တနေ့တာ လှုပ်ရှားသွားလာမှုမှာ လူတွေဟာ ဘတ်စ်ကား မှတ်တိုင်မှာ ၁၀ မိနစ်ထက် ပိုပြီး အသုံးပြုလေ့ပြုထ မရှိကြပါဘူး။ ဒါပေမဲ့ ကမ္ဘာတဝှမ်းက နိုင်ငံအများစုမှာတော့ ဘတ်စ်ကားမှတ်တိုင်တွေကို သာမန် မှတ်တိုင်တခုထက် ပိုပြီး ထူးထူးခြားခြား ဖြစ်အောင် အသားပေး တည်ဆောက်ထားကြပါတယ်။ ကမ္ဘာတဝှမ်းက ထူးထူးခြားခြား ဘတ်စ်ကား မှတ်တိုင်တွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။
(၁) Austria
ဂျပန် ဗိသုကာပညာရှင်တဦးဖြစ်တဲ့ Sou Fujimoto ဒီဇိုင်းဆွဲတည်ဆောက်ထားတဲ့ သြစတြီးယားနိုင်ငံ Krumbach မြို့ရဲ့ ဘတ်စ်ကားမှတ်တိုင်ဟာဆိုရင် စလင်ဒါပုံ စတီးချောင်းတွေနဲ့ ထောက်ကန်ထားပြီး သစ်သား လှေကားထစ်တချို့နဲ့ တည်ဆောက်ထားပါတယ်။
(၂) Norway
နော်ဝေးနိုင်ငံ Fjaerland မှာ ရှိတဲ့ ဘတ်စ်ကားမှတ်တိုင်ကတော့ စာအုပ်စင်တခု ထည့်သွင်း တည်ဆောက်ထားတာဖြစ်ပြီး နိုင်ငံရဲ့စာအုပ်မြို့တော်လို့ တင်စားခေါ်ဝေါ်လေ့ ရှိကြပါတယ်။
(၃) Japan
ဂျပန်နိုင်ငံ နေရာ အနှံ့အပြားမှာ သစ်သီးပုံစံ ဘတ်စ်ကားမှတ်တိုင်တွေကို တွေ့မြင်ရမှာဖြစ်တဲ့အပြင် ဒီဘတ်စ်ကား မှတ်တိုင်ကတော့ ၁၄ ခုမြောက် သစ်သီးပုံ ဘတ်စ်ကားမှတ်တိုင်ဖြစ်ပြီး Konagai မှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။
(၄) Brazil
ဘရာဇီးနိုင်ငံ Curitiba မှာ တည်ရှိတဲ့ ဘတ်စ်ကားမှတ်တိုင်ဟာ ပြွန်ပုံသဏ္ဍာန် တည်ဆောက်ထားတာဖြစ်ပြီး ဆုံလည်ဂိတ် ၊ ဝှီးချဲအသုံးပြုသူတွေအတွက် အဆင်ပြေအောင် လှေကားထစ်ငယ်လေးတွေပါ ထည့်သွင်း ဒီဇိုင်းဆွဲထားပါတယ်။
(၅) Oman
အိုမန် နိုင်ငံရဲ့ ကျေးရွာငယ်လေးတရွာမှာ တည်ဆောက်ထားတဲ့ ဘတ်စ်ကားမှတ်တိုင်ကတော့ နန်းတော် အသေးစားလေးတခုလို ပုံသွင်းထားတာ ဖြစ်ပါတယ်။
(၆) Thailand
ထိုင်းနိုင်ငံရဲ့ မြို့ငယ်လေးတခုဖြစ်တဲ့ Pai မှာတည်ဆောက်ထားတဲ့ ဘတ်စ်ကားမှတ်တိုင်လေးဟာဆိုရင် ကျေးလက် အငွေ့အသက်တွေ လွှမ်းခြုံထားတာကို တေ့ွမြင်ရပါတယ်။
Ref: www.geek.com