Trend

အာရှ ထိပ်တန်းတက္ကသိုလ် ၅ ခု အကြောင်း

ပညာရေးအတွက် သင်ယူနိုင်ဖို့ ကမ္ဘာပေါ်မှာ နာမည်ကြီး ထိပ်တန်းတက္ကသိုလ်ပေါင်းများစွာ ရှိပါတယ်။ ဒီထဲကမှ ၂၀၁၉ ခုနှစ်အတွက် အာရှရဲ့ ထိပ်တန်းတက္ကသိုလ်စာရင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) National University of Singapore (NUS)

အာရှမှာ နံပတ်၁နေရာမှာရှိနေတဲ့ တက္ကသိုလ်ကတော့ စင်ကာပူနိုင်ငံက NUS တက္ကသိုလ်ပဲ ဖြစ်ပါတယ်။ ဒီတက္ကသိုလ်ကတော့ ကမ္ဘာပေါ်မှာ ပညာရေးသင်ကြားမှုစနစ် အကောင်းဆုံးတက္ကသိုလ် တွေထဲမှာ နံပတ် ၁၁ နေရာက ပါဝင်ထားပါတယ်။

ဒီတက္ကသိုလ်ကြီးမှာတော့ အနုပညာဆိုင်ရာဘာသာရပ်တွေအပြင် အင်ဂျင်နီယာဘာသာ ရပ်တွေကိုပါ သင်ကြား ပို့ချပေးပါတယ်။ အဲဒီတက္ကသိုလ်မှာတော့ နိုင်ငံပေါင်း ၁၀၀ ကျော်က ကျောင်းသားပေါင်း ၃၈၀၀၀ ကျော် တက်ရောက်ပညာသင်ကြားလျက်ရှိပါတယ်။

တဦးချင်းဆိုင်ရာ ကျွမ်းကျင်မှုအရည်အသွေးတွေကို ထိန်းသိမ်းပေးတဲ့အပြင် ပညာရေးနဲ့ အခြားသုတေသန လုပ်ငန်းတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးနေတဲ့ တက္ကသိုလ်ပဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း NUS တက္ကသိုလ်က အာရှအဆင့်သတ်မှတ်ချက်ထဲမှာ နံပတ် ၁ နေရာက ရှိနေတာပဲဖြစ်ပါတယ်။

(၂) University of Hong Kong (HKU)

သက်တမ်း ၁၀၀ ကျော်ရှိပြီဖြစ်တဲ့ HKU တက္ကသိုလ်ဟာ သုတေသနလုပ်ငန်းတွေကြောင့် ကမ္ဘာပေါ်မှာ ကျော်ကြားတဲ့ တက္ကသိုလ်တခုပါပဲ။ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်စာရင်းထဲပါဝင်ပြီး သွားဖက်ဆိုင်ရာပညာရပ်တွေကြောင့်လည်း ကျော်ကြားတဲ့တက္ကသိုလ်ပါပဲ။

ကမ္ဘာ့အဆင့်သတ်မှတ်ချက်အနေနဲ့ကတော့ နံပတ် ၂၅ ဖြစ်ပြီး အာရှရဲ့ ဒုတိယအကောင်း ဆုံးတက္ကသိုလ်ဖြစ်ပါတယ်။

(၃) Nanyan Technological University (NTU)

စင်ကာပူနိုင်ငံရဲ့ နည်းပညာတက္ကသိုလ်တခုဖြစ်တဲ့ NYU ကတော့ အာရှဲ့ တတိယအကောင်းဆုံးတက္ကသိုလ်ပါပဲ။ ကမ္ဘာအဆင့်သတ်မှတ်ချက်အနေနဲ့ကတော့ နံပတ် ၁၂ နေရာမှာရှိပါတယ်။

လူငယ်တွေကို သုတေသနအဖွဲ့တွေဖွဲ့ပေးထားတဲ့အတွက်ကြောင့်လည်း ငါးနှစ်ဆက်တိုက် အသက်အငယ်ဆုံးနဲ့ အတော်ဆုံးလူတွေအများဆုံးရှိရာ တက္ကသိုလ်စာရင်းဝင်ခဲ့ပါတယ်။

(၄) Tsinghua University

တရုတ်နိုင်ငံ ဘေကျင်းမှာရှိတဲ့ Tsinghua University ကတော့ အာရှရဲ့ စတုတ္ထအကောင်း ဆုံးတက္ကသိုလ်ဖြစ်ပြီး အင်ဂျင်နီယာ ၊ သိပ္ပံနဲ့ ကွန်ပျူတာပညာရပ်တွေကို အဓိကသင်ကြားပေးနေတဲ့ တက္ကသိုလ်ဖြစ်ပါတယ်။

ပညာရေးနဲ့ စည်းကမ်းပိုင်းဆိုင်ရာမှာတော့ နံပါတ် ၂၀ နေရာမှာရှိပါတယ်။

(၅) Peking University

၁၈၉၈ ခုနှစ်ကတည်ထောင်ခဲ့တဲ့ ပီကင်းတက္ကသိုလ်ကတော့ တရုတ်နိုင်ငံရဲ့ ရှေးကျတဲ့ တက္ကသိုလ်တခုပါပဲ။ အာရှရဲ့ ပဉ္စမမြောက်အကောင်းဆုံးတက္ကသိုလ်တခုဖြစ်တဲ့ ပီကင်းတက္ကသိုလ် ဟာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်ထဲမှာတော့ နံပတ် ၃၀ နေရာက ရှိပါတယ်။

Ref : topuniversities

Loading