စာတိုက်ကနေ စာပို့တာတွေဟာ ယနေ့ခေတ်မှာ သိပ်ပြီး မတွင်ကျယ်တော့ပါဘူး။ ဒါပေမဲ့ ပစ္စည်းတွေ ပို့တဲ့ အခါမှာတော့ စာတိုက်ကို အသုံးပြုနေရဆဲပဲ ဖြစ်ပါတယ်။ ကမ္ဘာမှာလည်း စာတိုက်လုပ်ငန်းဟာ ပုံမှန်လည်ပတ်နေဆဲ ဖြစ်တဲ့ လုပ်ငန်းတခုဖြစ်နေပါတယ်။
ဒါကြောင့် ဒီတခါမှာ သာမန်ပစ္စည်းတွေ မဟုတ်ဘဲ စာတိုက်ကနေပို့ဖူးတဲ့ အထူးခြားဆုံးပစ္စည်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ရောဂါပိုး
နယူးရောက်ပို့စ်ရုံးရဲ့ အတည်ပြုပေးချက်အရ ၁၈၉၅ ခုနှစ်များမှာ ဆရာဝန်တွေဟာ စာတိုက်မှ တဆင့် လူတွေ နေထိုင်ရာအိမ်တွေကို ရောဂါပိုးပါတဲ့ ပုလင်းတွေကို စာတိုက်တွေမှ တဆင့် ပို့ပေးခဲ့တယ်လို့ သိရပါတယ်။
(၂) လက်ဝတ်ရတနာ
၁၉၅၈ ခုနှစ်မှာ ဟယ်ရီဝင်းစတန် ဆိုတဲ့ အမျိုးသားဟာ သာမန်လူများရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အမေရိကန်ဒေါ်လာ ၁မီလီယံတန်ကြေးရှိတဲ့ စိန်တုံးကို ကျောက်မျက်ရတနာပြတိုက်ကို လှူတန်းဖို့ စိတ်ကူးလိုက်ပါတယ်။ ဒါပေမဲ့ ပြတိုက်ဟာ သူ့ရဲ့ စိန်တုံးကို သယ်ယူပို့ဆောင်ဖို့ တာဝန်မယူရဲတာကြောင့် စာတိုက်မှ တဆင့်သာ စိန်တုံးကို ပြတိုက်ကို ပို့ပေးခဲ့တယ်လို့ သိရပါတယ်။
(၃) အာလူး
အာလူးကတော့ ၂၀၀၀ ပြည့်နှစ်များမှာ စာတိုက်ပို့ဆောင်ရေးမှာ အများဆုံးပို့ပေးခဲ့ရတဲ့ ပစ္စည်းဖြစ်ပါတယ်။ အာလူးရဲ့ အပေါ်မှာပဲ တံဆိပ်ခေါင်းတွေကို ကပ်ပြီး အသိမိတ်ဆွေတွေကို စနောက်ဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံတခုက တခုကိုတောင် ပို့ပေးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ အာလူးပေါ်မှာ ကိုယ်ရေးချင်တဲ့ စာကိုရေးပြီး ပို့ပေးကြတာလည်း ဖြစ်ပါတယ်။
(၄) ခန္ဓာကိုယ်အစိတ်အပိုင်း
မင်းသား Jared Leto ဟာ တခါက စာတိုက်မှ တဆင့် နားရွက်တခုကို ပို့ပေးခြင်းခံရဖူးတယ်လို့ အင်တာဗျူးတခုမှာ ဆိုပါတယ်။ ပရိသတ်တယောက်က သတိပေးတဲ့ အနေနဲ့ နားရွက်ကို ပို့ပေးတာဖြစ်ပေမယ့် မင်းသားကတော့ အဲဒီနားရွက်ကို ဆွဲကြိုးမှာ ချိတ်ဆွဲပြီး ပွဲတွေ တက်ခဲ့တယ်လို့ သိရပါတယ်။ ရှေးယခင်က ကလေးများနဲ့ ကျွန်များကိုလည်း စာတိုက်ကတဆင့် ပို့ဆောင်ကြတယ်လို့ ဆိုပါတယ်။
Ref;wot