စစ်တမ်းကောက်ယူချက်တွေအရ စမတ်ဖုန်းအသုံးပြုသူတွေရဲ့ ဖုန်းကိုင်တွယ် အသုံးပြုပုံတွေကနေတဆင့် သူတို့ရဲ့ စိတ်နေစိတ်ထားနဲ့ အကြောင်းအရာတချို့ကို ခန့်မှန်းနိုင်တယ်လို့ ဆိုပါတယ်။ လူတယောက်ရဲ့ စိတ်နေစိတ်ထားနဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖုန်းကိုင်တွယ်ပုံကနေ အလုံးစုံတော့ မသိနိုင်ပေမယ့် တစိတ်တပိုင်းလောက်ကိုတော့ ခန့်မှန်း သိရှိနိုင်မှာပဲ ဖြစ်ပါတယ်။
(၁) စမတ်ဖုန်းတွေ ကိုင်တွယ် အသုံးပြုတဲ့အခါ လက်တဖက်တည်းကိုသာ အသုံးပြုတဲ့သူတွေကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူတွေပဲ ဖြစ်ကြပြီး စိုးရိမ်ပူပန်မှု လွန်ကဲတတ်သူတွေလည်း ဖြစ်ကြပါတယ်။ လူတွေနဲ့ ဆက်ဆံရေးတခုကို စတင်ဖို့ အချိန်ယူလေ့လာလေ့ ရှိတာကြောင့် တခြားသူတွေရဲ့အမြင်မှာ သင်ဟာ တကိုယ်တည်းနေတတ်သူ ဒါမှမဟုတ် လူတွေနဲ့ ခပ်ကင်းကင်းနေတတ်သူအဖြစ် ထင်မြင်တတ်ကြပါတယ်။
(၂) နံပါတ် ၂ ပုံအတိုင်း စမတ်ဖုန်းကို ကိုင်တွယ်အသုံးပြုလေ့ရှိသူတွေကတော့ အလိုက်သိတတ်သူတွေဖြစ်ကြပြီး အမြော်အမြင်ရှိသူတွေပဲ ဖြစ်ပါတယ်။ ဘယ်အလုပ်မဆို မစတင်ခင်တည်းက သေချာစွာ စဉ်းစားဆင်ခြင်တတ်လေ့ ရှိတာကြောင့် သင့်ကို လိမ်ဖို့ဆိုတာကတော့ မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမယ့် အချစ်ရေးကိစ္စတွေမှာတော့ တွေဝေတတ်တာကြောင့် သင့်ကို ထိခိုက်စေတတ်ပါတယ်။
(၃) နံပါတ် ၃ ပုံအတိုင်း လက်နှစ်ဖက်လုံးကို စမတ်ဖုန်း ကိုင်တွယ်အသုံးပြုသူတွေကတော့ ဖျတ်လတ်ပြီး ဟာသဉာဏ်ရွှင်သူတွေပဲ ဖြစ်ကြပြီး ဆုံးဖြတ်ချက် လျင်လျင်မြန်မြန် ချတတ်သူတွေလည်း ဖြစ်ကြပါတယ်။ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ရှိတတ်ပေမယ့် အချစ်ရေးကိစ္စမှာတော့ အရှက်အကြောက်ကြီးတာကြောင့် နှောင့်နှေးနေတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။
(၄) နံပါတ် ၄ ပုံအတိုင်း ကိုင်တွယ်အသုံးပြုသူတွေကတော့ ဖန်တီးနိုင်စွမ်းမြင့်မားသူတွေ ဖြစ်ပြီး ဘဝနေထိုင်မှုနဲ့ ပတ်သက်တဲ့ အကြံဉာဏ်ကောင်းတွေကို ပိုင်ဆိုင်ထားသူတွေပဲ ဖြစ်ပါတယ်။ အချစ်ရေးမှာ ပွင့်ပွင့်လင်းလင် းရှိသူတွေဖြစ်တာကြောင့် တခြားသူတွေအမြင်မှာ အထူးအဆန်းလိုလည်း ဖြစ်နေတတ်ပါတယ်။
Ref : brightside.me