“ဈေးသုံးလည်းမလွယ်နဲ့ ရှေးထုံးလည်း မပယ်နဲ့” ဆိုတဲ့ စကားပုံဟာ နိုင်ငံတိုင်းမှာ အကျုံးဝင်ပုံရပါတယ်။ နိုင်ငံတိုင်း မှာ ထူးခြားတဲ့ အယူအဆတွေ ရှိပြီး အဲဒီ အယူအဆတွေကို ယနေ့ခေတ်လူငယ်တွေကပါ ယုံယုံကြည်ကြည် လက်ခံထားတာကို တွေ့ရပါတယ်။
ဒါကြောင့် ဒီတခါမှာ ကမ္ဘာတဝှမ်းမှာရှိတဲ့ ထူးထူးခြားခြား အယူအဆတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ရုရှားနိုင်ငံမှာ ငှက်ရဲ့ မစင်က လူပေါ်ကို ကျလာတယ်ဆိုရင် ငွေဝင်မယ်လို့ ယူဆပါတယ်။
(၂) ပြင်သစ်နိုင်ငံမှာတော့ ခွေးရဲ့မစင်ကို ဘယ်ခြေထောက်နဲ့ နင်းမိရင် ပျော်ရွှင်ခြင်းတွေကို ပိုင်ဆိုင်ရမယ်လို့ယူဆပြီး ညာခြေထောက်နဲ့ နင်းမိရင်တော့ ကံဆိုးခြင်းတွေ ဖြစ်လာလိမ့်မယ်လို့ ယူဆကြပါတယ်။
(၃) ဂရိမှာ ဆိုရင် မတော်တဆ သင်နှာချေခြင်းဟာ တစုံတယောက်က သင့်အကြောင်းကို ပြောနေလို့ ဖြစ်တယ်လို့ မှတ်ယူကြပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း နားအရေပြားပူလာခြင်းဟာ တစုံတယောက်က သင့်အကြောင်းကို ပြောနေလို့ ဆိုတဲ့ အယူအဆနဲ့ အလားသဏ္ဍာန်တူပါတယ်။ ဒါ့အပြင် ဂရိတွေဟာ အဆူးပါတဲ့ ရှားစောင်းပင်ကို စိုက်ပျိုးခြင်းဟာ အဆိုးတွေ ဖြစ်တာကို ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။
(၄) ဒိန်းမတ်မှာတော့ ပန်းကန်ကွဲတာဟာ ကံကောင်းမှုဖြစ်ပါတယ်။ ကွဲနေတဲ့ ပန်းကန်များကိုလည်း ခရစ်စမတ် လက်ဆောင်အဖြစ် ပေးကြတယ်လို့ ဆိုပါတယ်။ လက်ထပ်ပြီးစ ဇနီးမောင်နှံတွေဟာလည်း မင်္ဂလာပွဲပြီးရင် ပန်းကန်တွေကို ခွဲလေ့ရှိပါတယ်။
(၅) ခေါက်ဆွဲဖက် အရှည်ကြီးကို စားခြင်းဟာ ကြွယ်ဝချမ်းသာမှုနဲ့ မိသားစုဘဝ သာယာဝပြောခြင်းကို ဖြစ်စေတယ်လို့ တရုတ်နိုင်ငံက ယူဆထားပြီး ခေါက်ဆွဲဖက်ကို စားနေရင် ကိုက်မဖြတ်ကောင်းဘူးလို့ သူတို့ က ယူဆထားပါတယ်။
(၆) ကြောင်တွေနဲ့ ပတ်သက်ရင် မကောင်းတာတွေ ဖြစ်တယ်လို့ ယူဆပုံကတော့ တကမ္ဘာလုံး အတူတူပါပဲ။ ဂျာမနီနိုင်ငံမှာတော့ ကြောင်က သင့်ရဲ့ ညာဖက်မှ ဘယ်ဖက်ကို ဖြတ်သန်းသွားရင် ပျော်ရွှင်မှုဖြစ်ပြီး ဘယ်ဖက်မှ ညာဖက်ကို ဖြတ်သန်းရင်တော့ ကံဆိုးမှုဖြစ်ပါတယ်။
(၇) ဂျပန်မှာတော့ ညမှောင်ရင် မှန်ကြည့်ခွင့် မရှိဘူးလို့ သတ်မှတ်ထားပါတယ်။ မှန်ထဲမှာ သရဲတွေ ပေါ်လာနိုင်တယ် လို့ ယူဆထားတာကြာင့် ဖြစ်ပါတယ်။
(၈) ကာတာ နိုင်ငံမှာတော့ ပင့်ကူကို သတ်ခြင်းဟာ သင့်အိမ်နဲ့ မိသားစုကို သစ္စာဖောက်ခြင်းဖြစ်ပါတယ်။ ပင့်ကူတွေဟာ မီးလောင်ခြင်းကို ကာကွယ်ပေးတာကြောင့် ပင့်ကူကို သတ်တဲ့ သူဟာ အိမ်ကို မီးလောင်အောင် လုပ်တယ်သူ ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။
(၉) စကော့စလန်မှာတော့ အိမ်ထောင်ပြုမယ့်နေ့မှာ သတို့သမီးတွေဟာမင်္ဂလာပွဲကို ဗွက်လူးပြီး လာရပါတယ်။ ဒါမှသာ လက်ထပ်ပြီးနောက် သာယာပျော်ရွှင်တဲ့ ဘဝကို ရမှာ ဖြစ်ပါတယ်။
Ref;thingsd