Trend

ကနေဒါနိုင်ငံမှာသာ မြင်တွေ့ရမယ့် ထူးဆန်းတဲ့ အရာများ

ကနေဒါနိုင်ငံမှာ ကောင်းတဲ့ အချက်တဲ့ အများကြီးရှိပြီးသားဖြစ်တယ်။ လှပတဲ့ တောတောင်တွေ၊ မြင်းတွေပေါများတာနဲ့ အစားအသောက် ကောင်းမွန်တာတွေကြောင့်လည်း ကနေဒါနိုင်ငံကို သဘောကျတဲ့သူတွေ အများကြီးဖြစ်နေတာပါ။ ကနေဒါနိုင်ငံကို တနှစ်မှာ လူတသိန်းထက်မနည်းလာရောက် ရွေ့ပြောင်းနေထိုင်ကြတယ်လို့ သိရပါတယ်။

(၁) ကနေဒါနိုင်ငံကလူတွေဟာ အလုပ်မရှိတဲ့ နေ့တွေမှာ ဆိုင်းဘုတ်တွေကို ကိုင်ပြီး အပြင်ကိုထွက်လေ့ရှိပါတယ်။ သူတို့ကိုင်လာတဲ့ ဆိုင်းဘုတ်တွေမှာတော့ ဖြတ်သွားဖြတ်လာ လူတွေကို အားပေးတဲ့ စာတွေ ရေးထားလေ့ရှိပါတယ်။

(၂) ကားလိုင်စင်

၁၉၉၉ ခုနှစ်မတိုင်ခင်က ကနေဒါနိုင်ငံရဲ့ အစိုးရက တရားဝင်ထုတ်ပေးတဲ့ ကားလိုင်စင်ဘုတ်ပြားတွေဟာ ဝက်ဝံပုံစံဖြစ်တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ ပုံမှန် လိုင်စင်ဘုတ်ပြားကိုသာ သုံးတော့တာ ဖြစ်ပေမယ့် တချို့စုဆောင်းသူတွေဆီမှာတော့ ရှေးယခင်က လိုင်စင်ဘုတ်တွေကို တွေ့နေရဆဲ ဖြစ်ပါတယ်။

(၃) ရေနံ ပေါများခြင်း

ကနေဒါနိုင်ငံဟာ ဗင်နီဇွဲလားနဲ့ ဆောဒီအာရေဗျနိုင်ငံတွေ ပြီးရင် တတိယမြောက် ရေနံ အပေါများဆုံးနိုင်ငံဖြစ်ပါတယ်။ ရေနံအပြင် ရေချို၊ ရေကန်တွေနဲ့ အစိုးရက စနစ်တကျထိန်းသိမ်းထားတဲ့ တောအုပ်တွေလည်း အများကြီးရှိပါတယ်။

(၄) ရဲများ

ကနေဒါနိုင်ငံက ပြည်သူတွေဟာ ရဲတွေကို ကြောက်ရတယ်ဆိုတာမျိုး လုံးဝမရှိပါဘူး။ ရဲတွေဟာလည်း သူတို့ကို သူတို့ ပြည်သူ့ဝန်ထမ်းတွေလို့ ခံယူထားကြပြီး လာဘ်မစားဘဲ ပြည့်သူ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ပြီး ပြည်သူတွေ လိုအပ်တဲ့ အကူအညီကို အချိန်နေရာမရွေး ပေးတတ်ကြပါတယ်။ အခုဖော်ပြထားတဲ့ ပုံကတော့ အိမ်ရှေ့မှာ ဖျော်ရည်ရောင်းနေတဲ့ ကောင်မလေးဆီက ဖျော်ရည် လာဝယ်တဲ့ ရဲတဦးရဲ့ ပုံပဲ ဖြစ်ပါတယ်။

(၅) ဝန်ကြီးချုပ်

ကနေဒါနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟာ ငယ်ရွယ်ဖော်ရွေပြီး ပြည်သူတွေရဲ့ လိုအပ်ချက်ကို အမှန်တကယ် အကောင်အထည် ဖော်လေ့ရှိသူ ဖြစ်ပါတယ်။ အားလပ်ချိန်တွေမှာ ယောဂပြုလုပ်ခြင်း၊ တိရစ္ဆာန်လေးများနဲ့ ဆော့ကစားခြင်း စတာတွေကို ပြုလုပ်တတ်ပြီး ရုပ်ရည်လည်း ချောမောလွန်းတယ်လို့ သိရပါတယ်။

Ref;brightside

Loading