တရုတ်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အနေနဲ့ တရုတ်နိုင်ငံ ၊ Zhejiang ပြည်နယ် ၊ Hangzhou ဟိုတယ်က နှစ်သစ်ကူးပွဲတော်အတွက် ထိတ်လန့်စရာ ဒါမှမဟုတ်လည်း ပျော်စရာဖြစ်နိုင်မယ့် အစီအစဉ်တခုကို စတင်လိုက်ပါပြီ။
အဲဒါကတော့ အသီး အနှံတွေဖြည့်ပေးထားတဲ့ ကြီးမားတဲ့ ရေကန်တကန်ထဲမှာ လူတွေကို စိမ်ခိုင်းလိုက်တာပါပဲ။ ဖေဖော်ဝါရီ ပထမပတ်ထဲမှာ ရောက်လာတော့မယ့် တရုတ်နှစ်သစ်ကူးပွဲ အတွက် ဒီရေကန်ဒီဇိုင်းကို တီထွင်ခဲ့တာဖြစ်ပြီး ကျန်းမာတဲ့ လူမှုဘဝပုံစံကို မြင့်တင်နိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။
အဲဒီရေကန်ကိုတော့ အကန့်ကလေးတွေ ခွဲခြားထားပြီး သံပုရာသီး ၊ ငရုတ်သီး ၊ ဆလတ်ရွက် ၊ ပန်းသီးနဲ့ ငှက်ပျောသီးတွေကို စိမ်ပေးထားပါတယ်။ အဲဒီကန်ထဲမှာ ရွှဲရွှဲစိုအောင်ဝင်စိမ်ပြီး ညစာစားဖို့အစီအစဉ်ကိုလည်း ပြုလုပ်ထားပေးပါသေးတယ်။ အဲဒီပွဲတော်မှာဆိုရင် တံစို့ထိုးထားတဲ့အသားကင်တွေနဲ့အတူ လတ်ဆတ်တဲ့ အသီးအနှံတွေကို စားသောက်ခွင့်ရမှာကလည်း အမှန်ပါပဲ။
ဟန်ကျိုး မြို့ဟာ တရုတ်နိုင်ငံအရှေ့ ပိုင်းမှာရှိပြီး ခရီးသွားမြို့တော်လည်း ဖြစ်ပါသေးတယ်။ ဒီရေကန်ကိုတော့ ခရီးသွား ဧည့်သည်တွေကိုဆွဲဆောင်နိုင်ဖို့ ရေပူစမ်းအသွင် ဒီဇိုင်း ရေးဆွဲခဲ့ပါတယ်။
Ref : cnntravel