင်ပါတယ်။
Ref: Reader’s Digest