၂၀၁၈ ခုနှစ်အတွက် U.S. News & World Report’s က အစီအရင်ခံစာ တစောင်ကို ပြုစုခဲ့ပါတယ်။ အဲဒီ အစီအရင်ခံစာကတော့ “ ဘယ်နိုင်ငံဟာ ကလေးတွေနေထိုင်ဖို့ အသင့်လျော်ဆုံးလဲ”ဆိုတာပါပဲ။ အဓိက အခြေခံတဲ့ အချက်တွေကတော့ အောက်ဖော်ပြပါအချက်တွေဖြစ်ပါတယ်။
(၁) လူ့အခွင့်အရေး စောင့်ရှောက်မှု
(၂) မိသားစုဆက်ဆံရေး ဖော်ရွေပြေပြစ်မှု
(၃) လိင်အခွင့်အရေး သာတူညီမျှမှု
(၄) ပျော်ရွှင်မှု
(၅) ဝင်ငွေတန်းတူညီမျှမှု
(၆) အသက်အန္တရာယ်လုံခြုံမှု
(၇) ပညာရေးစနစ်ကောင်းမွန်မှု နဲ့
(၈) ကျန်းမာရေးစောင့်ရှောက်မှု တို့ပဲ ဖြစ်ပါတယ်။
ဒီအချက်အလက်တွေပေါ် အခြေခံထားချက်အရ ဒိန်းမတ် (Denmark) နိုင်ငံက နံပါတ် ၁ နေရာမှာ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂နှစ်တုန်းကတော့ ဆွီဒင်နိုင်ငံက နံပါတ် ၁ ပါပဲ။ ဒါပေမဲ့ ၂၀၁၈ စာရင်းတွေအရကတော့ ဆွီဒင် (Sweden)နိုင်ငံက နံပါတ် ၂ နေရာကို ရောက်သွားခဲ့ပါတယ်။
U.S. News & World Report’s က နိုင်ငံ ၁၀ နိုင်ငံရဲ့ စာရင်းကို ဖော်ပြရာမှာ နိုင်ငံအားလုံးဟာ မတိမ်းမယိမ်းတွေပါပဲ။ အဲဒီ နိုင်ငံ ၁၀ နိုင်ငံကတော့ –
(၁) ဒိန်းမတ် (Denmark)
(၂) ဆွီဒင် (Sweden)
(၃) နော်ဝေ (Norway)
(၄) ဖင်လန် (Finland)
(၅) ကနေဒါ (Canada)
(၆) နယ်သာလန် (Netherlands)
(၇) ဆွစ်ဇာလန် (Switzerland)
(၈) နယူးဇီလန် (New Zealand)
(၉ ) သြစတြေးလျ (Australia) နဲ့
(၁၀) သြစတြီးယား (Austria) တို့ပါ ဖြစ်ပါတယ်။
ဒီနိုင်ငံတွေအားလုံးဟာ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ သယ်ယူပို့ဆောင်ရေး၊ အမျိုးသမီး အခွင့်အလမ်း၊ သဘာဝပတ်ဝန်းကျင် စတာတွေမှာ အလွန်အမင်း ကွဲပြားမှုတွေ မရှိပါကြဘူး။
Ref : cnbc