ပျမ်းမျှအားဖြင့် လူတွေရဲ့ IQ Level ကို ၁၀၀ အဖြစ်သတ်မှတ်ထားပြီး IQ level ၁၄၀ နဲ့အထက်ကို ဉာဏ်ရည်ဉာဏ်ရည်သွေးထက်မြက်သူ ပါရမီရှင်တွေလို့ သတ်မှတ်ထားကြပါတယ်။ ကမ္ဘာကျော်ရူပဗေဒပညာရှင်ကြီး အိုင်းစတိုင်းကတော့ IQ Level ၁၆၀ အထိရှိပြီး အခုဖော်ပြပေးမယ့်သူတွေကတော့ အိုင်းစတိုင်းထက် IQ level မြင့်ကြသူတွေပဲ ဖြစ်ပါတယ်။
(၁) Jacob Barnett (IQ 170)
Jacob Barnett ကိုတော့ ကလေးဘဝအရွယ်တုန်းက အမျိုးအမည်မသိတဲ့ ရောဂါဆန်းတခု ခံစားခဲ့ရတာကြောင့် ဆရာဝန်တွေက မှတ်ဉာဏ်ချို့ယွင်းသွားပြီလို့ ယူဆခဲ့ကြပေမယ့် သူ့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှုကြောင့် အသက် ၁၀ နှစ်အရွယ်မှာ တက္ကသိုလ်က စာတွေကို သင်ယူနေနိုင်ပြီပဲ ဖြစ်ပါတယ်။ အသက် ၁၃ နှစ်မှာ ရူပဗေဒပညာရှင်တဦး ဖြစ်လာခဲ့ပြီး အသက် ၁၉ နှစ်အရွယ်မှာတော့ PhD ဘွဲ့အတွက် လေ့လာသင်ယူနေပြီပဲ ဖြစ်ပါတယ်။
(၂) Judit Polgar (IQ 170)
ဟန်ဂေရီလူမျိုး စစ်တုရင်ချန်ပီယံတဦးဖြစ်တဲ့ သူမကတော့ အမျိုးသမီးစစ်တုရင်ကစားသူတွေထဲမှာ ထိပ်ဆုံးနေရာကနေ ရပ်တည်နေသူလည်း ဖြစ်ပါတယ်။ အသက် ၁၅ နှစ်အရွယ်မှာ အငယ်ဆုံး စစ်တုရင်ကစားသမားတဦးဖြစ်လာခဲ့ပြီး သူမရဲ့ IQ level ကတော့ ၁၇၀ အထိရှိပါတယ်။
(၃) Evangelos Katsioulis (IQ 198)
MD,Msc,MA,Phd အစရှိတဲ့ ဘွဲ့တွေရရှိပိုင်ဆိုင်ထားတဲ့ Evangelos Katsioulis ကတော့ ကမ္ဘာ့ဉာဏ်ရည်အမြင့်ဆုံးလူသား တွေထဲကမှ တဦးအဖြစ် စံချိန်ဝင်ထားတာပဲဖြစ်ပါတယ်။ ဂရိလူမျိုး စိတ်ရောဂါအထူးကုဆရာဝန်တဦးဖြစ်တဲ့ Evangelos ဟာဆိုရင်တော့ ဒသနိကဗေဒနဲ့ ဆေးသုတေသနဆိုင်ရာဘွဲ့တွေကိုလည်း ရရှိထားသူတဦးလည်း ဖြစ်ပါတယ်။
(၄) Sho Yano (IQ 200)
အမေရိကန် ရူပဗေဒပညာရှင် Sho Yano ကတော့ အသက် ၉ နှစ်အရွယ်မှာ ကောလိပ်ကိုစတင်တက်ရောက်ခဲ့ပြီး အသက် ၂၁ နှစ်အရွယ်မှာ MD နဲ့ PhD ဘွဲ့တွေကို ရရှိနေပြီပဲ ဖြစ်ပါတယ်။ IQ Level ၂၀၀ အထိရှိတဲ့ Sho Yano ဟာ အသက် ၄ နှစ်အရွယ်ကတည်းက သီချင်းတွေကို ရေးသားစပ်ဆိုနေပြီဖြစ်တယ်လို့ သိရပြီး တိုက်ကွမ်ဒိုအားကစားမှာလည်း ခါးပတ်နက်ရရှိထားသူတဦး ဖြစ်ပါတယ်။
Ref. www.rd.com