ဂျပန်နိုင်ငံရဲ့ အမှတ်သင်္ကေတလို့ တင်စားကြတဲ့ ချယ်ရီပင်တွေ ပိုစောစောပွင့်မယ်လို့ ခန့်မှန်းနေကြပါတယ်။ တိုကျို၊ ကျိုတို၊ နဂိုရာ၊ ဖူကူအိုကာမြို့တွေမှာ နှစ်စဉ်ပွင့်နေကျအချိန်ထက် ၄၊ ၅ ရက် ပိုစောမယ်လို့ ဆိုပါတယ်။
ဂျပန်မိုးလေဝသ အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဒီနှစ်ပွင့်မယ့် ချယ်ရီပန်းတွေဟာ ပုံမှန်အချိန်ထက် စောစော ပွင့်မယ်လို့ ခန့်မှန်းထားတာပါ။ ဇန်နဝါရီလ ၁၀ ရက်က ထုတ်ပြန်ခဲ့တဲ့ မိုးလေဝသ ခန့်မှန်းချက်အရ အမျိုးသား အမှတ်သင်္ကေတတခုဖြစ်တဲ့ ချယ်ရီပင်တွေဟာ ပုံမှန်ပွင့်နေကျအချိန်ထက် ၅ ရက်လောက်စောပွင့်မယ်လို့ ဆိုပါတယ်။
မတ်လ ၂၂ ရက်မှာတော့ ဂျပန်နိုင်ငံမြို့တော် တိုကျိုမှာ ပုံမှန်ထက် ၄ ရက်လောက်စောပြီးပွင့်ကာ တပတ်အ ကြာမှာ တပင်လုံး အပြည့်ပွင့်လန်းလာမယ်လို့ ဖော်ပြထားပါတယ်။ အရင်နှစ် ၂၀၁၈ ခုနှစ်တုန်းကလည်း ပုံမှန်ထက် ၉ ရက်စောပြီး ချယ်ရီပင်တွေ မတ်လ ၁၇ ရက်မှာ ပွင့်ဖူးခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာတော့ တိုကျိုမှာ မတ်လ ၂၂ ရက်၊ နဂိုရာမြို့ တဝိုက်က ချယ်ရီပင်တွေလည်း မတ်လ ၂၂ လောက်မှာပဲ ပွင့်မယ်လို့ ခန့်မှန်းထားသလို၊ ဖူကူအိုကာမြို့နဲ့ ကိုချီမြို့တွေက ချယ်ရီပင်တွေကတော့ မတ်လ ၁၈ ရက်နဲ့ မတ် လ ၂၀ ရက်မှာ ပွင့်လန်းမယ်လို့ ခန့်မှန်းထားပါတယ်။
ကျိုတိုမြို့မှာရှိတဲ့ ချယ်ရီပင်တွေကတော့ မတ်လ ၂၅ ရက်လောက်မှပဲ ပုံမှန်ထက် ၃ ရက်လောက်စောပြီး ပွင့် မယ်လို့ ခန့်မှန်းချက်မှာ ဖော်ပြထားပါတယ်။
အအေးဓာတ်များတဲ့ မြောက်ပိုင်းဒေသတွေမှာတော့ ချယ်ရီပင်တွေ ပုံမှန်အတိုင်းပွင့်မယ်လို့ ဆိုပါတယ်။ မြောက် ပိုင်းဒေသ အေအိုမိုရီမှာ ဧပြီလ ၂၄ ရက်နဲ့ ဆော်ပိုရိုမှာတော့ မေလ ၄ ရက်မှာ ပထမဆုံး ချယ်ရီပန်းကို မြင်တွေ့ခွင့် ရကြမှာပါ။
ဒေသအချို့မှာ ပုံမှန်ထက် ချယ်ရီပင်တွေစောပွင့်လာတာဟာ အပူချိန်အပြောင်းအလဲကြောင့်ဖြစ်သလို၊ ပုံမှန် ထက် ရာသီဥတုပိုပူလာတာကြောင့် အချိန်စောပြီး ချယ်ရီပင်တွေ ပွင့်လာတာလို့ မိုးလေဝသအဖွဲ့ကြီးက ထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Ref: CNA