ယနေ့ခေတ်မှာ မဂ္ဂဇင်း၊ဂျာနယ်နဲ့ အင်တာနက်တွေကို နေ့တိုင်း အသုံးပြုနေတာကြောင့် သင်ကြိုက်နှစ်သက်တဲ့ အနုပညာရှင်တွေနဲ့ ပတ်သက်တာတွေကို Instagram, Twitter နဲ့ Facebook တို့မှာ ရှာဖွေကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ နည်းပညာတိုးတက်မှုအရမ်းနှေးခဲ့တဲ့ ၁၈၀၀ ပြည့်နှစ်များနဲ့ ၁၉၀၀ ပြည့်နှစ်များက အနုပညာရှင်တွေရဲ့ ဓာတ်ပုံတွေကတော့ တကယ့်ကို ရှားပါးပစ္စည်းတွေပဲ ဖြစ်ပါတယ်။ သင့်ဘဝတလျှောက် တခါမှ မမြင်ဖူးမယ့် ကမ္ဘာကျော်တွေရဲ့ ရှားပါးပုံတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ကာယဗလမောင်လုပ်ရင်း နာမည်ကြီးလာတဲ့ အာနိုးဟာ ၁၉၆၉ ခုနှစ်က သူ့ရဲ့ Gym ကို လူတွေ လာရောက် ဆော့ကစားဖို့အတွက် မြူးနစ်မြို့က လမ်းမတွေပေါ်မှာ အမျိုးသားဝတ် ရေကူးဝတ် စုံတခုတည်းကိုပဲ ဝတ်ဆင်ပြီး လမ်းလျှောက်ခဲ့ပါတယ်။
(၂) အဆိုတော်ကြီး Elvis Presely ဟာ ၁၉၅၆ ခုနှစ်က ဆံပင်ညှပ်ဆိုင်တခုမှာ သူ့ရဲ့ ညှပ်ပြီးသွားတဲ့ ဆံပင်ရဲ့ အနောက်ပိုင်းကို မှန်သေးသေးနဲ့ ကြည့်နေတဲ့ ပုံဖြစ်ပါတယ်။
(၃) ဒီပုံကတော့ သိပ္ပံပညာရှင်ကြီး Albert Einstein ရဲ့ အသက် ၁၂ အရွယ်က ပုံဖြစ်ပါတယ်။ ဒီပုံကိုတော့ ၁၈၉၁ ခုနှစ်က ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။
(၄) ပန်းချီဆရာ၊ ပန်းပုသမား၊ ရုပ်ရှင်မင်းသား၊ ဓာတ်ပုံဆရာ၊ စာရေးဆရာနဲ့ ရုပ်သံရိုက်ကူးသူတဦးဖြစ်တဲ့ Salvador Dali ကတော့ အမှန်တကယ်ကို စွယ်စုံရတဲ့ အနုပညာရှင်တဦးဖြစ်ပါတယ်။ ၁၉၅၃ခုနှစ်က ကမ်းခြေတခုမှာ နေပူစာလှုံနေတဲ့ Salvador Dali ရဲ့ ပုံပဲဖြစ်ပါတယ်။
(၅) နောက်တတပုံကတော့ မင်းသားကြီး ချာလီချက်ပလင်ရဲ့ ၁၉၂၅ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ The Gold Rush ဆိုတဲ့ ဇာတ်ကားရဲ့ ရိုက်ကွင်းမှာ ချာလီချက်ပလင်ဟာ ခွေးလေးနဲ့ အတူရှိနေတဲ့ပုံကို မှတ်တမ်းတင်ထားတာပဲ ဖြစ်ပါတယ်။
(၆) ဒီပုံကတော့ တချိန်မှာ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး လူမဲသမ္မတ ဖြစ်လာမယ့် Barack Obama ရဲ့ အသက် ၄ နှစ်အရွယ်က ပုံဖြစ်ပါတယ်။ ပုံကို ၁၉၆၅ ခုနှစ်မှာ ရိုက်ထားတာဖြစ်ပြီး ပုံထဲမှာ ဘားရတ်ဟာ အထောက်ပါတဲ့ စက်ဘီးကို ပျော်ပျော်ရွှင်ရွှင် စီးနေတာကို မြင်ရမှာပါ။
(၇) မင်းသားကြီး Harrison Ford နဲ့ နာမည်ကျော်ဒါရိုက်တာ Steven Spielberg တို့ဟာ နောက်တချိန်မှာ လူကြိုက်အရမ်းများလာမယ့် Indiana Jones ရိုက်ကွင်းမှာ ခဏအနားယူနေတဲ့ပုံပဲ ဖြစ်ပါတယ်။ ဒီပုံကိုတော့ ၁၉၈၉ ခုနှစ်မှာ ရိုက်ကွင်းအလုပ်သမားတဦးက ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
Ref;celehub