လူတယောက်နဲ့တယောက်ဟာ မျက်နှာအနေအထားပုံစံ မတူညီကြသလို အကြိုက်ချင်းလည်း မတူညီကြပါဘူး။ တချို့က မျက်နှာပြည့်ပြည့် ဖောင်းဖောင်းလေးကိုမှ ကြိုက်ကြသလို တချို့ကတော့ မျက်နှာသွယ်လျပြီး V Shape ပုံစံကိုမှ ကြိုက်နှစ်သက်ကြပါတယ်။
အခုနောက်ပိုင်းမှာဆိုရင် မျက်နှာ V Shape ပုံစံဖြစ်ဖို့အတွက် ခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်ကြသလို Botox ထိုးတာမျိုး တွေလည်း ပြုလုပ်လာကြပြီး ဒီလိုမနာမကျင် မခွဲစိတ်ချင်သူတွေအတွက် လိုက်နာသင့်တဲ့ အချက်တွေကို ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။
(၁) အငန်များလွန်းတဲ့ အစားအစာတွေကို လျှော့စားပေးသင့်ပါတယ်
အငန်ဓာတ်များလွန်းတဲ့ အစားအစာတွေဟာ မျက်နှာကို ပြည့်ဖောင်းနေသလို ဖြစ်စေတဲ့အပြင် မေးနှစ်ထပ်ဖြစ်ခြင်းတွေကိုပါ ဖြစ်ပေါ်စေတာကြောင့် အငန်များလွန်းတဲ့ အစားအစာတွေကို လျှော့စားပေးသင့်ပါတယ်။
(၂) Facial Oil တမျိုးမျိုးကို အသုံးပြုပြီး မျက်နှာကို နှိပ်နယ်ပေးသင့်ပါတယ်
မျက်နှာလိမ်းတဲ့အဆီတမျိုးမျိုး (ဥပမာ- အုန်းဆီသန့်သန့်၊ သံလွင်ဆီ၊ Roseship Oil) ကို မျက်နှာပေါ်မှာ လိမ်းကျံပေးပြီး တပတ်မှာ နှစ်ကြိမ်ကနေ သုံးကြိမ်ခန့် မျက်နှာကို နှိပ်နယ်ပေးသင့်ပါတယ်။ နှိပ်နယ်တဲ့ပုံစံတွေက အများအပြားရှိတဲ့အတွက် Youtube မှာ ရှာဖွေကြည့်ရှုနိုင်သလို နှိပ်နယ်တဲ့ ကိရိယာတွေ အသုံးပြုပြီးတော့လည်း နှိပ်နယ်ပေးနိုင်ပါတယ်။
(၃) Face Lifting Cream တွေ လိမ်းပေးသင့်ပါတယ်
မျက်နှာလေးသွယ်လျနေစေဖို့နဲ့ V shape ပုံစံဖြစ်နေစေဖို့အတွက် အခုနောက်ပိုင်းမှာ Face Lifting Cream တွေ ရှိနေပြီပဲဖြစ်ပါတယ်။ မေးရိုးအောက်ကနေ အပေါ်ကိုပင့်တင်ပြီး လိမ်းရတဲ့ ဒီ Cream တွေကလည်း V Shape ပုံစံဖြစ်စေဖို့ အကူအညီပေးနိုင်မှာပဲဖြစ်ပါတယ်။
(၄) Face Yoga တွေ ပြုလုပ်ပေးနိုင်ပါတယ်
Yoga ကျင့်ခြင်းဟာ ခန္ဓာကိုယ်အချိုးအစားကို ပြေပြစ်စေသလို Face Yoga ဟာဆိုရင်လည်း မျက်နှာပေါ်က အရေးအကြောင်းတွေကို ကွယ်ပျောက်စေနိုင်ပါတယ်။ မျက်လုံးတဝိုက်ကအရေးအကြောင်းတွေနဲ့ မျက်အိတ်တွေကို လျော့ပါးသက်သာစေနိုင်သလို မျက်နှာပေါ်က ကြွက်သားတွေကိုလည်း ပြေလျော့စေတာကြောင့် မျက်နှာလေး V Shape ပုံစံဖြစ်ဖို့ အကူအညီပေးနိုင်မှာ ဖြစ်ပါတယ်။
Ref : www.sfcosmeticsurgery.com