၂၀၁၈ခုနှစ် မှာ ခေတ်စားခဲ့တဲ့ ထူးထူးဆန်းဆန်း အလှအပရေးရာများ
အလှအပရေးရာတွေဟာ အချိန်နဲ့အမျှပြောင်းလဲခေတ်စားနေတာပဲဖြစ်ပြီး အခုဖော်ပြပေးမှာကတော့ ၂၀၁၈ ခုနှစ်မှာ ရေပန်းစားခဲ့တဲ့ အလှအပရေးရာအဖြာဖြာတွေပဲ ဖြစ်ပါတယ်။
(၁) ဝက်အူပုံ လက်သည်းအလှဆင်ခြင်း
လက်သည်းကို အမျိုးမျိုးပုံဖော်အလှဆင်မှုတွေ အများကြီးထဲကမှ ဝက်အူပုံတွန့်တွန့်လိမ်လိမ်ပုံစံ လက်သည်း အလှဆင်ခြင်းဟာ ၂၀၁၈ ခုနှစ်မှာ ခေတ်စားခဲ့တဲ့ Beauty Trend တွေထဲက တခုပဲဖြစ်ပါတယ်။
(၂) မရောနိစ်နဲ့ပေါင်းတင်ခြင်း
ဆင်းဒဝှစ်ချ်တွေနဲ့ဆလပ်တွေထဲမှာ ထည့်စားလေ့ရှိတဲ့ မရောနိစ်ဟာ အသားအရေကို သဘာဝအတိုင်းရေ ဓာတ်ပြည့်ဝနေအောင် ဖြည့်တင်းပေးနိုင်တာကြောင့် အသားအရေကိုစိုပြည်ကြည်လင်လိုသူတွေဟာ မရောနိစ်ကို အသုံးပြုပြီး ပေါင်းတင်ကြပါတယ်။
(၃) မျက်နှာကိုမီးနဲ့သန့်စင်ခြင်း
ဒါကတော့ တရုတ်နိုင်ငံက Beauty Saloon တွေမှာ ခေတ်စားခဲ့တဲ့ နည်းလမ်းတခုပဲဖြစ်ပြီး ဆဲလ်အသစ်တွေ ပြန်လည်ဖြစ်ပေါ်စေဖို့နဲ့ ငယ်ရွယ်နုပျိုစေဖို့အတွက် မီးကိုအသုံးပြုပြီး မျက်နှာကို သန့်စင်ကြတာပဲဖြစ်ပါတယ်။
(၄) မျက်တောင်မွှေးကို အသားရောင်အတိုင်းပြုလုပ်ခြင်း
Instagram မှာ Beauty Blogger တွေအကြား ရေပန်းစားခဲ့တဲ့ အလှအပရေးရာတခုပဲဖြစ်ပြီး Liqiid Foundation တွေနဲ့ ပေါင်ဒါတွေကို အသုံးပြုကာ ပြုလုပ်ဖန်တီးကြတာပဲ ဖြစ်ပါတယ်။
(၅) Anime make-up
Animation ကာတွန်းရုပ်ရှင်တွေက ဇာတ်ကောင်တွေအတိုင်း မိတ်ကပ်ပြင်ဆင်မှုတွေဟာ ဆိုရင်လည်း ၂၀၁၈ ခုနှစ်မှာ ရေပန်းစားခဲ့တာပဲ ဖြစ်ပါတယ်။
(၆) Lip Tattoo
ခန္ဓာကိုယ်အစိတ်အပိုင်း နေရာအနှံမှာ တက်တူးထိုးကြပေမယ့် နှုတ်ခမ်းမှာ တက်တူးထိုးတဲ့ အလှဆင်မှုကတော့ လုပ်တဲ့သူမရှိသလောက်ပါပဲ။ ဒါပေမယ့် ၂၀၁၈ ခုနှစ်မှာတော့ နှုတ်ခမ်းသားပေါ်မှာ ချစ်စရာကောင်းတဲ့ emoji ပုံစံတွေနဲ့ အသည်းပုံအသေးစားလေးတွေကို Temporary Tattoo ထိုးသူတွေနဲ့ ရေပန်းစားခဲ့ပါတယ်။
Ref. m.timesofindia.com