Trend

အမျိုးသမီးတွေကို အရည်ပျော်သွားစေမယ့် အပြုအမူများ

Want create site? Find Free WordPress Themes and plugins.

အမျိုးသမီးတွေဟာ သစ္စာရှိခြင်း၊ ရိုးသားခြင်းနဲ့ နားထောင်ပေးနိုင်ခြင်းတွေစတဲ့ အချက်တွေက အမျိုးသားတွေမှာ ရှိရမယ့် အဓိက အရည်အသွေးတွေ ဖြစ်တယ်လို့ သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် ဒါတွေဟာ အချိန်အကြာကြီး အတူရှိမှ သိနိုင်တဲ့ ကိစ္စဖြစ်တာကြောင့် အမျိုးသမီးတယောက်က သင့်ကို တွေ့တွေ့ချင်းမှာ သဘောကျဖို့ဆိုတာကျတော့ တခြားအရာတွေ လိုအပ်လာပြန်ပါတယ်။

ဒါကြောင့် အမျိုးသမီးတွေကို အရည်ပျော်သွားစေမယ့် အပြုအမူတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) သူမကို ရယ်မောနိုင်စေခြင်း

အမျိုးသမီးတွေဟာ သူတို့ကို ရယ်မောစေတဲ့ သူတွေကို သဘောကျပါတယ်။ သုသေသနတွေအရ ပျော်ရွှင်တတ်တဲ့ အမျိုးသားတွေဟာ အခြားလူတွေထက် ဉာဏ်ကောင်းပြီး ဖန်တီးနိုင်စွမ်းမြင့်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အမျိုးသမီး တွေဟာ ဟာသတွေပြောတတ်တဲ့သူတွေကို သဘောကျရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

(၂) ကူညီတတ်ခြင်း

အားနည်းတဲ့သူတွေကို ကူညီတတ်တဲ့ အမျိုးသားတွေကိုလည်း အမျိုးသမီးတွေက သဘောကျလေ့ရှိတယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ်ချို့ယွင်းချက်ရှိတဲ့ သူတွေကို ကူညီတဲ့ အမျိုးသားတွေဟာ သမီးရည်းစားတွေ ဖြစ်လာရင်လည်း သူတို့ကို ကူညီလိမ့်မယ်လို့ အမျိုးသမီးတွေက ထင်ကြတာကြောင့် ပရဟိတပြုလုပ်တဲ့ အမျိုးသားတွေကို အမျိုးသမီးတွေက ပိုမို စိတ်ဝင်စားကြခြင်းဖြစ်ပါတယ်။

(၃) အသက်ကြီးခြင်း

အမျိုးသမီးတွေဟာ သူတို့ထက် အသက်ကြီးတဲ့ အမျိုးသားတွေကို ပိုပြီး သဘောကျလေ့ရှိပါတယ်။ အသက်ပိုကြီးတဲ့ အမျိုးသားတွေဟာ ဦးဆောင်နိုင်စွမ်းရှိခြင်း၊ စိတ်ရှည်သည်းခံနိုင်ခြင်းနဲ့ အလိုလိုက်ခြင်း တွေကို ပြုလုပ်ပေးနိုင်မယ်လို့ ယုံကြည်ကြတယ်လို့လည်း သိရပါတယ်။

(၄) တိရစ္ဆာန်ချစ်ခြင်း

တိရစ္ဆာန်တွေကို မွေးမြူထားတဲ့ အမျိုးသားတွေကိုလည်း အမျိုးသမီးတွေက သဘောကျတယ်လို့ ဆိုပါတယ်။ ခွေး၊ ကြောင် စတဲ့ အကောင်လေးတွေကို မွေးဖို့ ဆိုတာ အမှန်တကယ် ကြင်နာတတ်တဲ့ နှလုံးသားနဲ့မှ စိတ်ရှည်လက်ရှည် မွေးနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အိမ်ထောင်စုတခုကိုလည်း တည်ထောင်နိုင်စွမ်းရှိတယ်လို့ အမျိုးသမီးတွေက ယုံကြည်ကြပါတယ်။

(၅) ခန္ဓာကိုယ်တောင့်တင်းခြင်း

အမျိုးသမီးတွေဟာ ခန္ဒာကိုယ်လှပတဲ့ အမျိုးသားတွေကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါ့အပြင် ကြွက်သားတွေ တောင့်တင်းနေခြင်းကို ဆွဲဆောင်မှုတခုလို့ လက်ခံထားကြပါသေးတယ်။ ကြွက်သားတွေ လှပဖို့ ဇွဲကောင်းကောင်းနဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်မှသာ ရတာဖြစ်လို့ ဒီလို ခန္ဓာကိုယ်လှပတဲ့ အမျိုးသားတွေဟာ နှစ်တွေအကြာကြီး Relationship တခုကို ကောင်းကောင်းမွန်မွန် တည်ဆောက်နိုင်လိမ့်မယ်လို့ အမျိုးသမီးတွေက မှတ်ယူထားကြပါသေးတယ်။

Ref;brightside

Did you find apk for android? You can find new Free Android Games and apps.
Loading