ကြောင်တွေဟာ အိမ်မွေးတိရစ္ဆာန်တွေထဲမှာ အကျန်းမာဆုံး သတ္တဝါတမျိုးလို့တောင် ပြောလို့ ရပါတယ်။ နာမကျန်းဖြစ်ခဲပေမယ့် သူတို့နေမကောင်းဖြစ်နေပြီ ဆိုတာကို အခုဖော်ပြပေးမယ့် အချက်တွေကနေ သိရှိနိုင်တာကြောင့် ကြောင်ချစ်သူတွေအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။
(၁) ရေတွေ မကြာခဏ သောက်နေမယ်
ကြောင်လေးတွေဟာ ပုံမှန်အားဖြင့် ရေကို မကြာခဏဆိုသလို သောက်သုံးလေ့ မရှိကြပါဘူး။ ရေကို ပုံမှန်ထက် မကြာခဏ သောက်သုံးနေပြီဆိုရင်တော့ သူတို့မှာ ရောဂါတခုခု ဖြစ်နေကြောင်းကို သိနိုင်ပါတယ်။
(၂) သာမန်ထက် အသံကျယ်လောင်စွ အော်နေမယ်
သာမန်ထက် အသံကျယ်လောင်စွာ အော်နေမယ်ဆိုရင်တော့ ကြောင်လေးတွေရဲ့ ခန္ဓာကိုယ်မှာ နာကျင်မှုကို ခံစားရတာမျိုးနဲ့ နေမကောင်းဖြစ်နေတဲ့ အခါမျိုးတွေမှာ အသံပြုတတ်ကြပါတယ်။
(၃) အကြိုက်ဆုံး အစားအစာတွေကိုတောင် မစားဘဲနေမယ်
တကယ်လို့ သင့်အချစ်တော်ကြောင်လေးဟာ သူ့အကြိုက်ဆုံး အစားအစာတွေကိုတော့ တို့ထိ မကြည့်ဘူးဆိုရင်တော့ ဒါဟာ နေမကောင်းဖြစ်နေပြီ ဆိုတာကို အသေအချာ သိနိုင်ပါတယ်။
(၄) ကြောင်မွေးတွေ အများကြီး ကျွတ်နေမယ်
ဒီတချက်ကတော့ အန္တရာယ်လည်းရှိသလို အရေးလည်း ကြီးပါတယ်။ ကြောင်လေးတွေဟာ သူတို့ ခန္ဓာကိုယ်ကို မပွတ်သပ်ဘဲ ကြောင်မွေးတွေ အများကြီး ကျွတ်နေပြီဆိုရင်တော့ သူတို့အချင်းချင်း ရောဂါ မကူးစက်စေဖို့နဲ့ လူကို မကူးစက်စေဖို့ တိရစ္ဆာန်ကု ဆေးခန်းဆီ အမြန်ဆုံး သွားရောက်သင့်နေပြီပဲ ဖြစ်ပါတယ်။
(၅) အသက်ရှုသံက ထူးဆန်းနေမယ်
သင့်အချစ်တော်ကြောင်လေးတွေ နေမကောင်းဖြစ်နေပြီဆိုတာကို ထင်ထင်ရှားရှား သိနိုင်တဲ့ အချက်တခုကတော့ သူတို့ရဲ့အသက်ရှုသံဟာ သာမန်ထက် ကျယ်လောင်နေတာမျိုးနဲ့ ပုံမှန်မဟုတ်တော့တာမျိုးဖြစ်တဲ့အခါ ဆေးခန်းဆီ သွားရောက် ပြသသင့်နေပါပြီ။
Ref : www.rd.com