• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

မီးခိုးငွေ့ ပြဿနာကြောင့် ဘန်ကောက်မြို့ပေါ်က ကျောင်းတွေကို ယာယီပိတ်ထား

by Aurora
30 January 2019
in Trend
A A
ဘန်ကောက်မှာ လတ်တလော မဖြစ်မနေ အပြင်ထွက်ရတဲ့ ပြည်သူတွေကို နှာခေါင်းစည်း Mask တပ်ကြဖို့ တိုက်တွန်းထားပါတယ်

ဘန်ကောက်မှာ လတ်တလော မဖြစ်မနေ အပြင်ထွက်ရတဲ့ ပြည်သူတွေကို နှာခေါင်းစည်း Mask တပ်ကြဖို့ တိုက်တွန်းထားပါတယ်

9.6k
VIEWS
Share on FacebookShare on Twitter

ဘန်ကောက်မြို့တဝိုက် ဖြစ်ပေါ်နေတဲ့ လေထုညစ်ညမ်းမှု အခြေအနေကြောင့် တာဝန်ရှိသူတွေဟာ ကျောင်းပေါင်း ၄၅၀ လောက်ကို ခေတ္တပိတ်ထားဖို့ ယနေ့၊ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ မီးခိုးငွေ့ ပြဿနာကို အမြန်ဆုံးဖြေရှင်းနိုင်ဖို့ တာဝန်ရှိသူတွေဘက်က ကြိုးစားနေသော်လည်း ကျောင်းသားတွေအတွက် အန္တရာယ်ရှိတာမို့ အခုလို ယာယီ ပိတ်လိုက်ရတာပါ။

ဘန်ကောက်မြို့တော်မှာ မီးခိုးငွေတွေနဲ့ မည်းမှောင်နေတာကြောင့် မဖြစ်မနေ အပြင်ထွက်ရတဲ့ ပြည်သူတွေကို နှာခေါင်းစည်း Mask တပ်ကြဖို့ တိုက်တွန်းထားပြီးသားပါ။ ဒီလို မီးခိုးမှုန် သိပ်သည်းမှုဖြစ်လာရတဲ့ အကြောင်းရင်းကလည်း ရှိနေပါတယ်။ မော်တော်ကားတွေက ထွက်တဲ့ ကာဗွန်ငွေ့၊ ဆောက်လုပ်ရေးလုပ်ငန်း၊ တောင်ယာ မီးရှို့တာနဲ့ စက်ရုံအလုပ်ရုံတွေ ကထွက်လာတဲ့ မီးခိုးငွေ့တွေများလာတာကြောင့် သိပ်သည်းပြီး အခုလို လေထုညစ်ညမ်းမှုကို ခံစားနေရတာလို့ ဆိုပါတယ်။

RelatedPosts

မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
283
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
723
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
423

တာဝန်ရှိသူတွေက လေထုညစ်ညမ်းမှုကို အမြန်ဆုံးပြေလည်အောင် မိုးအတု ရွာချတာမျိုး၊ ရေဖြန်းတာမျိုး လုပ်ပေးနေပါတယ်။ နောက်လဆန်းပိုင်းမှာ ကျရောက်မယ့် တရုတ်နှစ်သစ်ကူးပွဲတော်မှာ ပြည်သူတွေအနေနဲ့ စက္ကူနဲ့ အမွှေးတိုင်တွေ မီးမရှို့ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

ဘန်ကောက်မြို့တော်ဟာ လူဦးရေသိပ်သည်းတဲ့ မြို့ဖြစ်လို့ မီးခိုးမှုန် အန္တရာယ်ကနေ ကာကွယ်အောင် နှာခေါင်းစည်း Mask တွေ ဝယ်တပ်ကြလို့ ဆေးဆိုင်တွေနဲ့ စတိုးဆိုင်တွေမှာ ပစ္စည်းပြတ်လပ်သွားတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

နောက်ထပ် မီးခိုးမှုန်ကြောင့် ဖြစ်လာမယ့်ကျန်းမာရေးပြဿနာတွေကို ကာကွယ်တဲ့အနေနဲ့ အစိုးရတာဝန်ရှိသူတွေက မြို့တော်ကို ၁,၅၀၀ စတုရန်းကီလိုမီတာ ထိန်းချုပ်ဧရိယာအဖြစ် သတ်မှတ်ပြီး ဒီအတွင်း ကျရောက်နေတဲ့ အစိုးရကျောင်းတွေကို ခေတ္တပိတ်ထားဖို့ ကြေညာလိုက်ပါတယ်။

ဘန်ကောက်မြို့တော်ဝန်က “ဒီအခြေအနေဆိုးကြီးက ဖေဖော်ဝါရီ ၂ ရက်၊ ၃ ရက်ထိ တာရှည်ဦးမယ်လို့ ခန့် မှန်းထားပါတယ်။ ဒါကြောင့် ကျောင်းတွေကို ခဏပိတ်ဖို့ ဆုံးဖြတ်လိုက်တယ်” လို့ ဆိုပါတယ်။ ဒါကလည်း ကျောင်းဖွင့်၊ ကျောင်းလွှတ်ချိန်တွေမှာ လမ်းပေါ်မှာ ကားတွေများတာကြောင့် လျော့ချတဲ့အနေနဲ့လည်း လုပ် ဆောင်လိုက်တာပါ။

ယခုလို လေထုညစ်ညမ်းမှုတွေဆိုးရွားနေတာကြောင့် မနက်ပိုင်း ပန်းခြံတွေထဲမှာ လေ့ကျင့်ခန်းလုပ်လေ့ရှိသူတွေကိုပါ မလုပ်ကြဖို့ မကြာခင်ထုတ်ပြန်သွားဖို့ ရှိနေပါတယ်။ လေထုအရည်အသွေးတိုင်းတာတဲ့ အဖွဲ့အစည်း Air Visual ရဲ့ ဘန်ကောက်မြို့တွင်း လေထုအရည်အသွေးကို တိုင်းတာကြည့်တဲ့အခါ ဆိုးရွားအဆင့် ၁၇၁ အထိ ပိုများနေတာကို တွေ့ရပါတယ်။

ဒီအဆင့်ဟာ တရုတ်ပြည်က အချို့မြို့တွေထက် ပိုမြင့်ပေမယ့် အိန္ဒိယမြို့တော် နယူးဒေလီထက်တော့ လျော့နည်းနေသေးတယ်လို့ သိရပါတယ်။ အစိုးရတာဝန်ရှိသူတွေကတော့ ယခုလို လေထုညစ်ညမ်းမှုအန္တရာယ်ဟာ တနှစ်မှာ တကြိမ်လောက်တော့ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။

Ref: CNA

Your Thoughts …
Tags: ဘန်ကောက်မြို့မီးခိုးငွေ့ ပြဿနာ
Aurora

Aurora

Contributor

Similar Picks:

နာမည်ကြီး Damnoen Saduak ရေပေါ်ဈေး

ဘန်ကောက်မြို့မှာ ထင်ရှားတဲ့ ရေပေါ်ဈေးများ

by ညီညီသူ
8 December 2019
8.1k

ကုန်ပစ္စည်းတွေကို ဈေးနှုန်း ချိုချိုသာသာနဲ့ ရရှိနိုင်တဲ့ Taling Chan ရေပေါ်ဈေးကလည်း ဘန်ကောက်မြို့ အနီးမှာရှိတဲ့အတွက် နိုင်ငံတကာ ခရီးသွားတွေကြားမှာ ရေပန်းစားတဲ့ ရေပေါ်ဈေး တဈေးပါ။

ဘန်ကောက်မြို့မှာ ရှိတဲ့ Pak Klong Talad ပန်းဈေး

ဘန်ကောက်မြို့က အကြီးဆုံး ပန်းဈေးတန်း Pak Klong Talad ပန်းဈေး

by ညီညီသူ
11 March 2019
12.4k

ဒီဈေးကို ၂၄ နာရီပတ်လုံး ဖွင့်လှစ်ထားပြီး သန်းခေါင်ကျော်လာတာနဲ့ ပိုပြီး စည်ကားလာတတ်ပါတယ်။ အသက်ဝင်ဆုံးအချိန်ကတော့ အရုဏ်တက်လာချိန်ဖြစ်တဲ့ မနက် ၃ နာရီနဲ့ ၄ နာရီကြားပဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့

ကမ္ဘာ့ခရီးသွားများ လည်ပတ်ရာ ဒုတိယ အများဆုံးမြို့ ဖြစ်လာတဲ့ ဘန်ကောက်မြို့

by ညီညီသူ
25 March 2019
7.9k

ဒီကုမ္ပဏီဟာ နိုင်ငံပေါင်း ၁၀၀ ကို သုတေသန ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာတော့ ၂၀၁၈ ခုနှစ်ရဲ့ ခရီးသွားတွေ လာရောက် လည်ပတ်မှု ဒုတိယ အများဆုံးမြို့အဖြစ် ဘန်ကောက်မြို့ကို သတ်မှတ်ပေးခဲ့တာပါ။

ကမ္ဘာလှည့် ခရီးသွားအများဆုံး လည်ပတ်ရာနေရာအဖြစ် ရပ်တည်နေတဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့

ကမ္ဘာလှည့်ခရီးသွား အများဆုံး လည်ပတ်ရာနေရာအဖြစ် ဘန်ကောက်မြို့ ထိပ်ဆုံးမှာ ရပ်တည်

by Aurora
27 September 2018
15.8k

ဒီဝင်ငွေပမာဏအတိုင်းဆို ၂၀၁၈ ခုနှစ်မှာ ခရီးသွားအရေအတွက် ၁၃ ဒဿမ ၈ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ ခန့်မှန်းထားပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့

ခရီးသွား အများဆုံး လည်ပတ်တဲ့ စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ ဘန်ကောက်မြို့

by ညီညီသူ
9 September 2019
11k

ထိုင်းနိုင်ငံဟာ ခရီးသွားလုပ်ငန်းကို အဓိကထား ဆောင်ရွက်နေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပြီး ခရီးသွားလုပ်ငန်းကနေ ရတဲ့ ဝင်ငွေက တိုင်းပြည် GDP (စုစုပေါင်း အမျိုးသားထုတ်လုပ်မှု) ရဲ့ ပဉ္စမနေရာမှာ ရှိနေပါတယ်။

ဘန်ကောက်မြို့က အကြီးဆုံး မိုးလုံလေလုံ ကစားကွင်း

ဘန်ကောက်မြို့ရဲ့ အကြီးဆုံး မိုးလုံလေလုံ ကစားကွင်း

by ညီညီသူ
5 April 2019
27.3k

အဲဒီ ကစားကွင်းမှာဆိုရင် အမြင့်ခုန် ကစားနိုင်အောင် စပရိန်နဲ့ ပြုလုပ်ထားတဲ့ ကစားစရာတွေ ပါဝင်သလို ကလေးငယ်တွေ ပျော်ရွှင်စွာ ကားမောင်းကစားနိုင်ဖို့ နေရာတွေလည်း ပါဝင်ပါတယ်။

Next Post
အရပ်ပုသူတွေဟာ စိတ်တို စိတ်ဆတ်လွယ်ကြတယ်လို့ လေ့လာချက်တွေက တွေ့ရှိထားပါတယ်

အရပ်ပုတဲ့သူတွေက ပိုမိုစိတ်တိုတတ်ကြကြောင်း ဆေးပညာရှင်တွေ အတည်ပြု

ကင်ဆာရောဂါရဲ့ရှေ့ပြေးလက္ခဏာတွေကို အမျိူးသမီးတွေ အနေနဲ့ မပေါ့ဆသင့်ပါဘူး

အမျိုးသမီးတိုင်း လျစ်လျှူရှုမထားသင့်တဲ့ ကင်ဆာရောဂါ ရှေ့ပြေးလက္ခဏာများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.3k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate