ယနေ့ခေတ်မှာ ကျား၊ မ တန်းတူ အခွင့်အရေး ဆိုတာကို ရအောင် ကြိုးပမ်းခဲ့ကြတဲ့ အမျိုးသမီးတွေ အများကြီး ရှိပါတယ်။ ဒါတွေကို မရခင်က ဖိနှိပ်ခံအဖြစ်ကနေ အမျိုးသမီးတွေ အားလုံးအတွက် ကြိုးပမ်းခဲ့တဲ့ အမျိုးသမီးတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။
(၁) Kathrine Switzer
Kathrine Switzer ဟာ ဘော့စတွန် မာရသွန်ပွဲမှာ တရားဝင်စာရင်းသွင်းပြီး ပြေးခဲ့တဲ့ ပထမဆုံးအမျိုးသမီးဖြစ်ပါတယ်။ သူမကို တာဝန်ရှိသူတွေက ခွင့်မပြုလိုတာကြောင့် ပြေးလမ်းထဲထိ ဝင်ပြီး ဆွဲနေတာကို မြင်ရမှာပါ။
(၂) Irina Rodnina
အိုလံပစ်မှာ သုံးကြိမ်၊ ကမ္ဘာ့ချန်ပီယံရှစ်ပ်မှာ ၁၀ ကြိမ်တိုင်တိုင် ဆုရထားတဲ့ စကိတ်စီးအတွဲရဲ့ အဖွဲ့ဝင် Irina Rodnina ဟာ ငယ်ငယ်က နမိုးနီးယားရောဂါကို ၁၁ ကြိမ် ခံစားခဲ့ရသူဖြစ်ပါတယ်။ သူမရဲ့ ဇွဲကြီးမှုတွေဟာ အမျိုးသမီးထုအတွက် အားတခုဖြစ်ခဲ့တာ အမှန်ပါပဲ။
(၃) Lella Lombardi
The Formula One World Championship မှာ ပန်းတိုင်ထိရောက်အောင် ပြိုင်နိုင်ခဲ့တဲ့ အမျိုးသမီးကတော့ Lella Lombardi ဖြစ်ပါတယ်။
(၄) Smaranda Brăescu
Smaranda Brăescu ကတော့ ကနဦး လေထီးခုန်အဖွဲ့တွေမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ သူမဟာ ကမ္ဘာ့ပထမဆုံး လေထီးခုန်ခွင့်ကို ရရှိခဲ့တဲ့ အမျိုးသမီးတွေထဲက တဦးလည်း ဖြစ်ပါတယ်။
(၅) Annie Smith Peck
Annie Smith Peck ကတော့ Alpine တောင်တက်အဖွ့ဲကို တည်ထောင်သူတွေထဲက တဦးဖြစ်ပါတယ်။ သူမဟာ အသက် ၈၂ ထိ တောင်တက်ခြင်းကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ၁၈၉၅ ခုနှစ်မှာ သူမဟာ အမျိုးသမီးတွေ ဘောင်းဘီဝတ်ခွင့် မရှိတဲ့ ဥပဒေကို ဆန့်ကျင်ပြီး တောင်တက်ဘောင်းဘီဝတ်ခဲ့တာကြောင့် သတင်းစာရှင်းလင်းပွဲတွေ ပြုလုပ်ခဲ့ရပါသေးတယ်။
(၆) Nellie Bly
Nellie Bly ကတော့ ရူးသွပ်ချင်ယောင်ဆောင်ပြီး အရူးထောင်တွေမှာ သတင်းယူခဲ့တဲ့ သတင်းထောက်ဖြစ်ပါတယ်။ သူမဟာ စိတ္တဇဆေးရုံတွေက သူတို့ရဲ့ လူနာတွေအပေါ် ဆက်ဆံမှုအမှန်ကို ဖော်ထုတ်ချင်တဲ့အတွက် ရူးချင်ယောင်ဆောင်ပြီး ၁၀ ရက် သတင်းယူခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် သူမဟာ ကမ္ဘာကို ၇၂ ရက်နဲ့ ပတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။
Ref ; abn