ကမ္ဘာတဝှမ်းက နိုင်ငံတိုင်းမှာ သူ့ဥပဒေနဲ့သူ ချမှတ်ထားတာတွေရှိပြီး ထိရောက်တဲ့ ဥပဒေတွေဟာ လေးစားအားကျစရာ ကောင်းသလို တချို့သော ဥပဒေတွေကတော့ ထူးထူးဆန်းဆန်းနိုင်လှပါတယ်။ အခုဖော်ပြပေးမှာကတော့ ကမ္ဘာတဝှမ်းက ထူးထူးဆန်းဆန်း ဥပဒေတွေပဲ ဖြစ်ပါတယ်။
(၁) ဂျာမနီ
ဂျာမနီနိုင်ငံမှာတော့ ည ၁၂ နာရီကျော်ရင် စန္ဒရားအပါအဝင် ဘယ်ဂီတတူရိယာမျိုးကိုမဆို တီးမှုတ်ခွင့် မပြုထားပါဘူး။ ဒီဥပဒေဟာဆိုရင်တော့ အိမ်နီးချင်းတွေကို လေးစားသမှုရှိဖို့အတွက် ချမှတ်ထားတဲ့ ဥပဒေတခုလည်း ဖြစ်ပါတယ်။
(၂) ဆွစ်ဇာလန်
ဆွစ်ဇာလန်နိုင်ငံမှာတော့ ရွှေငါးလေးတွေကို မွေးမြူတဲ့အခါ တကောင်တည်းမွေးမြူခြင်းဟာ တရားမဝင်ပါဘူး။ ဒီလိုတကောင်တည်းမွေးမြူခြင်းဟာ လူသားမဆန်ရာရောက်တာကြောင့် တကောင်ထက်ပိုပြီး မွေးမြူကြရပါတယ်။
(၃) ထိုင်း
ထိုင်းနိုင်ငံရဲ့ ဒီဥပဒေဟာ အနည်းငယ်ရယ်စရာကောင်းတယ်လို့တော့ ထင်ရပေမယ့် ဒါဟာ ပတ်ဝန်းကျင်ကို လေးစားသမှုအနေနဲ့ ချမှတ်ထားတဲ့ ဥပဒေပဲ ဖြစ်ပါတယ်။ ဒါကတော့ အိမ်အပြင်ထွက်တဲ့အခါ အတွင်းခံမဝတ်ဘဲနဲ့ မထွက်ရတဲ့ ဥပဒေပဲ ဖြစ်ပါတယ်။
(၄) တောင်ကိုရီးယား
တောင်ကိုရီးယားနိုင်ငံမှာတော့ ကလေးငယ်တွေဟာ ည ၁၂ နာရီကျော်တဲ့အချိန်အထိ ဗီဒီယိုဂိမ်းတွေကစားဖို့အတွက် အုပ်ထိန်းသူရဲ့ ခွင့်ပြုချက်လိုတယ်ဆိုတဲ့ ဥပဒေပဲ ဖြစ်ပါတယ်။ ဒီဥပဒေဟာ ကလေးသူငယ်တွေရဲ့ အခွင့်အရေးကို ချိုးဖောက်ရာကျတယ်လို့ ဝေဖန်ခံခဲ့ရတဲ့အတွက် ၂၀၁၄ ခုနှစ်မှာ ပြန်လည်ရုတ်သိမ်းခဲ့ပါတယ်။ အခုဆိုရင်တော့ တောင်ကိုရီးယားကလေးငယ်တွေဟာ ည ၁၂ နာရီကျော်တဲ့အထိ ဂိမ်းကစားဖို့ မိဘတွေရဲ့ခွင့်ပြုချကို မလိုအပ်တော့ပါဘူး။
(၅) အိန္ဒိယ
အိန္ဒိယနိုင်ငံမှာတော့ ပိုက်ဆံ ၁၀ ရူပီးထက်ပိုပြီး ကောက်ရတဲ့အခါမျိုးမှာ ရဲကိုအပ်ရမယ်ဆိုတဲ့ ၁၈၇၈ အက်ဥပဒေမှာ ဖော်ပြထားပါတယ်။ဒါဟာ နိုင်ငံသားတွေရဲ့ တန်ဖိုးကို မြှင့်တင်စေဖို့အတွက် ချမှတ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
(၆) ရုရှား
ရုရှားနိုင်ငံမှာတော့ ညစ်ပတ်ပေရေနေတဲ့ ကားကိုမောင်းနှင်သူတွေကို ယူရို ၃၀ ဒဏ်ငွေဆောင်ရတဲ့ ဥပဒေကို ချမှတ်ထားတာပဲ ဖြစ်ပါတယ်။
(၇) ကနေဒါ
ကနေဒါနိုင်ငံမှာတော့ ကားမောင်းနေစဉ်မှာ မီးနီမိတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် ၊ ယာဉ်ကြောပိတ်ဆို့မှုကြောင့်ပဲဖြစ်ဖြစ် စောင့်နေရတဲ့အခါမျိုးမှာ ဖုန်းကိုအသုံးပြုပြီး စာပို့တာ၊ စာရိုက်တာမျိုးတွေကို CAD 300 ခန့် ဒဏ်ရိုက်တဲ့ ဥပဒေတခုကို ချမှတ်ထားတာပဲ ဖြစ်ပါတယ်။
Ref. www.currencyfair.com