Instagram ဟာ ကမ္ဘာအရပ်ရပ်က လူငယ်တွေရဲ့ ကျင်လည်ရာဆိုရှယ် မီဒီယာ တခုဖြစ်ပါတယ်။ Instagram မှာ ပိုက်ဆံရှာဖွေနေကြတဲ့ Celebrity တွေထက် ပိုပြီး Like ရသွားတဲ့ အရာကတော့ ကြက်ဥတလုံးရဲ့ ပို့စ်ပဲ ဖြစ်ပါတယ်။ အဲဒီ Instagram စာမျက်နှာမှာ ကြက်ဥတလုံးရဲ့ ပုံကိုသာ ရှေ့တည့်တည့်က ရိုက်ပြီး တင်ထားတာ ဖြစ်ပါတယ်။
ဒီကြက်ဥပုံကို ဇန်နဝါရီလ ၅ ရက်နေ့မှာ စပြီး တင်ထားခဲ့တာဖြစ်ပါတယ်။ တင်ပြီးပြီးချင်းမှာ Like ၃၅ မီလီယံ ရရှိခဲ့ပါတယ်။ Instagram ရဲ့ Like အများဆုံး ဓာတ်ပုံဟာ မော်ဒယ်လ် Kylie Jenner က သူမရဲ့ ကလေးမွေးဖွားမှုကို ကြေညာတဲ့ပို့စ် ဖြစ်ပါတယ်။
ဒီကြက်ဥပုံကို တင်ထားတဲ့ အကောင့်နာမည်က @world_record_egg ဖြစ်ပြီး ကြက်ဥပုံ တပုံတည်းကိုသာ တင်ထားတာပါ။ အခုဆိုရင် အဲဒီအကောင့်မှာ Follower ၅ ဒဿမ ၂ မီလီယံရှိပြီ လို့ သိရပါတယ်။
ကြက်ဥပုံရဲ့ အောက်မှာ ခေါင်းစဉ်အနေနဲ့ “လက်ရှိမှာ Like အများဆုံးဖြစ်တဲ့ Kylie Jenner ရဲ့ ပို့စ်တွေကို ကျော်လွန်ပြီး ကမ္ဘာ့စံချိန်တခုကို အတူတူ ပြုလုပ်ကြရအောင်” လို့ ရေးသားထားတာကို တွေ့ရပါတယ်။ Kylie Jenner ရဲ့ ပို့စ်ဟာ Like ပြုလုပ်သူ ၁၈ မီလီယံ ရှိနေတာဖြစ်ပါတယ်။ ကြက်ဥပုံမှာ Like ပြုလုပ်သူဟာ ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ၃၈ မီလီယံ ရှိနေပြီဖြစ်ပါတယ်။
ကြက်ဥအကောင့်ဟာ ကမ္ဘာကျော် ဂီတပညာရှင်များ၊ Meme အကောင့်များနဲ့ အမေရိကန်ရဲ့ သာမန် ဆယ်ကျော်သက်များကို Follow လုပ်ထားတာကို တွေ့ရပါတယ်။
လူတော်တော်များများကတော့ ဒီကြက်ဥအကောင့်ရဲ့ ပိုင်ရှင်ဘယ်သူမှန်း မသိဘဲနဲ့တောင် အောင်မြင်နေတာကြောင့် Instagram အသုံးပြုသူတွေဟာ အရည်အချင်း မရှိတဲ့ အနုပညာရှင် အမည်ခံတွေကို စိတ်ပျက် စိတ်ကုန်နေခြင်းကြောင့် ဖြစ်တယ်လို့ ပြောဆိုနေကြပြီး ကြက်ဥအကောင့်ကို Troll တဲ့ ဗီဒီယိုတွေနဲ့ Meme တွေလည်း အမြောက်အများ ပေါ်ထွက်နေပါတယ်။
Instagram မှာ ကြက်ဥပုံ တင်ထားတဲ့ အကောင့်
https://www.instagram.com/world_record_egg/?utm_source=ig_embed
Ref ; trendnow