အချိန်၂၄ နာရီအတွင်း ဘာမဆို ဖြစ်သွားနိုင်တယ်ဆိုတာကို ယုံပါသလား။ ကြီးကျယ်ခမ်းနားအောင် တည်ဆောက်ထားတဲ့ မြို့ကြီးတွေတောင် ၂ နာရီအတွင်း အားလုံးပျက်စီးသွားနိုင်ပါတယ်။ အခုဖော်ပြပေးမယ့် အကြောင်းအရာတွေက မျက်စိတမှိတ် လျှပ်တပြက်အတွင်း ဖြစ်ပျက်သွားတဲ့ အရာတွေကို မှတ်တမ်းတင်ထားတဲ့ ပုံတွေပဲ ဖြစ်ပါတယ်။
(၁) Chernobyl, USSR
စက်မှုကုန်ထုတ်မြို့လေး နှစ်ခုဖြစ်တဲ့ Chernobyl နဲ့ Pripyat တို့ဟာ ၁၉၈၆ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီဝမ်းနည်းစရာ အဖြစ်အပျက်အပြီးမှာ လူသိများလာခဲ့ပါတယ်။ နျူကလီးယား ဓာတ်ပေါင်းဖို ပေါက်ကွဲ အပြီးမှာ တရက်အတွင်းမှာပဲ ဒီမြို့နှစ်မြို့ဟာ တစ္ဆေမြို့လို ခြောက်ကပ်ပြီး လူတွေ အများကြီး ဒုက္ခရောက်ခဲ့ရတဲ့ အပြင် သေဆုံးမှုတွေ များတာကြောင့် နေအိမ်ကို စွန့်ပစ်ပြီး ထွက်ပြေးခြင်းတွေ ပြုလုပ်ခဲ့ရပါတယ်။
(၂) Honshu ကမ်းရိုးတန်း
ဆူနာမီဟာ ကြောက်စရအရမ်းကောင်းတဲ့ မုန်တိုင်းအမျိုးအစား တခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဆူနာမီဒဏ်ကို အကြီးအကျယ် ခံရဖူးတာကြောင့် ဒါဟာ မျက်စိတမှိတ်အတွင်းမှာ အားလုံးဖြစ်ပျက်နိုင်တယ် ဆိုတာကို အားလုံးက သိကြမှာပါ။ ဂျပန်နိုင်ငံ Honshu ကမ်းခြေမှာ ရှိတဲ့ မြို့တွေကို ဆူနာမီဝင်တဲ့အခါ ညဖက်မှာ သာယာလှပနေတဲ့ မြို့ဟာ မနက်မှာတော့ ရေအောက်မှာ စုံးစုံးမြုပ်သွားခဲ့ရပါတယ်။
(၃) Texas
အပူပိုင်းဒေသမှာ တိုက်ခတ်တဲ့ ဟာဗေးလို့ ခေါ်တဲ့ ဆိုက်ကလုန်းမုန်တိုင်းကြောင့် Texas မှာ ၂၀၁၇ ခုနှစ် သြဂုတ်လက မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
(၄) Haiti ငလျင်
၂၀၁၀ ခုနှစ်မှာ ဖြစ်ပွားတဲ့ ဟေတီငလျင်ကြောင့် လူပေါင်း ၂သိန်း ၃သောင်းခန့် သေဆုံးခဲ့ရပါတယ်။ ငလျင်ဖြစ်ပွားမှုက မိနစ်ပိုင်းသာ ကြာပေမယ့် နောက်ဆက်တွဲ ဒုက္ခတွေကို ပြည်သူပြည်သားတွေဟာ ဒီနေ့အထိ ခံနေရဆဲ ဖြစ်ပါတယ်။
(၅) အရှေ့တောင် အာရှ
အရှေ့တောင် အာရှနိုင်ငံတွေ အဓိက ခံရတဲ့ အိန္ဒိယသမုဒ္ဒရာရဲ့ ဆူနာမီကြောင့် ထိုင်း၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ နဲ့ အိန္ဒိယတောင်ပိုင်းမှာ ရှိတဲ့ ကမ်းခြေတွေ အားလုံးနီးပါးပျက်စီးခဲ့ရပါတယ်။
Ref;mmn