မွေးရပ်မြေကို စွန့်ပစ်ခဲ့ရတဲ့ အကြောင်းအရင်းဆိုတာ အတော့်ကို ခိုင်မာမှသာ ဖြစ်ပါလိမ့်မယ်။ ကမ္ဘာအနှံ့မှာ ရှိတဲ့ နေရာအချို့ကိုအဲဒီမှာ နေထိုင်သူတွေက စွန့်ခွာခဲ့ကြတာတွေ ရှိပါတယ်။
ဒါကြောင့် ဒီတခါမှာ လူတွေ စွန့်ပစ်ခြင်းကို ခံခဲ့ရပြီး တဖြည်းဖြည်းနဲ့ ချောက်ချားစရာနေရာတွေ ဖြစ်လာတဲ့ နယ်နိမိတ်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) Sanzhi (ထိုင်ဝမ်)
ဒီမြို့ကို တည်ဆောက်ခဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ ကြွယ်ဝသူတွေအတွက် ဇိမ်ခံတဲ့ နေရာဖြစ်စေဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဆောက်လုပ်ရေးလုပ်သားတွေ ဆက်တိုက် သေဆုံးမှုတွေ ဖြစ်ပွားတဲ့ အချိန်မှာတော့ ဒီဆောက်လုပ်ရေးကို ပိတ်လိုက်ရတယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့ ဆောက်လုပ်ရေး လုပ်သားတွေ အားလုံးဟာ ဆောက်လုပ်စ တိုက်တွေပေါ်က ပြုတ်ကျပြီး သေဆုံးရတာချည်း ဖြစ်လို့ ဒီနေရာကို အစိုးရက ပိတ်ပင်လိုက်တာပါ။
အနီးအနားက နယ်ခံတွေကတော့ အဲဒီနေရာမှာ မကောင်းဆိုးဝါးတွေ နေထိုင်တာကြောင့် အိမ်တွေ ဆောက်လုပ်ခွင့် မရှိဘူး လို့ ယုံကြည်ထားကြပါတယ်။
(၂) Gunkanjima ကျွန်း (ဂျပန်)
ဒီကျွန်းရဲ့ နာမည် အစစ်က Hashima ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်းပုံစံက တိုက်သင်္ဘောပုံ ဖြစ်နေတာကြောင့် Gunkanjima လို့ ခေါ်ခဲ့ကြပါတယ်။ ၁၈၁၀ ခုနှစ်လောက်မှာ ကျွန်းအတွင်း ကျောက်မီးသွေး တွေ့ရှိမှုကြောင့် အခြေချနေထိုင်သူတွေ ရှိလာခဲ့ပါတယ်။
ဒါပေမယ့် ၁၉၇၄ ခုနှစ်မှာ ကျောက်မီးသွေး ရှားပါးမှုနဲ့ ကုန်ဆုံးမှုတွေ ဖြစ်လာမှုကြောင့် လူတွေက တဖြည်းဖြည်းနဲ့ စွန့်ခွာခဲ့ပြီးနောက ယခု အချိန်မှာတော့ နေထိုင်သူ တယောက်မှ မရှိတော့ဘူးလို့ သိရပါတယ်။ စွန့်ခွာလာတဲ့ လူတွေရဲ့ ပြောကြားချက်တွေ အရ အဲဒီမှာ သရဲ အလွန်ခြောက်တာကြောင့် ဘယ်သူမှ မနေရဲတဲ့ အထထိ ဖြစ်လာခဲ့ကြတယ်လို့ ဆိုပါတယ်။
(၃) Del Salto ဟိုတယ် (ကမ္ဘောဒီးယား)
ဒီဟိုတယ်ကို ၁၉၂၄ ခုနှစ်မှာ ဇိမ်ခံဟိုတယ်တခု အဖြစ် တည်ဆောက်ခဲ့ပါတယ်။ ဒါပေမယ့် လာရောက်တည်းခိုတဲ့ ဧည့်သည်တွေ ကိုယ့်ကိုယ်ကို သတ်သေမှု မကြာခဏ ဖြစ်တာကြောင့် ဟိုတယ်ကို ပိတ်ပစ်လိုက်ရပါတယ်။ သရဲလည်း အရမ်းခြောက်တယ်လို့ နာမည်ကြီးတဲ့ နေရာလည်း ဖြစ်ပါတယ်။
ref;brightside