ကမ္ဘာ့ပေါ်မှာရှိတဲ့ လမ်းတွေမှာ စွန့်စွန့်စားစားသွားရတဲ့ လမ်းခရီးတွေရှိပါတယ်။ စွန့်စားရတဲ့ ခရီးတွေကို သွားချင်တဲ့ သူတွေအတွက် ဒီလမ်းတွေက ပျော်စရာအတိဖြစ်နေမှာပါ။ တော်တော်များများက အာရှတိုက်အတွင်းက နိုင်ငံတွေမှာ တည်ရှိနေတာမလို့ ကမ္ဘာတဝှမ်းက အန္တရာယ်အများဆုံးလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) သေမင်းတမန် ရထားလမ်း (ထိုင်းမြန်မာနယ်စပ်)
Kanchanaburi ပြည်နယ်ထဲက ဖြတ်သွားပြီး မြန်မာနိုင်ငံနဲ့ ဆက်သွယ်ထားတဲ့ သေမင်းတမန်ရထားလမ်းက အခုဆိုရင်တော့ လည်ပတ်သွားလာစရာနေရာတခုဖြစ်ခဲ့ပါပြီ။ ဒုတိယကမ္ဘာစစ်ဖြစ်နေစဉ်က ဂျပန်တွေဟာ မြန်မာ၊ထိုင်းနဲ့ အခြား သုံ့ပန်းတွေကို ဖောက်လုပ်စေခဲ့တဲ့ ရထားလမ်းဖြစ်ပါတယ်။ ရထားလမ်း ဖောက်လုပ်စဉ်မှာ မြန်မာနိုင်ငံသား အပါအဝင် သုံ့ပန်းပေါင်း နှစ်သိန်းခန့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
(၂) Gisborne လေဆိပ် (နယူးဇီလန်)
နယူးဇီလန်မြောက်ပိုင်းမှာ ရှိတဲ့ ဒီ လေဆိပ်ဟာ လေယာဉ်ဆင်းတဲ့ ပြေးလမ်းပေါ်မှာ ရထားလမ်းလည်း ရှိနေတာပဲ ဖြစ်ပါတယ်။ ရထားရော လေယာဉ်ပါ နေ့စဉ် ဖြတ်သန်းမှုတွေနဲ့ ဆင်းသက်မှုတွေကို ပြုလုပ်နေတာကြောင့် အဆင်ပြေအောင် ရထားဌာနနဲ့ လေဆိပ်အာဏာပိုင်တွေက ဂရုတစိုက် အလုပ်လုပ်ကြရပါတယ်။
(၃) Guoliang လမ်း (တရုတ်နိုင်ငံ)
တရုတ်နိုင်ငံ Henan ပြည်နယ်မှာရှိတဲ့ ဒီလမ်းဟာ ၁၆ ပေမြင့်ပြီး ၁၃ ပေကျယ်ဝန်းပါတယ်။ ဒီလမ်းဟာ တောင်အတွင်းကို ဖောက်ထွင်းထားတဲ့ လမ်းဖြစ်ပြီး ၁၉၇၀ နှစ်မှာ ဒေသခံရွာသား ၁၃ယောက်က ဖောက်လုပ်ထားတာ ဖြစ်ပါတယ်။ ဒီလမ်းကို သွားမယ်ဆိုရင်တော့ တချက်လေးတောင် အတိမ်းအစောင်းခံလို့ မဖြစ်ပါဘူး။ တချက်ငိုက်တာနဲ့ ချောက်ထဲကျမှာ အသေအချာပါပဲ။
Ref;brightside